Latest Breaking News & Headlines

ယောက်ျားလေး ဆို (၃) မိနစ် အချိန်ပေး ဖတ်ပြီး၊ မိန်းကလေး ဆို ချစ်သူ ယောက်ျား မြင်အောင် ရှယ်လိုက်ပါ…

196

ယောက်ျားလေး ဆို (၃) မိနစ် အချိန်ပေး ဖတ်ပြီး၊ မိန်းကလေး ဆို ချစ်သူ ယောက်ျား မြင်အောင် ရှယ်လိုက်ပါ

၁။ သင့်ဇနီး သည်ဟာ ပြည့်စုံ သူ မဟုတ် လို့ သူ့ ကို ခွင့်လွှတ်ပါ။

၂။ သင့်ဇနီးဟာ သင့် အရိုးထဲက အရိုးဖြစ်လို့ သူ့ကို မရိုက်ချိုးပါနဲ့။

၃။ သင့်ဇနီး ဟာ လက်ဆောင်ဖြစ်တယ်၊ တန်ဖိုးထားပါ။

၄။ သင့်ဇနီးဟာ ရှားပါးတဲ့ ကျောက်မျက် အရိုင်းလေး ဖြစ်တယ်၊ သူ့ရဲ့ မနာလို စိတ်လေးတွေ ကို လမ်းမှန် တည့်ပေးပါ။

၅။ သင့်ဇနီးဟာ သင့်ရဲ့အကောင်းဆုံး မိတ်ဆွေ ပါ၊ သူ့ကို ရင်းနှီးစွာ ဆက်ဆံပါ။

၆။ သင့်ဇနီးဟာ သင့်ရဲ့ ဝမ်းမြောက် စရာပါ၊ သူ့ကိုပြည့်ဝ အားအင်ရှိစေပါ။

၇။ သင့်ဇနီးဟာ ယုယမှု ခံထိုက်သူပါ၊ သူ့အတွက် ကျေနပ်ဝမ်းသာပါ။

၈။ သင့်ဇနီးဟာ သင့်ရဲ့ အဟာရပါ၊ သူ့ ကို ယုယပါ။

၉။ သင့်ဇနီးဟာ နတ်ဆိုးတစ်ကောင် မဟုတ်ပါ၊ စွန့်ပစ် မထားပါနဲ့။

၁၀။ သင့်ဇနီးဟာ သင့်လိင်မှု ကိစ္စအတွက်လောက်သာ မဟုတ် ဘဲ၊ ကိစ္စတိုင်း အတွက် သူ့ကိုခေါ် သွားပါ။

၁၁။ သင့်ဇနီးဟာ သင့်ရန်သူ မဟုတ်ပါ၊ ခွန်အားပေးပါ။

၁၂။ သင့်ဇနီးဟာ မိသားစု ရဲ့အသုံး အဆောင်ပစ္စည်း မဟုတ်ပါ၊ သင့် မိသားစုဝင်တွေ အသုံးပြုဖို့ သူတို့လက်ထဲ မအပ်ပါနဲ့။

