Latest Breaking News & Headlines

B.Tech ၊ B.E ၊ M.E ၊ Ph.D နှင့် နိုင်ငံခြားတက္ကသိုလ်များအထိ တက်ရောက်နိုင်မည့် အထက်တန်းအဆင့်ပြီးမြောက်ကြောင်းလက်မှတ်…

109

တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျရှုံးခဲ့သူများအား အခြေခံပညာ အထက်တန်းအဆင့် သင်ယူပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးမည့်အစီအစဉ်နှင့် ပတ်သတ်၍ အခြေခံ ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးကိုလေးဝင်းနှင့် ဆက်သွယ်မေးမြန်းထားခြင်း ဖြစ်ပါတယ် …။

၂၀၀၉-၂၀၂၀ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ရလာဒ်များကို ဩဂုတ်လ(၉)ရက်နေ့ ကထုတ်ပြန်ကြေငြာခဲ့ရာတစ်နိုင်ငံလုံ းအတိုင်းအတာ အရ ဝင်ရောက်ဖြေဆိုသူ ကိုးသိန်းကျော်ရှိတဲ့ အနက် သုံးသိန်းကျော်ေြ ဖဆိုအောင်မြင်ခဲ့ပြီ းကျရှုံးသူစုစုပေါင်းခြောက်သိန်းခန့် ရှိခဲ့ပါတယ် …။

ဒီအခြေအနေမှာ အခြေခံပညာဦးစီးဌာန ကစာမေးပွဲ ကျရှုံးခဲ့သူများ အနက်မှ ဂျီတီအိုင် အပါအဝင် အသက်မွေးဝမ်းကြောင်း ဆိုင်ရာတက္ကသိုလ်များကို ဆက်လက်တက်ရောက် ပညာသင်ယူနိုင်မည့် အခြေခံပညာအထက်တန်း အဆင့်သင်ယူပြီ းမြောက်ကြောင်း လက်မှတ်များကိုထုတ်ပေးသွားရန် စီစဉ်နေကြောင်း သိရတဲ့အတွက် အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးကိုလေးဝင်းအား ဆက်သွယ်မေးမြန်းထားမှုများကို တင်ပြလိုက်ရပါတယ် …။

မေး – တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျရှုံးသူတွေကို အခြေခံပညာ အထက်တန်း အဆင့်သင် ယူပြီးမြောက် ကြောင်းလက်မှတ် ထုတ်ပေးမယ်ဆိုတာနဲ့ပတ်သတ်ပြီးဘယ်လိုစီစဉ်ထားရှိလဲ ဆိုတာ သိပါရစေခင်ဗျ …၊

ဖြေ – အဲဒါက ကျတဲ့သူတိုင်း မဟုတ်ဘူး။ ကျပေမယ့်လို့ သူကကျောင်းလည်း တက်တယ်။ အထက်တန်း အဆင့်ပြီးဆုံးကြောင် းလက်မှတ်ရဖို့အတွက် သူ့မှာစံသတ်မှတ်ချက်တွေနဲ့ညီတယ်ဆိုမှ ဒီလက်မှတ်ကိုထုတ်ပေးမှာ …။

မေး – စာမေးပွဲမှ ာအပြင်ဖြေအနေနဲ့ ဝင်ရောက်ဖြေဆိုပြီး ကျရှုံးခဲ့သူတွေရော လက်မှတ်ထုတ်ပေးတဲ့ အစီအစဉ်ထဲပါ ၊မပါကိုသိချင်ပါတယ်ဆရာ …။

ဖြေ – အပြင်ဖြေမပါဘူးလေ ။ကျောင်းမတက်တဲ့ ကလေးကို ဘယ်လိုလုပ် အထက်တန်းပညာသင်ယူပြီးေြ မာက်ကြောင်း လက်မှတ်ထုတ်ပေးလို့ရမလဲ။ သူကကျောင်းမှ မတက်တဲ့ ဟာဖြစ်တဲ့အတွက် မပါဘူး …။

