Latest Breaking News & Headlines

တက္ကသိုလ်ဝင် စာမေးပွဲ ပထမအကြိမ် ကျရှုံး ကျောင်းသားများ ကျောင်းဖြေ အဖြစ် ထပ်ဖြေနိုင်…

141

တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်း တွင်းဖြေ ကျောင်းသား၊ ကျောင်း သူများအနေဖြင့် စာမေးပွဲပထမ အကြိမ်ကျရှုံးပါက ကျောင်းတစ်နှစ် ပြန်လည်တက်ရောက်ကာ ဖြေဆို နိုင်သည်။ ကျောင်းသား၊ ကျောင်းသူ အများစုသည် တက္ကသိုလ်ဝင်စာ မေးပွဲကို ကျောင်းတွင်းဖြေ အဖြစ် ဖြေဆိုပြီး တစ်ကြိမ်ကျရှုံးပါက နောင်နှစ်တွင် အပြင်ဖြေ အဖြစ် ဖြေဆိုလေ့ ရှိသည်…

‘‘ကျသွားတဲ့ ကလေးက နောက်တစ်နှစ် ပြန်ဖြေဖို့ ကိုယ် တိုင်က အားလျော့သွားတာရှိနိုင် တယ်။ နောက်ငွေကြေးအရ မတတ်နိုင်တာမျိုး ကြုံနိုင်တယ်။ ဒါကြောင့် ကျောင်းပြန်တက်ပြီး ဖြေဆိုခွင့်ကို နောက်တစ်ကြိမ် ထပ်ပေးတာပေါ့’’ဟု အခြေခံ ပညာဦးစီးဌာနမှ အဆင့်မြင့်အရာ ရှိတစ်ဦးကပြောသည်။ တက္ကသိုလ်ဝင် စာမေးပွဲကို နဝမတန်းအောင်မြင်ပြီးနောက် ၂ နှစ်ဆက်တိုက် ကျောင်းတက်ကာ ဖြေဆိုခွင့်ရှိပြီး ၂ နှစ်ထက်ကျော် လွန် ဖြေဆိုမှုကို ပြင်ပဖြေအဖြစ် သာ ပညာရေးဝန်ကြီးဌာနကခွင့် ပြုထားသည်…

ကျောင်းတက်၍ ၂ နှစ်ဖြေ ဆိုနိုင် ကြောင်း ကျောင်းသား၊ ကျောင်းသူများနှင့် မိဘ များအား အသိပေးရန် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများမှ တစ်ဆင့် ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်း အုပ်ကြီးများ၊ ဆရာ၊ ဆရာမများ သို့ အဆင့်ဆင့်ညွှန်ကြားထား သည်။ ၂၀၂၀ ပြည့်နှစ် မတ်လက စစ်ဆေးခဲ့သော တက္ကသိုလ် ဝင်စာ မေးပွဲကို ကျောင်းသား၊ ကျောင်း သူကိုး သိန်းကျော် ဝင်ရောက်ဖြေ ဆိုခဲ့ပြီး စာမေးပွဲ အောင်စာရင်းကို သြဂုတ် ၉ရက်တွင် ထုတ်ပြန်ထား သည်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!