မာစီရယ်ရဲ့ခြေစွမ်းဟာ ကမ္ဘာ့အဆင့်ဖြစ်လာပြီလို့ ဗန်ပါစီချီးကျူး…
ကိုဗေဟေဂင်နဲ့ပွဲမှာပြသခဲ့တဲ့ မာစီရယ်ရဲ့ခြေစွမ်းဟာ အားရစရာကောင်းကြောင်းနဲ့ကမ္ဘာ့အဆင့်ရောက်နေပြီလို့ ယူနိုက်တက်တ်ုက်စစ်မှုးဟောင်းဗန်ပါစီကချီးကျူးလိုက်ပါတယ်။ မာစီရယ်ဟာ ကိုဗစ်အလွန်ပြန်ကစားတဲ့ပွဲတွေတောက်လျှောက် ခြေစွမ်းကောင်းတွေပြသနေပြီး ပြိုင်ပွဲစုံ (၂၃)ဂိုးသွင်းယူထားသူပါ။ ပြီးခဲ့တဲ့ LASKနဲ့ပွဲစဉ်မှ အရန်ခုံကထလာပြီး ဂိုးသွင်းပေးခဲ့သလို ယခုကိုဗေဟေဂင်နဲ့ပွဲမှာလည်း မာစီရယ်ကြောင့် ယူနိုက်တက်ပင်နယ်တီကန်ခွင့်ရခဲ့တာဖြစ်ပါတယ်။

ဗန်ပါစီက ‘ဒီညအတွက် အကောင်းဆုံးကစားသွားတာက မာစီရယ်ပါပဲ။ အရမ်းမြန်သလို skillကလည်း ဘာ်လိုကစားသမားမျိုးလဲဟလို့အံ့သြရတဲ့အထိပါပဲ။ သူကစားတာကိုကြည့်ရတာပျော်ဖို့ကောင်းပါတယ်။ သူကစားနေတာ သူ့ပန်းခြံထဲမှာကစားနေသလိုပါပဲ။ မာစီရယ်နဲ့ပတ်သတ်ပြီး ချီးကျူးစရာက သူကသူ့အတွက်တင်ကစားနေတာမဟုတ်ပါဘူး။ အသင်းဖော်တွေကို ဘယ်လိုကူညီရမယ်ဆိုတာကိုပါမြင်နေပါပြီ။ ဒီတော့ သူရဲ့အဆင့်ကကမ္ဘာ့အဆင့်ရောက်နေပြီလို့ပဲပြောရပါမယ်။ သူက ဂိုးဖန်တီးပေးနိုင်သလို လိမ်နိုင်ခေါက်နိုင်ပါတယ်။ ကစားတာလည်းအရမ်းမြန်ပါတယ်။ တောင်ပဲရော အထောင်တိုက်စစ်မှာပါ ကစားနိုင်ပြီး ကျွန်တော်တကယ့်ကြိုက်တဲ့တိုက်စစ်မှုးမျိုးဖြစ်ပါတယ်လို့ချီးကျူးသွားခဲ့ပါတယ်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….