Latest Breaking News & Headlines

ဆေးဘဲဥ ကို ဘယ်လိုလုပ်လဲဆိုတာ (ရုပ်/သံ) ကြည့်ပြီး မှ စားပါ …

120

‌အောက်တွင်ရုပ်သံဖိုင် တင်ထားပါသည် အိမ်တွေမှာ ၊ ဆိုင်တွေ ၊ အရက် ဘီယာ ဆိုင်တွေမှာ နာမည်ကြီးတဲ့ ဟင်းပွဲ အမြည်းပွဲ အဖြစ် စားသုံးကြပါတယ်။မြန်မာနိုင်ငံရဲ့ ရိုးရာဟင်းအမယ်မဟုတ်ပေမယ့် ဆိုင်တွေမှာဟင်း အမယ် တစ်ခုအဖြစ် ပါဝင်နေတဲ့ ဖီတန်သုပ် (ခေါ်) ဆေးဘဲဥသုပ်ကို လူတိုင်းစား ဖူးကြမှာပါ။ အထူးသဖြင့် ဘီယာသောက်တတ် တဲ့ လူငယ်တွေအကြားမှာ ဖီတန်ဟာ အမြည်းတစ်ခုအဖြစ် အမြဲဖြည့်ဆည်းပေးခဲ့တဲ့ ဟင်းအမယ်လည်း ဖြစ်ပါတယ်။ ဖီတန်လို့ခေါ်တဲ့ ဆေးဘဲဥ ရဲ့ အစက တရုတ်နိုင်ငံက ဖြစ်ပြီးတော့ သူတို့ဟာ ရွံ့မြေ ၊ ဆား၊ ထုံး၊ ထမင်း ပျော့ စတာတွေကိုလိုအပ်သလိုထည့်ပြီး ဆေးဘဲဥ ရဖို့အတွက် လပေါင်း များစွာ ကြာအောင် လုပ်ကြရပါတယ်။အဲ့ဒီနောက်မှာ တော့ စိမ်းပုတ်ရောင်မှ သည် မီးခိုးရောင် ၊မီးခိုးရောင်မှသည် အညိုနက်ရောင်သို့ပြောင်းလဲသွားပြီး ပြစ်ခဲမှု မှာလည်း အရည်အဖြစ်မှ ဂျယ်လီအဖြစ်သို့ပြောင်းလဲသွားပါတယ်။ အနံ့ မှာလည်း ကန့် sulphur နှင့် အမိုးနီးယား (ကျင် ငယ်ရေနံ့ ) ဘက် သို့ ပြောင်းလဲသွားပါတယ်…

PH level သည်လ ည်း ၉ -၁၀ ကြားပြောင်းလဲပြီး ပြင်း အားများသော အယ်လ်ကာလိုင်း ဖြစ်သွားပါတယ်။ ဒါက ရိုးရာနည်းပါ။ ဒါပေမယ့် ဈေးကွက်မှာ ဝယ် လိုအား များလာတဲ့အခါ စီးပွားရေး သမားတွေဟာ ရိုးရာနည်းအတိုင်း လုပ်ဖို့ အလျင်မမီ တာကြောင့် ပိုမိုမြန်မြန်ဆန်ဆန်နဲ့ဆေးဘဲဥဖြစ်တဲ့နည်းကို ဓာတုဗေ ဆေးတွ သုံးပြီး လုပ် လာကြပါတယ်။ အဲ့တာ ကတော့ alcium hydroxide နှင့် sodium carbonate ပျော်ရည်တွင် ဘဲဥကိုစိမ်ခြင်းက ဆယ် ရက်အတွင် :ပုံမှန်ရိုးရာနည်း ဖြင့်ပြုလုပ်သော လအနည်းငယ်ကြာ ဆေးဘဲဥကို ပုံမှန် အရသာမပျက် ရရှိစေ တာမို့အချိန်ကုန်ခံထုတ်လုပ် လာတာပါပဲ။ဆိုးကျိုးအနေ နဲ့တော့ ခဲဓာတ် များစွာ ပါဝင်လာတာပဲ ဖြစ်ပါတယ်။ ဒီလို ခဲဓာတ်

များပြား တဲ့ အစားအစာကို စားမိရင် လူတွေဟာ ခဲဆိပ်သင့်မှုတွေဖြစ်ပြီး အသက် တို ပါတယ်။ခဲဆိပ်သင့်ခြင်းရဲ့ ကြောက်စရာဆိုးကျိုးတွေကတော့ဦးနှောက်မြေး ရောင်ရမ်းခြင်း ၊ခန္တာကိုယ်က ကြွက်သားများနာကျင်ခြင်း ၊ မောပန်း နွမ်းနယ်ခြင်း ၊ အော့အန်ခြင်း ၊ ဗိုက်နာ ဗိုက်အောင့်ခြင်း ၊ ဝမ်းချူပ် ဝမ်းလျောခြင်း ၊ သွားပိုးစားခြင်း ၊ သုတ်ကောင်များနည်းသွားခြင်း အာရုံစူးစိုက်မှုအား နည်းခြင်း အပြင် သွေးပေါင်တက်ပြီး အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ် လို့သိရပါတယ်။ ဒါကြောင့် ဆေးဘဲဥ ကြိုက်သူများ ၊ ဖီတန် သုပ်ကြိုက်သူများတို့ရေ.. ကျန်းမာရေးအသိ ကျန်းမာရေး သတိလေးနဲ့ စားသုံးနိုင်အောင် သတိပေး တင်ဆက်ပေးလိုက်ပါတယ်နော်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!