Latest Breaking News & Headlines

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အခြေခံပညာအထက်တန်းဆင့်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ…

518

အထက်တန်းဆင့်ကျောင်းများအားလုံး ဖွင့်လှစ်ပြီး နောက်ထပ်ရက်သတ္တပတ် သုံးပတ်အကြာမှသာ အလယ်တန်းဆင့်ကျောင်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဦးဆောင်၍ အချက်(၈၀)ပါ ဆန်းစစ်အကဲဖြတ်လွှာဖြင့် စစ်ဆေးမည်]ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အခြေခံပညာအထက်တန်းဆင့်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၁၁ ရက် မွန်းလွဲ ၃ နာရီတွင် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူး များ တက်ရောက်ကြပြီး အပြန်အလှန် ချိတ်ဆက်ဆွေးနွေးကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ ၏ လမ်းညွှန်ချက်နှင့်အညီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အချက် (၈၀) ပါဝင်သော ဆန်းစစ်ချက်များဖြင့် အထက်တန်းဆင့်ကျောင်းများအား စစ်ဆေးအကဲဖြတ်လျက်ရှိပါကြောင်း၊ အခြေခံပညာအထက်တန်းဆင့်ကျောင်း ပေါင်း ၇၁၇၃ ကျောင်းအနက် ၇၁၁၁ ကျောင်းအား စစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီး ယနေ့အထိ

လိုအပ်ချက်များ ပြည့်စုံမှုရှိသော A အဆင့် ၄၁၅၆ ကျောင်းပြန်လည် ဖွင့်လှစ်ရန် ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ လိုအပ်ချက်များပြည့်စုံ၍ A အဆင့်ရရှိပြီး သော ကျောင်းများအား အမြန်ဆုံး ဆက်လက်ဖွင့်လှစ်ခွင့်ရရှိနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဖြည့်ဆည်းရန်လိုအပ်သော ကျောင်းများ၏ လိုအပ်ချက်များကို အခြေခံပညာဦးစီးဌာနအနေဖြင့် ချက်ချင်းဖြည့်ဆည်းပြီး အမြန်ဆုံး ဖွင့်လှစ်ခွင့် ရရှိအောင် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဖွင့်လှစ်ခွင့်ရရှိပြီးသော ကျောင်းများအားလုံး ကျောင်းအဆင့် ကြီးကြပ်စစ်ဆေးရေးအဖွဲ့များက အဆင့် A အဖြစ် အမြဲတည်တံ့နေစေရန် နေ့စဉ်ဆန်းစစ် ဖြည့်ဆည်းရန် လိုအပ်ပါကြောင်း၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ကြီးကြပ်စစ်ဆေးရေးအဖွဲ့များ သာမက Monitoring Squad များကလည်း ရှောင်တခင်ဆန်းစစ်မှုများ ဆောင်ရွက်မည်ဖြစ်ရာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျောင်း အလိုက် ထူးခြားမှုအခြေအနေများကိုလည်း မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ နေ့စဉ်ပေးပို့ရန်နှင့် မြို့နယ်ပညာရေးမှူးရုံးများသို့လည်း မိတ္တူပေးပို့ရန် ဖြစ်ပါကြောင်း၊ မည်သည့် အစိုးရကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့်

ဘုန်းတော်ကြီး သင်ကျောင်းမဆို ဘော်ဒါထားရှိခြင်း လုံးဝခွင့်ပြုထားခြင်း မရှိပါကြောင်း၊ အထက်တန်းဆင့်ကျောင်းများအားလုံး ဖွင့်လှစ်ပြီး နောက်ထပ်ရက်သတ္တပတ် သုံးပတ်အကြာမှသာ အလယ်တန်းဆင့်ကျောင်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဦးဆောင်၍ အထက်တန်းဆင့်ကျောင်းများကဲ့သို့ အချက်(၈၀)ပါ ဆန်းစစ်အကဲဖြတ်လွှာဖြင့် စစ်ဆေးမည်ဖြစ်ပါသဖြင့် လိုအပ်ချက် များအားလုံး ပြည့်စုံအောင် ကြိုတင်ဖြည့်ဆည်းဆောင်ရွက်ထားရန် လိုအပ် ပါကြောင်း၊ အချက်(၈၀)ပါ ဆန်းစစ်အကဲဖြတ်လွှာဖြင့် စစ်ဆေးရန် အလွန်ခက်ခဲ သော ဒေသများရှိ ကျောင်းစာရင်းရှိပါကလည်း ခက်ခဲမှုအခြေအနေနှင့် အတူ အမြန်ဆုံးတင်ပြရန် လိုအပ်ပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းနှင့် တာဝန်ရှိသူတို့က ပညာရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများက ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အခြေခံပညာအထက်တန်းဆင့်ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားမှုအခြေအနေများကို ဆွေးနွေး တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေး၍ လိုအပ်ချက် များ၊ အခက်အခဲများနှင့် ဖြည့်ဆည်းဆောင်ရွက်ရမည့် အခြေအနေများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Leave A Reply

Your email address will not be published.

error: Content is protected !!