Latest Breaking News & Headlines

(၁၀)တန်းစာမေးပွဲ ကျရှုံးခဲ့ရကြောင်း စိတ်မကောင်းစွာ အသိပေးလာတဲ့ နေခြည်ဦးရဲ့ညီမ စိမ်းလဲ့ရတနာ…

109

သရုပ်ဆောင်၊ Beauty Blogger နေခြည်ဦးကတော့ သူမရဲ့ ညီမလေး စိမ်းလဲ့ရတနာနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးထားတာမို့ တော်တော်များများသိပြီးသား ဖြစ်မှာပါ။ စိမ်းလဲ့ရတနာက အစ်မဖြစ်သူနဲ့မတူပဲ တစ်မျိုးလေးကွဲထွက်ပြီး ချစ်စရာကောင်းတာကြောင့် အနုပညာလှုပ်ရှားမှုတွေမရှိပေမယ့် ပရိသတ်တွေက အားပေးချစ်ခင်နေရတာပဲ ဖြစ်ပါတယ်…

စိမ်းလဲ့ရတနာက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုထားသူတစ်ယောက်ဖြစ်ပြီး ဒီကနေ့မှာတော့ စိမ်းလဲ့ရတနာက သူမရဲ့ စာမေးပွဲရလဒ်နဲ့ ပက်သတ်ပြီး သိချင်နေကြသူတွေကို အခုလိုပဲ စိတ်မကောင်းစွာ အသိပေးထားပါတယ်။ ” ကိုယ့်ကိုယ်ကို အားပေးပြီးပြီဆိုတော့ သိချင်နေကြတဲ့သူတွေအတွက် စိမ်းလဲ့update လုပ်ပေးချင်လို့ပါ။ စိမ်းလဲ့ရဲ့ အားနည်းချက်တွေကြောင့် ဒီနှစ်စာမေးပွဲမအောင်ပါဘူး…

အားနည်းချက်ဆိုတာထက် မလိမ္မာခဲ့တာပါ။ မျှော်လင့်တကြီးအားပေးဖို့ စောင့်နေတဲ့သူတွေကို စိတ်မကောင်းဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်နော်။ စိမ်းလဲ့သေသေချာချာကြိုးစားပြီးပြန်ဖြေပါ့မယ်။ စေတနာနဲ့စိတ်ပူပေးကြတဲ့သူတွေရှိလို့ အရမ်းအားရှိရပါတယ်” ဆိုပြီး ဆယ်တန်းစာမေးပွဲကျရှုံးခဲ့ရတဲ့အကြောင်းကို ရိုးရိုးသားသား ပြောပြလာပါတယ်…

စိမ်းလဲ့ရတနာကတော့ သူမရဲ့ စာမေးပွဲရလဒ်နဲ့ ပက်သတ်ပြီး စောင့်မျှော်နေကြသူတွေကို စိတ်မကောင်းစွာနဲ့ အသိပေးခဲ့တာ ဖြစ်ပါတယ်။ စိမ်းလဲ့တစ်ယောက် ပြီးခဲ့ပြီးတဲ့အမှားတွေကို သင်ခန်းစာယူပြီး နောက်နှစ်စာမေးပွဲကို အကောင်းဆုံးဖြေဆိုနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!