Latest Breaking News & Headlines

မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၆/၂၀၂၀) ပြုလုပ်…

69

မန္တလေးတိုင်းဒေသကြီးအတွင်း လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၆/၂၀၂၀)ကို ဩဂုတ်လ ၁၂ ရက် မွန်းလွဲ ၃ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်ပြီး တိုင်းဒေသကြီးအတွင်း လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးသိန်းဝင်းက တိုင်းဒေသကြီးမြေယာအယူခံမှုများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များမှ ပေါင်းစပ်ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ အတွင်းရေး မှူးနှင့် ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!