မေး – သင်ယူမှုပြီးဆုံးကြောင်း လက်မှတ်ရတဲ့ေ ကျာင်းသား ‌ကျောင်းသူတွေ အနေနဲ့တက္ကသိုလ်ဝင်တန်းစာ မေးပွဲကိုထပ် မံဖြေဆိုခွင့်ရှိ၊မရှိလည်းသိပါရစေ ဆရာ …။

ဖြေ-ရတယ်။ သူကတက္ကသိုလ်ဝင်ခွင့်ကိုြ ပင်ပဖြေအနေနဲ့ဖြေလို့ ရတယ်။ ဒါမှမဟုတ်လည်း တစ်နှစ်ကျတဲ့ ကလေးကကျောင်းထဲမှာဝင်တက်ပြီးဖြေချင်သေးတယ် ဆိုရင်လည်းဖြေလို့ ရတယ်။ ဒါပေမယ့်သူက သင်ယူပြီးမြောက်ကြောင် းလက်မှတ်ရထားပြီးသား ဆိုရင်တော့နောက်တစ်ကြိမ် ထပ်မရတော့ဘူး …။

မေး – သင်ယူပြီ းမြောက်ကြောင်း လက်မှတ်ရရှိသူတွေ အနေနဲ့ဂျီတီအိုင်ကို ဒီလက်မှတ်နဲ့တက်လို့ ရတယ်ဆို တာကရော အမှန်ပဲလားဆိုတာ သိချင်ပါတယ် …။

ဖြေ – မှန်တယ်။ မှန်တယ်။ Under Graduated ဒီပလိုမာတွေ အကုန်လုံးကို တက်လို့ ရတယ်။ Post Graduated ဒီပလိုမာ တော့တက်လို့မရဘူး ။ဘွဲ့ရပြီးသား သူတွေတက်လို့ ရတဲ့ဒီပလိုမာတွေ တက်လို့မရ ဘူး။ သူကUnder Graduated ဒီပလိုမာတွေဆိုရင် တက်လို့ ရတယ် …။

မေး – ဂျီတီအိုင်အပါအဝင် Under Graduate ဒီပလိုမာသင်တန်းတွေကရော ဘယ်တော့လောက်များ တက်ခွင့်ရနိုင်မလဲ ဆိုတာ သိပါရစေခင်ဗျ …။

ဖြေ-အဲဒါကမကြာခင်မှ ာကျွန်တော်တို့အနေနဲ့ သင်ယူပြီးမြောက်ကြောင်း လက်မှတ်တွေ ထုတ်ပေးလိမ့် မယ်။ အဲဒါတွေပြီးသွားတာနဲ့အွန်လိုင်းကတဆင့်ဖွင့်တဲ့ Under Graduate ဒီပလိုမာသင်တန်းတွေနဲ့ တက္ကသိုလ် တွေကဖွင့်တဲ့ Under Graduate ဒီပလိုမာသင်တန်းတွေကိုတက်လို့ ရ လိမ့်မယ်။ တက္ကသိုလ်တွေအနေနဲ့ ကတော့အရင်ဆုံ းတက္ကသိုလ်ဝင်တန်း ဖြေပြီးတော့အောင် မှ တက်လို့ရမယ် …။

မေး – အထက်တန်းအဆင့်သင်ယူ ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးတဲ့ေ နရာမှာအပြင်ဖြေနဲ့ကျောင်း ဖြေကိုခွဲခြားလိုက်တာမမျှတဘူးဆိုတဲ့ဝေဖန်မှုတွေ ထွက်ပေါ်နေတာနဲ့ ပတ်သတ်ပြီးတော့ရော ဘာများပြောချင်ပါသလဲ …?

