Latest Breaking News & Headlines

ရွာငံမြို့နယ်တွင် မွေးရာပါတစ်ကိုယ်လုံး အမွှေးအမျှင်များပါနေသော ကလေးငယ်ကို စိတ်၀င်စားသူများနေဟုဆို…

221

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် ၊ အလယ်ချောင်ကျေးရွာတွင် မွေးရာပါတစ်ကိုယ်လုံး အမွှေးအမျှင်များပါနေသော အသက် ၁ နှစ် ၈ လအရွယ် ဓနုတိုင်းရင်းသား ကလေးငယ်ကို စိတ်၀င်စားသူများနေကြောင်း ၄င်း၏မိခင်ဒေါ်စမ်းမြင့်မေ က ပြောပါတယ်…

အဆိုပါ ကလေးငယ်၏ အမည်သည် မောင်ထင်ရှားအောင်ဖြစ်ပြီး မျက်ခုံးမွှေး၊ ပါးသိုင်းမွှေး ၊ မျက်တောင်မွှေး နှင့် နဖူးပြင်တစ်ခုလုံးတွင် မွှေးညှင်းနုများပေါက်နေသည့်အပြင် ကျောပြင်တွင်လည်း အမွှေးအမျှင်များထူပိန်းနေသည့်အတွက် ဒေသခံများနှင့် စိတ်၀င်စားသူများလာရောက် ကြည့်ရှူ့လေ့ရှိကြောင်းသိရပါတယ်…

“ဆရာ၀န်တွေကတော့ ဟိုမုန်းဓာတ်များလို့ လို့ပြောတယ်။ကိုယ်၀န်ရှိစဉ်အချိန်က အားဆေးတွေအမျိုးမျိုးစားလို့ ဖြစ်တာလို့ပြောကြတယ်။ကလေးရဲ့ကျန်းမာရေးကတော့ကောင်းပါတယ်။တစ်ခါတစ်လေ နာစေး၊ချောင်းဆိုးတာ လောက်ပဲရှိပါတယ်”ဟု ၄င်းကပြောပါတယ်…

ကလေးငယ်၏ ဖခင် အသက် ၅၀ အရွယ် ဓနုတိုင်းရင်းသား ဦးမျိုးဇော် နှင့် ဇနီးဖြစ်သူ မငယ် ( ခ ) မစန်းမြင့်မေ တို့သည် ယခုအခါ အိမ်ထောင်သက် သုံးနှစ်သာ ရှိသေးကြောင်းနှင့် ကလေးငယ်ရှေ့ရေးအတွက် လူပုံအလယ်တွင် မျက်နှာငယ်မည်ကို စိုးရိမ်မူရှိကြောင်းသိရပါတယ်…

“အစတုန်းကတော့ ရွာသားတွေက ကလေးကို လူ၀င်စားတယ်။ဘာဖြစ်တယ်လို့ အမျိုးမျိုးပြောကြတော့ မိခင်တစ်ယောက်အနေနဲ့ အရမ်းခံစားရပါတယ်။နောက်ပိုင်းလူသိများလာတော့၊ ဂရုစိုက်မူခံလာရတော့ ပြန်၀မ်းသာရပါတယ်”ဟု ၄င်းကထပ်မံပြောပါတယ်…

ကလေးငယ်တွင် ဖြစ်ပေါ်နေသော အမွှေးအမျှင်များသည် အချိန်တန်အရွယ်ရောက်ကာ ဟိုမုန်းဓါတ်ပြောင်းလဲလာပါက အမွှေးအမျှင်များ လျော့နည်းလာနိုင်ကြောင်းသိရပါတယ်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!