Latest Breaking News & Headlines

စိန် ၃,၆၀၀ ပွင့်နဲ့ N99 filter ပါတဲ့ ဒေါ်လာ ၁.၅ သန်းတန် ကမ္ဘာ့ဈေးအကြီးဆုံး နှာခေါင်းစည်းကို ဖန်တီးနေသူ ဝေဖန်ခံရ…

62

• အမေရိကန်မှာ နေထိုင်တဲ့ တရုတ်စီးပွားရေး သမားတစ်ဦးက မော့ဇာမှာရှိတဲ့ Yvel ကုမ္ပဏီကို အဲဒီ မျက်နှာဖုံးကို ဖန်တီးခိုင်းခဲ့တာပါ…

• N99 filter တစ်ခု တပ်ဆင်ထားပေမယ့် အလေးချိန် တစ်ပေါင်ဝက်ကျော်ရှိပါတယ်…

• မျက်နှာဖုံးကို ၁၈ ကာရက်ရှိ ရွှေဖြူနဲ့ ပြုလုပ်ထားပြီး အဖြူနဲ့ အနက်ရောင် စိန် ၃၆၀၀ ပွင့်နေတဲ့ အလှဆင်ထားမှာပါ…

• ဝေဖန်သူတွေ ရှိတာကြောင့် ကုမ္ပဏီ ပိုင်ရှင် အိုင်းဆက်လေဗီက သူကိုယ်တိုင် ဝတ်ဆင်ဖို့အတွက် မဟုတ်ဘူးလို့ ပြောခဲ့သလို သူ့၀န်ထမ်းတွေ အတွက် အလုပ်ရတာကြောင့် ၀မ်းသာတယ်လို့ ဆိုပါတယ်…

အစ္စရေး လက်၀တ် ရတနာ ကုမ္ပဏီတစ်ခုက ကမ္ဘာ့စျေးအကြီးဆုံး ဒေါ်လာ ၁.၅သန်းတန် နှာခေါင်းစည်းရဲ့ မျက်နှာပြင်မှာ စိန်အပြည့် ဖုံးအုပ်ထားမယ်လို့ ဆိုပါတယ်။အော်ဒါမှာယူထားသူရဲ့ တောင်းဆိုချက်အရ ၁၈ ကာရက်ရှိ အဖြူရောင် မျက်နှာဖုံးမှာ အဖြူနဲ့အနက်ရောင် စိန် ၃,၆၀၀ ပွင့်နဲ့ တန်ဆာဆင်မှာဖြစ်ပြီး N99 filter တပ်ဆင်ထားတယ်လို့ Yvel ကုမ္ပဏီရဲ့ ဒီဇိုင်နာလည်းဖြစ် ပိုင်ရှင်လည်း ဖြစ်တဲ့ အိုင်းဆက်လေဗီ က ဆိုပါတယ်။လေဗီက ၀ယ်သူရဲ့ အမည်ကို ထုတ်မပြောပေမယ့် အမေရိကန်မှာ နေထိုင်တဲ့ တရုတ် စီးပွားရေး သမားတဦး လို့ဆိုပါတယ်…

၀ယ်သူက နောက်ထပ် ဝယ်လိုအား နှစ်ခုရှိသေးတယ်လို့ ပြောကြားခဲ့ပြီး နောက်ထပ်နှစ်ခုကို နှစ်ကုန်ပိုင်းမှာအပြီး လုပ်ပေးဖို့နဲ့ ကမ္ဘာ့ စျေးကြီးဆုံး ဖြစ်ဖို့ မှာကြား ထားပါတယ်။၂၇၀ ဂရမ် (တစ်ပေါင်ဝက်ကျော်) ရှိပြီး သာမန် နှာခေါင်းစည်းတွေထက် အဆ ၁၀၀နီးပါး ပိုလေးတဲ့အတွက် လက်တွေ့ တပ်ထားလို့ ကောင်းတဲ့ အသုံးအဆောင်မျိုး ဖြစ်လာမယ် မဟုတ်ဘူးလို့လည်း ထင်ကြေးပေးကြပါတယ်။“ပိုက်ဆံက အရာရာတိုင်းကို မ၀ယ်နိုင်ဘူး။ ဒါပေမယ့် စျေးကြီးတဲ့ COVID-19 နှာခေါင်း စည်းကို တပ်ပြီး လမ်းလျှောက်ရင်တော့ လူတိုင်းက ဝိုင်းကြည့်မှာ သေချာပါတယ်လို့ Levy က ဆိုခဲ့ဖူးပါတယ်…

ကမ္ဘာတစ်ဝှမ်းမှာ လူတွေ သန်းနဲ့ချီပြီး အလုပ်လက်မဲ့ဖြစ်၊ စီးပွားရေးတွေ ကျနေချိန်မှာ အခုလို မျက်နှာဖုံးကြောင့် ဝေဖန်မှုတွေ ဖြစ်လာခဲ့အခါ သူကိုယ်တိုင် ဝတ်ဆင်ဖို့မဟုတ်ဘဲ အလုပ်အကိုင် အခွင့်အလမ်းရလို့ ကျေးဇူးတင်ကြောင်း လေဗီက ဆိုပါတယ်။သူကိုယ်တိုင်ကလည်း ဒီလိုမျက်နှာဖုံးမျိုးနဲ့ လမ်းလျှောက်တာမျိုး မရှိခဲ့ဘူးလို့ မျက်မြင်သက်သေတဦး ကဆိုပါတယ်။ ကုမ္ပဏီက ဒီဇိုင်နာတစ်ဦး ဖြစ်တဲ့ ဘီဇယ်လ်ကော့ပါးကလည်း လေဗီကို ဒီလိုဈေးကြီးတဲ့ မျက်နှာဖုံးတွေတမျိုးနဲ့ လေဗီကို တစ်ခါမှ မတွေ့ဖူးဘူးလို့ ဆိုပါတယ်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!