Latest Breaking News & Headlines

စက်တင်ဘာလ အတွင်း အခြေခံပညာအလယ်တန်း စတင် ဖွင့်လှစ်မည်…

134

တစ်နိုင်ငံလုံးမှာ အလယ်တန်းကျောင်းသား ၃ သန်းနီးပါးရှိပါတယ်။ စက်တင်ဘာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အခြေခံပညာ အလယ်တန်းအဆင့်တွေ စတင်ဖွင့်လှစ်တော့မယ် လို့ အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။ လက်ရှိမှာ အလယ်တန်းတွေ ကို ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်တွေနဲ့ အညီ ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေပြီး တစ်နိုင်ငံလုံးက အလယ်တန်းတွေကို တစ်ပြေးညီ ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်မယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်…

“ အလယ်တန်းကျောင်းတွေက အခုဆို ကိုဗစ်စည်းကမ်း နဲ့အညီ ပြင်ဆင်နေကြတာ တွေ့ရတယ်။ ပြင်ဆင်ဖို့ လိုအပ်တဲ့ဘက်ဂျက်ကိုလည်း ခွဲဝေပေးပြီးပါပြီ။ အစောဆုံးကတော့ နောက်တစ်လ (စက်တင်ဘာ) ထဲမှာ ဖွင့်နိုင်မှာပါ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်ပြေးညီ ဖွင့်နိုင်အောင်လုပ်မယ်။ အထက်တန်းတွေ ဖွင့်တုန်းကလို ဆန်းစစ်ချက် မပြည့်တဲ့ကျောင်း ဆို မဖွင့်နိုင်တာမျိုးမဖြစ်အောင်ပေါ့” လို့ ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်…

Parents wait as students wearing masks and face shields leave after attending classes during the first day of reopening of public high schools following closure due to the COVID-19 coronavirus in Yangon on July 21, 2020. (Photo by Sai Aung Main / AFP)

အလယ်တန်းတွေကိုလည်း အထက်တန်းကျောင်းတွေကို စစ်ဆေး သလို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆန်းစစ်ချက်ပြည့်မီမှု အချက်ပေါင်း (၈၀) နဲ့ညီမညီ စစ်ဆေးပြီး ဖွင့်လှစ်သွားမှာဖြစ်ကာ အလယ်တန်းအဆင့်ဖွင့်ပြီးလို့ နှစ်ပတ်ဆက်လက်စောင့်ကြည့်ပြီးရင် မူလတန်းတွေ ဆက်လက်ဖွင့်လှစ်သွားမယ်လို့လည်းသိရပါတယ်…

တစ်နိုင်ငံလုံးမှာ အလယ်တန်းကျောင်းသား ၃ သန်းနီးပါးရှိနေပြီး အလယ်တန်း ကျောင်းပေါင်း ၁ သောင်းခွဲနီးပါးရှိတယ်လို့လည်း အခြေခံပညာဦးစီးဌာနက အချက်အလက်တွေအရ သိရပါတယ်။ အခြေခံပညာ အထက်တန်းကျောင်းပေါင်း (၇၁၇၃) ကျောင်းရှိတဲ့အနက် လက်ရှိမှာ (၄၁၅၆) ကျောင်းဖွင့်လှစ်ထားပြီး ကျန်ရှိတဲ့ ကျောင်းပေါင်း ၃၀၀၀ ကျော်ကို ယခုလအတွင်း အပြီးသတ်ဖွင့်လှစ်သွားမယ်လို့လည်း အခြေခံပညာဦးစီးဌာန ဒုညွန်ချုပ် ဒေါက်တာတင်မောင်ဝင်းက ဆိုပါတယ်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!