အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ လစာ ဖြင့် ဝါဆိုသင်္ကန်း (၁၂၀၀) လှူဒါန်း…
သြဂုတ်လ ၁၃ ရက်မှာ နိုင်ငံတော် ၏ အတိုင်ပင်ခံမှ လှူဒါန်း အပ်သည့် ဝါဆိုသင်္ကန်း (၁၂၀၀) ကို အလှူရှင်ကိုယ်စား မွန်မြည်နယ်အဖွဲ့က တာဝန်ရှိသူများမှ သာသနာနွယ်ဖောင်ဒေးရှင်းဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည် ။ ၊မော်လမြိုင်မြို့ရှိ သာသနာနွယ်ဖောင်ဒေးရှင်းမှ တာဝန်ယူ၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏လစာများဖြင့် မွန်ပြည်နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ အတွက်လှူဒါန်းပေးခဲ့တဲ့ သင်္ကန်း ၁၂၀၀ ကို အခြားကျောင်းများသို့ ဆက်လက်ဖြန့်ဝေ ကပ်လှူသွားမည်ဟုသိရသည်…

ယင်းအလှူအကြောင်းကို သာသနာနွယ် ဆရာတော် အရှင်ဆန္ဒဇောတိ ၏ လူမှုကွန်ယက် စာမျက်နှာတွင် “ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်မှ ကပ်လှူခိုင်းလိုက်သော ဝါဆိုသင်္ကန်းအား ဒကာမကြီးကိုယ်စား ပြည်နယ်အစိုးရ ဝန်ကြီးများ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ NLDပါတီဝင်များ မှ ကျောင်းသို့လာရောက်၍ ဆက်ကပ်လှူဒါန်းကြပါတယ်…

ဒကာမကြီး လိုလားတောင့်တနေသော ငြိမ်းချမ်းရေးကြီး အမြန်ဆုံး ရရှိပါစေ။” လို့သာသနာနွယ် ဆရာတော် အရှင်စန္ဒဇောတိက မိန့်ကြားရေးသားထားပါတယ်ပါတယ်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….