Latest Breaking News & Headlines

သရဏ ဂုံ သုံးပါး ကို အမြဲ မပျက်ရွတ် ဆိုပွား များသော ပုဂ္ဂိုလ် ရ ရှိနိုင်သော အကျိုး တရားထူးများ…

193

မိမိ၏ အဆွေ ခင်ပွန်း များကို မည်သူကမျှ ပျက်စီးအောင်မပြုလုပ်နိုင်ခြင်းစ သည့် အကျိုးတရားတို့ဖြင့် ပြည့်စုံနိုင်ပါသည် ။ ထို့ကြောင့် … အလွန်အလုပ်များ၍ တရားအားထုတ်ရန်အတွက် အချိန်မရသောသူများသည် သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ် ဆိုပွားများသင့်ပါသည် ။ သရဏဂုံ သုံးပါးကို အမြဲမပျက် ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်သည် အောက်ပါ အကျိုးတရားများကို ရရှိနိုင်ပါသည် ။

၁။ ဒိ သာသု ပူဇိတော ဟောမိ။ သွားလေရာ အရပ်တိုင်း၌လေးစားမြတ်နိုးခြင်းခံရမည် ။

၂ ။ တိက္ခပညော။ ဉာဏ်အလွန်ထက်မြက်မည်။

၃။ သဗ္ဗေ ဒေဝါနုဝတ္တန္တိ။ နတ်တို့၏ စောင့်ရှောက်ခြင်းခံရမည်။

၄။ အမိတဘောဂံ လဘာမဟံ။ စီးပွားရေး အဆင်ပြေမည်။

၅။ သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ။ ဖြစ်လေရာဘဝတိုင်း၌ ရုပ်အဆင်း အလွန်လှပမည်။

၆။ ပဋိကန္တော ဘဝါမဟံ။ ဖြစ်လေရာ ဘဝတိုင်း၌ လူချစ်လူခင် အလွန်ပေါမည်။

၇။ မိတ္တာနံ အစလော ဟောမိ။ ဖြစ်လေရာဘဝတိုင်း၌ မိတ်ကောင်းဆွေကောင်းခိုင်မြဲမည်။

၈။ ယသော အဗ္ဘုဂ္ဂတော မမံ။ ဖြစ်လေရာ ဘဝတိုင်း၌ လူအများ၏ လေးစားခြင်းခံရမည်။ ကောင်းသောစကားများကိုသာ ပြောကြမည်။

ကောင်းသတင်းများသာ ကျောဇောလိမ့်မည်ဟု တိသရဏမထေရ် ရဟန္တာအရှင်မြတ်က ဟောကြားခဲ့သည်။ ဒီဃနိကာယ်(နှာ-၃၃၂) သံယုတ္တနိကာယ်(နှာ-၃၄၁) တို့၌ လာသော သရဏံ၏ အကျိုးတရားများမှာ –

၁။ ယခုပစ္စုပ္ပန် ဘဝ၌ ကျရောက်ဆဲ ကျရောက်လတ္တံ့သော အန္တရာယ်များရှိခြင်း၊ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ အပါယ်လေးပါး သို့ လားရောက်ရခြင်းစသည် တို့ကို တားမြစ်ဖျက်ဆီး ပေးတတ်၏။

၂။နောင်ဘဝ နတ်ပြည်သို့ ရောက် သည့် အခါတွင်လည်း သရဏဂုံ တည်သောနတ် သည် သရဏဂုံ မတည်သော နတ်ထက် အသက်ရှည်ခြင်း၊ ဆင်းလှခြင်း၊ အခြွေအရံပေါများခြင်း၊ အပူဇော်ခံရခြင်း ထက်မြက်သော ဉာဏ်ပညာရှိခြင်း၊ မနှိုင်းယှဉ်နိုင်သော စည်းစိမ်ချမ်းသာကို ရရှိခြင်း၊ ရွှေဆင်းနှင့်တူသော အဆင်းရှိခြင်း၊ ချစ်ခင် နှစ်သက်မှုကို ရရှိခြင်း၊ ကျော်စောထင်ရှားခြင်း၊ အစိုးရခြင်း၊ နတ်တို့၏ အာရုံငါးပါးတွင် သာလွန်ခြင်း၊ မိမိ၏ အလိုကို အခြားသော နတ်များက လိုက်လျောကြရခြင်း၊ မိမိ၏ အဆွေခင်ပွန်းများကို မည်သူကမျှ ပျက်စီးအောင် မပြုလုပ် နိုင်ခြင်း စသည့် အကျိုးတရားတို့ဖြင့် ပြည့်စုံနိုင်ပါသည်။

ထို့ကြောင့် … အလွန်အလုပ်များ၍ တရား အားထုတ်ရန် အတွက် အချိန် မရသော သူများသည် သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ်ဆိုပွားများသင့်ပါသည် ။ ထိုသို့ ရွတ်ဆိုပွားများရခြင်း အကျိုးကြောင့် တစ်နေ့နေ့ တစ်ချိန် ချိန်တွင် နိဗ္ဗာန်ကို မျက်မှောက်ပြု ကြရ ပါမည် ။ သံသရာ၌ ကျင် လည် ရလျှင်လည်း ဖေါ်ပြခဲ့သော အကျိုး တရား များကို ရရှိပါ လိမ့်မည်။

ထို့ကြောင့် သရဏဂုံ သုံးပါးကို သတိရတိုင်း အမှတ်ရတိုင်း စိတ်ထဲမှာ ရွတ်ဆို ပွားမျာ းကြပါဟု တိုက်တွန်း အပ်ပါသည်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!