Latest Breaking News & Headlines

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၀) ပြုလုပ်…

79

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၀)ကို ဩဂုတ်လ ၁၃ ရက်နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်ပြီး အဆိုပါ မြေစီမံခန့်ခွဲမှုဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် ကျင်းပပြီးစီးခဲ့သည့် အစည်းအဝေးများ၏မှတ်တမ်းများကို အတည်ပြုပြီး ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူကဖတ်ကြားကာ နည်းဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ထားရှိသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစာတွဲများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့အစည်းဝင်များ၊ မန္တလေးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိ သူများက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ဥပဒေ ၊ နည်းဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ရန် လွှဲပြောင်းပေး ပို့ထားသည့် လုပ်ငန်းစာတွဲများအပေါ် မြို့နယ်/ခရိုင် / တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနများမှ နည်းဥပဒေအရစိစစ်၍ ပေးပို့လာသည့် လုပ်ငန်းစာတွဲများနှင့် ပတ်သက်၍ လည်းကောင်း၊ အဆိုပါမြေများတွင် စိုက်ပျိုးလုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားမှုများအပေါ် ကန့်ကွက်မှုရှိသည့် လုပ်ငန်းစာတွဲများအား တိုင်းဒေသကြီးသီးခြားလုပ်ငန်းအဖွဲ့မှ စစ်ဆေးဆောင်ရွက်ပြီး ပြန်လည်တင်ပြလာသည့် ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးကြပြီး မန္တလေး တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးချက်များအပေါ် ပြန်လည်ပေါင်းစပ်ညှိနှိုင်း ခဲ့သည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!