ကမ္ဘာ့အထီးကျန်ဆုံးဆင်လို့အမည်ပေးခံထားရတဲ့ ပါကစ္စတန်နိုင်ငံ ကဆင်လေး ကာဗန်က ၃၅နှစ်ကြာချုပ်နှောင်ခံရမှုကနေ လွတ်မြောက်ခွင့်ရသွားခဲ့ပြီဖြစ်ကာ သူရဲ့သဘာဝနေအိမ်ဆီကို ပျော်ပျော်ရွှင်ရွှင်ပြန်ခွင့်ရသွားခဲ့ပါပြီ။အစ္စလာမာဘတ်မြို့က မာရာဂါဇာတိရစ္ဆာန်ဥယျာဉ်မှာပဲ သူရဲ့ဘဝနေဝင်ချိန်ထိ တစ်ကိုယ်တည်းအထီးကျန်စွာနဲ့ နေထိုင်ကုန်ဆုံးရမယ့် ကံကြမ္မာဆိုးကြီး ကနေ လွတ်မြောက်ခွင့်ရသွားခဲ့ပြီဖြစ်တာကြောင့် ဆင်လေး ကာဗန်ကို ချစ်ခင်ကြသူတွေက ဝမ်းသာပျော်ရွှင်နေကြပါတယ်။အရင်က ဆာဟီလီလို့အမည်ရတဲ့ အပေါင်းအဖော်ဆင်တစ်ကောင်ရှိခဲ့ပေမယ့် ဆာဟီလီက ၂၀၁၂ခုနှစ်မှာ သေဆုံးသွားခဲ့ပြီးတဲ့နောက် ကာဗန်တစ်ကောင်တည်းကျန်နေခဲ့ပြီး ကမ္ဘာ့အထီး ကျန်ဆုံးဆင်အဖြစ် အမည်ရလာခဲ့တာဖြစ်ပါတယ်…


ကာဗန်က စိတ်ပိုင်းဆိုင်ရာထိခိုက်တဲ့လက္ခဏာတွေလည်းပြလာခဲ့ပြီး ပိုပြီးရန်လိုလာခဲ့တယ်လို့လည်း တောရိုင်းတိရစ္ဆာန်ပညာရှင်တွေက သုံးသပ်ခဲ့ကြပါတယ်။ ၁၉၈၅ခုနှစ်မှာ သီရိလင်္ကာအစိုးရကနေ ဆင်ပေါက်လေးကာဗန်ကို ပါကစ္စတန်နိုင်ငံဆီ ပေးပို့ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကာဗန်က အသက် ၃၅နှစ်ရှိပြီဖြစ်ပါတယ်…


ကာဗန်ကိုချစ်ခင်စာနာသူတွေက သူ့ကိုလွှတ်ပေးဖို့တောင်းဆိုတဲ့လှုပ်ရှားမှုတွေလုပ်လာခဲ့ကြတာ ငါးနှစ်လောက်ကြာမြင့်လာချိန်မှာတော့ ကမ္ဘာ့အထီးကျန်ဆုံးဆင် အဖြစ် ကာဗန်အကြောင်းကို ပိုပြီးလူသိများလာခဲ့တာဖြစ်ပါတယ်။ကာဗန်ကိုပြန်လွှတ်ပေးဖို့လက်မှတ်ထိုးတောင်းဆိုလာသူ ၄၀၀၀၀၀ကျော်ရှိလာခဲ့ပြီးတဲ့နောက် ပါကစ္စတန် တရားရုံးက ကာဗန်ကို ပြန်လွှတ်ပေးဖို့ခွင့်ပြုကြောင်း ဆုံးဖြတ်ပေးလိုက်တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ ပါကစ္စတန်နိုင်ငံကနေ ကမ္ဘောဒီယားနိုင်ငံဆီက ဘေးမဲ့တောကို ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီဖြစ်ကာ ဒီဘေးမဲ့တောမှာ အပေါင်းအဖော်သစ်တွေနဲ့ လွတ်လပ်ပျော်ရွှင်တဲ့ ဘဝသစ်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ကာဗန်ကို ဆုတောင်းပေးနေကြပါတယ်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….