ဖြေ – မခွဲခြားပါဘူး။ ဘယ်သူကခွဲခြားလို့လဲ ။ကျောင်းမှာမှရှိမနေတဲ့သူကို ဘယ်လိုလုပ်သင်ယူပြီ းမြောက်ကြောင်း လက်မှတ်ထုတ်ပေးရမှာတုန်း။ အပြင်ကလူက အပြင်ကလူပဲလေ။ အပြင်ကလူကို သင်ယူပြီးမြောက်ကြောင်း လက်မှတ်ပေးလို့မရဘူးလေ ။ကျောင်းမှာတက်ပြီးတော့မှ သင်ယူပြီးမြောက်ကြောင်းပေး လို့ ရ မှာပေါ့ …။

ဘယ်သူတွေကခွဲခြားတယ်လို့ေြ ပာနေလို့လဲ ။အဲဒါအလကားေ လျှာက်ပြီးဖွနေတာ။ခွဲခြားတာမဟုတ်ဘူး။ ခွဲခြားတာ မဟုတ်ဘူးဆိုတာ ဒီကလေးတွေနှစ်စဉ်၊ နှစ်စဉ်သုံးပုံနှစ်ပုံလောက်ရှုံးပြီးတော့မှ အဟောသိကံဖြစ်နေတယ် ။အဲဒီအတွက် ကျွန်တော်တို့က သက်မွေးဝမ်းကြောင်းဆိုင်ရာ ဘာသာရပ်တွေသင်ကြားပို့ချမှုကို ဖန်တီးပေးရတာ။ ဒါကအမျိုးသားပညာရေး၊ မဟာဗျူဟာစီမံကိန်းအရ လုပ်ပေးနေတာ။ခွဲခြားတာမဟုတ်ဘူး …။

အရင်တုန်းကဆိုရင် မိဘတွေက အစိုးရကျောင်းတွေမှာ ဆိုရင်တချို့အနေနဲ့ပထမနှစ်တောင်မတက်ချင်ဘူးလေ။ မတက်ဘဲနဲ့ဘာလုပ်ကြလဲဆိုတော့ပြင်ပကနေပြီ းလေ့လာပြီးဖြေတယ်ပေါ့။ တခြားဘော်ဒါဆောင်တွေမှ ာထားပြီးလုပ်ကြတာ။ အခုဒီအစီအစဉ်အရ ကျွန်တော်တို့ကကျောင်းတွေမှ ာစနစ်တကျ၊ စည်းကမ်းတကျ လိုက်နာပြီးတက်မှ။ သူတို့ကိုသတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်(၇)ချက်နဲ့ ကိုက်ညီမှ။ အဲဒါကလည်းေ ကျာင်းအုပ်ကြီးက ဆုံးဖြတ်တာမဟုတ်ဘူး ။ကျောင်းထဲမှာ အကယ်ဒမစ်ဘုတ် အဖွဲ့တွေရှိတယ်။ အဲဒီဘုတ်အဖွဲ့တွေကဆုံးဖြတ်ပြီးမှ ပေးတာ …။

ဒီကလေးတွေအဟော သိကံဖြစ်သွားမှာစိုးတဲ့ အတွက်သူတို့ကို သင်ယူပြီးမြောက်ကြောင်း လက်မှတ်တွေပေး လိုက်မယ်ဆိုရင် အထက်တန်းအဆင့်သင်ယူပြီညေ မာက်ကြောင်းကိုလက်ခံတဲ့နိုင်ငံတကာကတက္ကသိုလ်တွေလည်း ရှိတယ်။ ဒီမှာသင်ယူပြီ းမြောက်ကြောင်းလက်မှတ်ရထားတယ်ဆိုရင်ြ ပည်ပတက္ကသိုလ်တွေထဲမှာ အချို့တက္ကသိုလ်တွေက ဝင်ခွင့်ဖြေခိုင်းပြီး လက်ခံတယ်။ တချို့ကြတော့ဝင်ခွင့်ဖြေစရာမလိုဘဲ လက်ခံတဲ့ တက္ကသိုလ်တွေလည်းရှိေ ကာင်းရှိနိုင်ပါတယ် …။

