Latest Breaking News & Headlines

ရှိသမျှ မိန်းကလေး အားလုံး ဆံပင် အရှည်ထားပြီး မြန်မာ့ ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ရွာ…

227

ခေတ်ကာလ တိုးတက်လာတာနဲ့ အမျှ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်း ဆိုင်ရာတွေပါ ပြောင်းလဲကုန်ကြပါတယ်….

မိတ်ကပ်ကြောင့် မိန်းကလေးတွေ ကလည်း ပိုပိုလှလာသလို..တဖက်မှာလည်း သနပ်ခါးဆိုတာပျောက်ကွယ်ကုန်ပါတယ်တချို့မိန်းကလေးတွေက ဆံပင်တွေဆေးဆိုး အတိုညှပ်ပြီး ကိုရီးယားမလေးတွေလို ဖြစ်ကုန်ကြပါတယ်…

ဒါပေမဲ့ ခုပြောပြမယ့် ရွာက မိန်းကလေး တွေက တစ်ရွာလုံးနီးပါး မြန်မာဆန်ဆန် ဆံပင်ရှည်လေးတွေနဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းထားကြတာပါ….

မန္တလေးတိုင်း ရမည်းသင်းမြို့နယ် ပျားစည်ရွာက မြန်မာ မိန်းကလေးတွေဟာ တစ်ရွာလုံးနီးပါး ဆံပင်အရှည်ကြီးတွေ ထားကြတာပါ….

မြန်မာ ဆန်ဆန်လေးနဲ့ တကယ့်ကို ကျက်သရေ ရှိလှပနေကြပါတယ်…ဆံပင်အတိုလေးတွေ အဝတ်အစားအတိုအပြတ်တွေနဲ့ ခေတ်ဆန်နေကြတဲ့ ဒီဘက်ခေတ်မှာ ခုလို မြန်မာ့ရိုးရာကို ထိန်းသိမ်းတာဟာ ဂုဏ်ယူလေးစားဖွယ်ဖြစ်ရပ်လေးပါပဲ…

ဒါကြောင့် ပရိသတ်ကြီး တို့လည်း မိမိတို့မြန်မာ့ ယဉ်ကျေးမှုကို ထိန်းသိမ်းထားတဲ့ အဆိုပါရွာလေးကို ဂုဏ်ပြုစကားလေးတွေပြောကြားရင်း ဂုဏ်ယူနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!