Latest Breaking News & Headlines

ချို့တဲ့စွာ ပညာသင်ကြားခဲ့ရတဲ့ ဂုဏ်ထူး(၄)ဘာသာဆုရှင် မမိုးမိုးကို သွားရောက်လှူဒါန်းခဲ့သော အဆိုတော်ပိုပို …

110

အဖေမရှိဘဲ မိခင်နဲ့အတူ ချို့တဲ့စွာ ပညာသင်ကြားခဲ့ရတဲ့ ဂုဏ်ထူး(၄)ဘာသာဆုရှင် မမိုးမိုးကို သွားရောက်လှူဒါန်းခဲ့သော အဆိုတော် ပိုပို…

ငွေကြေး မပြည့်စုံတဲ့ကြားက ကြိုးစားခဲ့လို့တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး၄ ဘာသာနဲ့အောင်မြင်ခဲ့ပေမဲ့ သူမရဲ့အိပ်မက်ဖြစ်တဲ့ B.Ed ဆက်လက်တက်ရောက်နိုင်ဖို့အတွက် ဝါးတရာကျေးရွာက မမိုးမိုး အခက်အခဲကြုံနေခဲ့ပါတယ်….

ဒါကြောင့် အဆိုတော် ပိုပိုက ညီမလေးမိုးမိုးအတွက် အိမ်မက်တွေအကောင်အထည်ဖော်နိုင်အောင် သွားရောက်လှူဒါန်းခဲ့ပါတယ်။

အဆိုတော်ပိုပိုက သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ အခုလို သွားရောက်လှူဒါန်းမှုလေးတွေကို တင်ပြထားတာပါ….

အဖေမရှိပေမယ့် မိခင်နဲ့အတူ ချို့တဲ့စွာ ပညာသင်ကြားခဲ့ရတဲ့ လေးဘာသာ ဂုဏ်ထူးရှင် ညီမလေး မိုးမိုး ဖြစ်ချင်တဲ့ ဆရာမတစ်ယောက်ဖြစ်ပြီး….

ညီမလေး ရဲ့ စိတ်ကူးအိပ်မက်လေးကို အကောင်အထည်ဖော်နိုင်ပါစေ….။ပိုပို နဲ့ ကိုဟိဏ်းသစ်စုပေါင်းပြီး တတ်နိုင်သလောက် လှူဒါန်းခဲ့ပါတယ် ဆိုပါတယ်…

စိတ်ထားလှတဲ့ ပိုပိုရေ နောက်လည်း လိုအပ်နေသူတွေကို များများကူညီနိုင်ပါစေနော်…အနုပညာခရီးလမ်းလည်း ပိုမိုအောင်မြင်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!