ဒါက တက္ကသိုလ်တွေရဲ့ မူဝါဒအပေါ်မှာပဲ မူတည်တယ်။ မြန်မာပြည်မှာလည်း ဒီလိုဘဲ။ ဆယ်တန်းကျပြီးတော့ လမ်းဘေးရောက်နေတဲ့ ကလေးအများစုကို ကျွန်တော်တို့က ဘာလုပ်ရလဲဆိုတော့ ဒီကလေးတွေရဲ့ ဘဝတစ်သက်တာ သင်ယူမှုအတွက်ကို ကျွန်တော်တို့က ချိတ်ဆက်သင်ကြားပေးရတာ …။

Under Graduate ဒီပလိုမာတန်း တက်မယ် နှစ်နှစ်၊သုံးနှစ်တက်ပြီးရင် Advance Diploma တန်းတက်မယ်။ အဲဒီကနေမှ Degree တို့၊Bachelor (ဘွဲ့)သင်တန်းတွေတက်ဖို့ အခွင့်အလမ်းရလိမ့်မယ် …။

အဲဒီကမှအဆင့်မြင့်သွားရင် ပါရဂူဘွဲ့သင်တန်း(PhD)အထိ တက်လို့ရတယ်။ဒ ါသူတို့ကိုခွဲခြားဆက်ဆံတာမဟုတ်ဘူး။ ဘယ်သူကခွဲခြားဆက်ဆံမှာ တုန်း ။ကျောင်းမတက်တဲ့ ကလေးကတော့ ကျွန်တော်တို့ ပေးလို့မရဘူးနော် …။

မေး – ဒါဆိုရင် အစိုးရကျောင်းတွေ ကပေးတဲ့အခြေခံပညာ အထက်တန်းအဆင့် သင်ယူပြီးမြောက်ကြောင်း လက်မှတ်ကနိုင်ငံတကာကျောင်းတွေနဲ့တက္ကသိုလ်တွေကိုပါ တက်လို့ရနိုင်တာမျိုးလား ဆိုတာသိပါရစေ ခင်ဗျ …။

ဖြေ – အဲဒါကို သုံးလို့ရတယ် ။အဲဒီအတွက်ကို ပါရည်ရွယ်ပြီး ကျွန်တော်တို့လုပ်ပေးတာပါ ။အခုလိုအချိန်ပေးဖြေကြားပေးတဲ့ အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။ ဟုတ်ကဲ့ပါ ။မေးမြန်းတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် …

တက္ကသိုလ်ဝင်တန်းမှာ ကျရှုံးခဲ့ပေမယ့် သတ်မှတ်စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ကျောင်းသားတွေကို အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ် (High School Completion Certificate) ထုတ်ပေးသွားမှာဖြစ်ပြီး အဲဒီလက်မှတ်နဲ့ ပညာရေးတက္ကသိုလ်နဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်ယူခွင့်ရ မှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ် …။

ကျောင်းတွေမှာ ဖွဲ့စည်းထားတဲ့ အရည်အသွေးစိစစ်ရေးအဖွဲ့တွေက ကျောင်းခေါ်ကြိမ် ပြည့်မီမှု၊ ဘာသာရပ်အလိုက်တတ်မြောက်မှု

စာပေအနုပညာလုပ်ငန်းတွေမှာ ပါဝင်မှု၊ ကျောင်းစည်းကမ်းလိုက်နာမှ ု၊ ကျောင်းကောင်စီအသင်းအဖွဲ့တွေမှာ ပါဝင်ဆောင်ရွက်မှု စတဲ့ ကဏ်ဏ္ဍ ၇ ရပ်အပေါ်မှာ အခြေခံပြီး “အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်” (High School Completion Certificate) ကိုအကဲဖြတ် ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ် …။

နှစ်စဉ် တက္ကသိုလ်ဝင်စာမေးပွဲ ကို ဖြေဆိုတဲ့အခါရာခိုင်နှုန်းအားဖြင့် ၃၀%ဝန်းကျင် စာမေးပွဲအောင်မြင်ကြပြီး တက္ကသိုလ်ပညာကို ဆက်လက်သင်ယူခွင့် ရရှိခဲ့ပါတယ်။ ကျန် မအောင်တဲ့ ၇၀% အတွက်တောက်လျောက် မစဉ်းစားခဲ့တဲ့အတွက် အားလုံးဟာ ပညာရေးလမ်းဆုံးခဲ့ရပါတယ် …။