၁၃။ သင့်ဇနီးဟာ သင့်ပြိုင်ဖက် မဟုတ်ပါ၊ သူနဲ့ မယှဉ်ပါနဲ့။

၁၄။ သင့်ဇနီးဟာ အမျိုးသမီးဖြစ်လို့ သူ့ကိုလေးစားပါ။

၁၅။ သင့်ဇနီးဟာ အများဆိုင်မဟုတ်ပါ၊ အခြားသူနဲ့ မနှိုင်းယှဉ် ပါနဲ့။

၁၆။ သင့်ဇနီးဟာ သင့်လက်ဆေးခုံ မဟုတ်ပါ၊ သူ့ကို နှိပ်စက် နေတာတွေ ရပ်ပါ။

၁၇။ သင့်ဇနီးဟာ ထိရှလွယ်ပါတယ်၊ ဂရုစိုက် ကိုင် တွယ်ပါ။

၁၈။ သင့်ဇနီးဟာ လှပတဲ့မိဖုရားပါ၊ ခမ်းနားစွာ ပွဲခံပါ။

၁၉။ သင့်ဇနီးဟာ တိုက်ခိုက်ရေးသမားမဟုတ်ပါ၊ သူ့ကို မတိုက်ခိုက်ပါနဲ့။

၂၀။ သင့်ဇနီးဟာ လေ့ကျင့်ရေးသဲအိတ်မဟုတ်ပါ၊ သူ့ကို မထိုးကြိတ် ပါနဲ့။

၂၁။ သင့်ဇနီးဟာ ကစားစရာမဟုတ်ပါ၊ သူ့ ကို မကစားပါနဲ့။

၂၂။ သင့်ဇနီးကို အရင်နူးနပ်ပါ၊ အတင်း အဓမ္မ မလုပ်ပါနဲ့။

၂၃။ သင့်ဇနီးဟာ ချိတ်တစ်ခုပါ၊ သူနဲ့ချိတ်ဆက်ပါ။

၂၄။ သင့်ဇနီးဟာ သင့်အချစ် အားလုံး စုရာပါ၊ သူ့ကိုချီးမွမ်းပါ။

၂၅။ သင့်ဇနီးဟာ အရေးကြီး သူပါ၊ တန်ဖိုးထားရိုသေပါ။

၂၆။ သင့်ဇနီးဟာ သင်ပုံသွင်းတဲ့ ဖြစ်မယ့် သူပါ၊ လက်ခံပါ။

၂၇။ သင့်ဇနီးဟာ သင့်ဝမ်းမြောက် စရာပါ၊ သူ့ကို အလိုလိုက်ပါ။

၂၈။ သင့်ဇနီးဟာ သင့်ရဲ့အလေးပေးမှု လိုပါတယ်၊ လူကြားထဲမှာ အရှက်မ (ခွဲ) ရပါစေနဲ့။

၂၉။ သင့်ဇနီးဟာ ဓားတစ်ချောင်း မဟုတ် ပါ၊ ကောင်းမွန်စွာဆက်ဆံပါ။

၃၀။ သင့်ဇနီးဟာ ထူးခြားတဲ့ ကိုယ် ရည်သွေး ရှိ သူဖြစ်တယ်၊ အခြားအလုပ်တွေနဲ့ ခိုင်းနှိုင်းခြင်း မလုပ်ပါနဲ့။

၃၁။ သင့်ဇနီးဟာ သစ္စာရှိသူပါ။ သူ့ကို မယုံသင်္ကာမရှိပါနဲ့။

၃၂။ သင့်ဇနီးဟာ ကျပ်မပြည့်သူ မဟုတ်ပါ၊ သူ့အကြံပေးချက်တွေ နားထောင်ပေးပါ။

၃၃။ သင့်ဇနီးဟာ အဖျက်သမား မဟုတ်ပါ၊ သူ့ကို ထိခိုက်စေလိုတဲ့ စိတ်ထားလေးတွေ သိမ်းမထားပါနဲ့။

၃၄။ သင့်ဇနီးဟာ သင်ရနိုင်တဲ့အ ကောင်းဆုံးမိတ်ဆွေပါ၊ သူနဲ့ရင်းနှီးပွင့်လင်းပါ။

၃၅။ သင့်ဇနီးဟာ လက်သုပ်ပုဝါ မဟုတ်ပါ၊ အသုံးပြုပုံ မမှားပါစေနဲ့။

၃၆။ သင့်ဇနီးဟာ သင့်အိမ်စေ မဟုတ်ပါ၊ မီးဖိုချောင်ထဲမှာ သူ့ကိုကူညီပါ။

၃၇။ သင့်ဇနီးဟာ အချစ်ကြီးသူဖြစ်တယ်၊ ပြီးစလွယ် မဆက်ဆံပါနဲ့။

၃၈။ သင့်ဇနီးဟာ အရမ်းအရေးပါသူပါ၊ သူ့ မွေးနေ့ကို ဘယ်တော့မှ မမေ့ပါနဲ့။

၃၉။ သင့်ဇနီးဟာ မိဖုရားတစ်ပါးပါ၊ သူနဲ့စကားအငြင်းအခုန် မလုပ်ပါနဲ့။

၄၀။ သင့်ဇနီးဟာ တစ်ဦးတည်းသော ကလေး ထိန်း မဟုတ်ပါ၊ သူ့ကို ကလေးထိန်းကူပါ။

၄၁။ သင့်ဇနီးဟာ တန်ဖိုးရှိသူပါ၊ သူ့ကို မနှိမ် ပါနဲ့။

၄၂။ သင့်ဇနီးဟာ သင့်ရဲ့တာဝန်ပါ၊ သူ့ကို ထောက်ပံ့ပါ။

၄၃။ သင့်ဇနီးဟာ သင်ကိုယ်တိုင်ပါပဲ၊ သူ့ကိုအိပ်ယာခွဲ မအိပ်ခိုင်းပါနဲ့။

၄၄။ သင့်ဇနီးဟာ သင့်ဘဝရဲ့နံပတ်တစ်ပါ၊ သူ့နေရာကို သင့်မိခင်နဲ့ ဘယ်တော့မှအစားမထိုးပါနဲ့။

၄၅။ သင့်ဇနီးဟာ သင့်ရဲ့အဖိုးတန်ရတနာပါ၊ မြတ်နိုးစွာထိန်းသိမ်းပါ။

၄၆။ သင့်ဇနီးဟာ သင့်ရဲ့ကူညီမှုလိုအပ်ပါတယ်၊ သူ့ကို ကူညီပါ။

၄၇။ သင့်ဇနီးဟာ သင့်ရဲ့အာရုံစိုက်မှုကို လိုအပ်ပါတယ်၊ တီဗွီကိုပဲ အာရုံစိုက်မနေပါနဲ့။

၄၈။ သင့်ဇနီးဟာ တန်ဖိုးရှိသူပါ၊ သူ့တန်ဖိုး ကို ထပ်ပေါင်း မြှင့်တင်ပေးပါ။

၄၉။ သင့်ဇနီးဟာ သင့်ရဲ့သရဖူပါ၊ စွန့်ပစ် မထားပါနဲ့။

၅၀။ သင့်ဇနီးအတွက် ဘုရားရှေ့မှာ သင့် တာဝန်ရှိပါတယ်၊ ဂရုစိုက် ထိန်းသိမ်း ကိုင်တွယ်ပါ…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!