Latest Breaking News & Headlines

နောက်ဆုံးတော့ ဆန်ချိုယူနိုက်တက်ရောက်လာလိမ့်မယ်လို့ဆိုတဲ့ အိုဝင်ဟားဂရေဗ့်…

59

မန်ချက်စတာယူနိုက်တက်နဲ့ ဒေါ့မွန်အသင်းဟာ တစ်သင်းနဲ့တစ်သင်းဉာဏ်များနေပြီး နောက်ဆုံးမှာတော့ ဆန်ချိုမန်ချက်စတာယူနိုက်တက်ရောက်သွားလိမ့်မယ်လို့ကစားသမားဟောင်း အိုဝင်ဟားဂရေဗ့်ကပြောကြားလိုက်ပါတယ်။ ဆန်ချိုရဲ့အပြောင်းအရွေ့ကိစ္စပျက်ပြယ်သွားပြီဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ ဘယ်သူမှလည်းယုံကြမှာမဟုတ်ဘူးလို့ ဟားဂရေဗ့်ကဆိုခဲ့ပါသေးတယ်။ ဟားဂရေဗ့်ရဲ့အမြင်မှာတော့ ဒါဟာ စီးပွားရေးဆန်ဆန်ရွေ့ကွက်တွေသာဖြစ်ပြီး ဒေါ့မွန်ဘက်က ယူနိုက်တက်ထံကကြေးထပ်တိုးပေးဦးမလားဆိုပြီး အချိန်ဆွဲနေတာလို့ ထင်မြင်ချက်ပေးခဲ့တာပါ။ ဒီအဆိုကို ယူနိုက်တက်ကစားသမားဟောင်းပဲဖြစ်တဲ့ ဗန်ပါစီကလည်း ထောက်ခံခဲ့ပြီး ယူနိုက်တက်အနေနဲ့ဘဟာလန်းကိုလက်လွှတ်ရပြီးနောက်ဆန်ချိုကို ထပ်လက်လွှတ်ခံလို့မရတော့ဘူးလို့လည်း သတိပေးခဲ့ပါသေးတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ဘိုင်ယန်မြူးနစ်ကွင်းလယ်လူဟောင်း အိုဝင်ဟားဂရေဗ့်ကတော့ ‘ ကျွန်တော့်အထင်တော့ အချိန်တိုလေးအတွင်းမှာတင်လှလှပပနဲ့ ဆန်ချိုတစ်ယောက် ယူနိုက်တက်ကစားသမားဖြစ်သွားပါလိမ့်မယ်။ ဒေါ့မွန်ဘက်ကဘပိုက်ဆံများပိုရမလားဆိုပြီး ဆွဲထားတာပါ။ ဒါဖြစ်လေ့ရှိတဲ့သဘာဝပါပဲ။ ယူနိုက်တက်ဘက်က ဆန်ချိုကိုဘယ်လောက်စိတ်ဝင်စားတယ် ဘယ်လောက်အထိငွေသုံးညှိနှိုင်းနေတယ်ဆိုတာ ဒေါ့မွန်သဘောပေါက်ပါတယ်။ ကျွန်တော့်အထင် လက်ရှိသတ်မှတ်ထားတဲ့စျေးနဲ့ပဲ ဆန်ချို ယူနိုက်တက်ရောက်လာပါလိမ့်မယ်’လို့ပြောကြားသွားခဲ့ပါတယ်။

ဒေါ့မွန်အသင်းနဲ့ ယူနိုက်တက်တို့ဟာ ဆန်ချိုအတွက်စျေးညှိရာမှာအခက်တွေ့နေပြီး ဒေါ့မွန်ဘက်က ယူရိုသန်း(၁၂၀)ထိတောင်းဆိုထားပြီး အချေအတင်ညှိနှိုင်းနေရတာပါ။ ဒေါ့မွန်အသင်းဘက်က ဆန်ချိုနောက်ရာသီလည်းအသင်းမှာဆက်ရှိနေမယ်လို့ဆိုခဲ့ပေမယ့် အိုဝင်ဟားဂရေဗ့်၊ဗန်ပါစီအပါအဝင်ဘောလုံးကျွမ်းကျင်သူတချို့ကတော့ ဆန်ချိုမကြာခင်ယူနိုက်တက်ရောက်သွားနိုင်တယ်လို့ ယူဆနေတာပါ…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!