Latest Breaking News & Headlines

အမေစု ရဲ့ ကူညီမှုကြောင့် သမီးလေး အသက်ကို ကယ်တင်ပေးနိုင် ခဲ့သည့် ကောကရိတ်က ဖအေတစ်ယောက် ရဲ့ ကျေးဇူးတင်လွှာ…

172

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊(၂၄.၂.၂၀၂၀)ရက်နေ့၊ ကော့ကရိတ်မြို့တွင် ကျင်းပခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည် နှင့် ဒေသခံပြည်သူလူထုတွေ့ဆုံပွဲ၌ ကျွန်တော်ဦးမောင်ဝင်းမှ

ကျွန်တော်၏ သမီးလေး မစန္ဒာဝင်း(ဒုနှစ်၊ ဘားအံတက္ကသိုလ်) ခံစားနေရသောနှလုံးရောဂါနှင့် ငွေကြေးမတတ်နိုင်သည့်အပေါ်ကုသရာတွင်ကူညီပေးနိုင်ပါရန် စာရေးသားပေးပို့ တင်ပြခဲ့ပါသည်။

အမေစုမှ စာကို ဖတ်ရှု့ပြီး ကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်အား ကူညီဆောင်ရွက်ပေးရန် တာဝန်လွှဲပေးလိုက်ပါသည်။ ဦးဘိုဘိုဝေမောင် မှလည်း အစမှအဆုံး လိုအပ်သည်များကူညီဆောင်ရွက်ပေးပါသည်။

ယခုလ ၁၃.၈.၂၀၂၀ ရက်နေ့တွင် ကျွန်တော်၏ သမီးအား ရန်ကုန်ဆေးရုံကြီးနှလုံးရောဂါဌာနတွင် အောင်မြင်စွာခွဲစိတ်ကုသခဲ့ပြီးဖြစ်သည်။

ယခုဓါတ်ပုံအရ သမီးလေး အောင်မြင်စွာ ခွဲစိတ်ပြီး ကျန်းကျန်းမာမာလန်းလန်းဆန်းဆန်း ဖြစ်နေသည်ကိုတွေ့ရသည်အတွက်များစွာဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။

သမီး အသက်ကိုကယ်တင်ပေးခဲ့တဲ့ အမေစု၊ငွေကြေးမတတ်နိုင်သည့်အပေါ်လိုလေသေးမရှိအောင် ကူညီပေးခဲ့တဲ့ ကရင်ပြည်နယ် လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင်၊ရန်ကုန်ဆေးရုံကြီးနှလုံးရောဂါဌာနမှ ခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့် ဆရာဝန်များ၊သူနာပြုများအားလုံးကို အစဉ် ကျန်းမာချမ်းသာစေကြောင်းလက်ဆယ်ဖြာထိပ်မှာမိုး၍ သမီး မစန္ဒာဝင်းမှ ရိုကျိုးရှိခိုးကန်တော့ပါတယ်၊အမေစု ကျန်းမာပါစေ၊ အမေစုအောင်မြင်ပါစေ…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!