အဲ့တာကို မဖြစ်အောင်ဆိုပြီးတော့ တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူ Completion Certificate ရရှိထားသူတွေက တက္ကသိုလ်ကို တိုက်ရိုက် တက်ရောက်ခွင့် မရှိသော်လည်း Undergraduate Diploma တွေလို၊ အသက်မွေးဝမ်းကြောင်း Diplomaလို သင်တန်းမျိူးတွေ တက်ခွင့်ရအောင် အသိအမှတ်ပြုနိုင်တဲ့ လက်မှတ်တစ်ခုအနေနဲ့ ပေးမှာဖြစ်ပါတယ် …။

ဥပမာ-GTIလိုဟာမျိူး၊ စိုက်ပျိူးရေးသိပ္ပံလိုဟာမျိူး၊ ဆရာအတက်သင် ပညာရေးကောလိပ်လို ၊နောက်အခြားဝန်ကြီးဌာနမှာ ရှိတဲ့အသက်မွေးဝမ်းကြောင်း လုပ်ငန်းလေးေ တွနဲ့ဆိုင်တဲ့ Diploma လေးတွေရှိတယ် …။

အဲ့ဒိ Diplomaလေးတွေကို ဒီလက်မှတ်နဲ့သွားပြီး တက်ရောက်ခွင့်ရအောင် ပညာရေးဝန်ကြီးဌာနက ကြိုးစားချိတ်ဆက်ဆောင်ရွက်နေပါတယ် …။

ဆယ်တန်းစာမေးပွဲကို မအောင်သော်ငြားလည်း ဒီ Completion Certificate ရထားတဲ့ကျောင်းသားတစ်ယောက်ဟာ ဥပမာအားဖြင့် GTI လိုဟာမျိူး တက်လိုက်တယ် …။

GTIမှာတက်ပြီးသူက ထူးချွန်သွားတယ်ဆိုရင် GTI ကနေမှတစ်ဆင့် နည်းပညာ တက္ကသိုလ်လိုဟာ မျိူးကိုပေါင်းကူးပြီးတော့သင်ယူခွင့်ရမယ် …။

နည်းပညာတက္ကသိုလ် တက်ခွင့်ရပြီဆိုရင် သူက GTI ဆင်းကနေပြီးတော့ B.Tech တို့B.Eဘွဲ့တို့ရမယ်။ B.Eဘွဲ့ရပြီဆိုရင် ရှေ့ဆက်သွားရင်M.E တို့ Ph.Dတို့ကိုဆက်ပြီးတော့ သွားနိုင်တာပေါ့ …။

နောက်တစ်ခုက အလုပ်အကိုင် အခွင့်အလမ်းပေါ့။ အရင်တုန်းကေ အာက်ခြေဝန်ထမ်းတွေမှာဆိုရင် ဒဿမတန်းအောင်ရမည်။ တက္ကသိုလ်ဝင်တန် ‌အောင်ရမည်ဆိုတဲ့အစား ဒီလက်မှတ်နဲ့လည်း ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခွင့်ရအောင် ပညာရေးဝန်ကြီးဌာနက အခြားဌာနအားလုံးနဲ့ညှိနှိုင်းသွားဖို့ရှိပါတယ်။ ဆိုလိုတာကေတာ့ ဒီအထက်တန်းပြီးဆုံးကြောင်း လက်မှတ်သည် သာမန်လက်မှတ် မဟုတ်ဘဲနဲ့ အဓိပ်ပါယျရှိတယျပေါ့။ Meaningful Certificate ဖြစ်အောင် နောက်ပြီး တန်ဖိုးရှိတဲ့ Valuable Certificate ဖြစ်အောင် ပညာရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေပါတယ် …

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!