Latest Breaking News & Headlines

‘နတ်ဆိုး’ လို့ လူအများက ယုံကြည်နေကြတဲ့ ဧရာမ မိကျောင်းကြီးကြောင့် ရွာသားတွေ ဒုက္ခရောက်ခဲ့ရတဲ့ အဖြစ် (ရုပ်သံ)…

350

ပြီးခဲ့တဲ့အပတ်က အင်ဒိုနီးရှားနိုင်ငံ မှာရှိတဲ့ နတ်ဆိုးလို့ ရွာသားများက ယုံကြည်ခဲ့ကြတဲ့ အရှည် 14 ပေရှိတဲ့ မိကျောင်းကြီးဟာ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ် ။ နှစ် 50 သက်တမ်း ရှိနေပြီဖြစ်တဲ့ အဆိုပါမိကျောင်းကြီးဟာ ရွာသား အမြောက်အများကို တိုက်ခိုက်ဖ မ်းစားဖို့ကြိုးစားခဲ့လို့ ယခုလိုရွာသားတွေက စုပြီးဖမ်းဆီး ခဲ့ကြတာဖြစ်ပါတယ် ။ အင်ဒိုနီးရှားနိုင်ငံ Bangka Belitung ကျွန်းရှိ Kayubesi မြစ်ချောင်း အတွင်းရှိ ပိုက်ကွန်ကြီးထဲမှာ အဆိုပါမိကျောင်းက ပိတ်မိနေခဲ့တာပါ ။ အဆိုပါ ပိုက်ကွန်ထဲမှာ 2ရက် ခန့်ပိတ်မိနေပြီးနောက် မိကျောင်းကြီးဟာ လွတ်မြောက်အောင်အပြင်းအထန်ရုန်းကန်ရင်း အားအင်ကုန်ခမ်း သွားကာ သေဆုံးသွားခဲ့ပါတယ် …

မိကျောင်းကြီးဟာ အတော်လေးကို ကြီးလွန်းလှတဲ့အတွက် မိကျောင်းကြီးရဲ့အလောင်းကို မြေမြုပ်မြို့မြေကော်စက်ကြီးနှင့် သယ်ထုတ်ပစ်ခဲ့ရပါတယ် ။ ရွာသားများကအဆိုပါမိကျောင်းရဲ့ခန္ဓာကိုယ်ကို မပျက်မစီးအောင်ထိန်းသိမ်းစောင့်ရှောက်ဖို့ တောင်းဆိုကြတဲ့အဖွဲ့အစည်းတွေကိုငြင်းပယ်ခဲ့ကြပြီး ၊ အဆိုပါမိကျောင်းကို နတ်ဆိုးလို့ယူဆကြတဲ့ အတွက် အခြားနေရာသို့ယူဆောင်သွားပါက ကပ်ဆိုးများဆိုက်ရောက်နိုင်လို့ဆိုပြီး ငြင်းပယ်ခဲ့ကြပါတယ် …

ထို့ပြင် မြေမြုပ်မည့်မိကျောင်းရဲ့ရုပ်အလော င်းကိုလည်း ခေါင်းဖြတ်ပြီးမှ ခန္ဓာကိုယ် နဲ့ သီးခြားစီခွဲထားကာ မြေမြုပ်ခဲ့ကြပါတယ် ။ ၎င်းနည်းအတိုင်းပြုလုပ်ပါမှ နတ်ဆိုးကြီးဟာ ၎င်းတို့ဆီရန်ပြုဖို့ မပြန်လာနိုင်မှာဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ် ။ ထို့အပြင် ရိုးရာဓလေ့အတိုင်းကျင်းပပြီး အဆိုပါမိကျောင်းကိုမြေမြုပ်ပစ်ခဲ့ကြတာပါ …

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!