Latest Breaking News & Headlines

စတန့်သမားကြီးက ကိုယ်မှာ မီးလောင်နေစဉ် ချစ်သူကို လက်ထပ်ခွင့်တောင်း…

107

ပရော်ဖက်ရှင်နယ် စတန့်သမားတစ်ဦးက သူ့ကျွမ်းကျင်မှုနဲ့ အသက်မွေးဝမ်းကြောင်းအပေါ် ခုံမင်စွဲလမ်းတဲ့အလား သူ့ကိုယ်ပေါ် မီးလောင်နေစဉ်မှာ ချစ်သူကို လက်ထပ်ခွင့် တောင်းလိုက်ပါတယ်။ရီခီအက်ရှ်က ဆဲဗင်းနော့်စ်မှ သူနာပြုတစ်ဦးဖြစ်တဲ့ ချစ်သူ ကတ်ထရီနာဒေါ့ဆန် ၄၈နှစ်ကို သူကျော ပြင်တစ်ခုလုံး မီးတောက်မီးလျှံတွေ တောက်လောင်နေချိန် ဒူးထောက်ပြီး လက်ထပ်ခွင့် တောင်းလိုက်တဲ့အခါမှာ ကတ်ထရီနာ တုန်လှုူပ်ချောက်ချားပြီး စကားမပြော နိုင်လောင်အောင် မင်သက်နေခဲ့ပါတယ်။

မီးကို ငြှိမ်းသက်ပြီးနောက်ပိုင်းမှ သတိရပြီး ရီခီအက်ရှ်ရဲ့ တောင်းဆိုချက်ကို ခေါင်းငြိမ့်မိခဲ့ပါတယ်။ရီခီအက်ရှ် အရပ် ငါးပေ သုံးလက်မထက် အရပ်တစ်ပေ ပိုမြင့်တဲ့ ကတ်ထရီနာက ဓာတ်ပုံစတူဒီယိုထဲမှာ အမှတ်တရ ဓာတ်ပုံရိုက်ဖို့ သက်သက်လို့ထင်ခဲ့ပါတယ်။အသက် ၅၂နှစ် ရှိပြီ ဖြစ်တဲ့ ရီခီအက်ရှ်က နာမည်ကြီး fizzy အချိုရည် ကြော်ငြာတွေမှာ ‘Tango man’ အဖြစ် ပါဝင်ခဲ့ပြီး ဟောလိဝုဒ်က နာမည်ကျော်ဒါရိုက်တာ ထင်မ်ဘာတန်ရဲ့ Sleepy Hollow ဇာတ်ကား မှာလည်း စတန့်တွေ လုပ်ခဲ့သူပါ။

သူ့ရဲ့ အနုပညာ သက်တမ်း ၂၇နှစ်အတွင်းမှာ ရစ်ချတ်ဘာတွန်နဲ့ ဂျော်နီ ဒက်ပ်တို့လို့ နာမည်ကျော် မင်းသားတွေ ပါဝင်တဲ့ ဇာတ်ကားတွေမှာ သရုပ်ဆောင်ပေးခဲ့ပြီး မရေမ တွက်နိုင်တဲ့ ကြော်ငြာတွေ၊ ရုပ်မြင်သံကြားအစီအစဉ်တွေ မှာလည်း ပါဝင်ခဲ့ ပါတယ်။အခု လက်ထပ်ခွင့် တောင်းချိန်မှာတော့ ရီခီနဲ့အတူ အလုပ်လုပ်ခဲ့ဖူးတဲ့ ဓာတ်ပုံဆရာ ဒေ့ဗစ်ဆင်ကလဲက မီးတောက်ကြီး ချက်ချင်းကြီးသွားတာကြောင့် ‘ကတ်ထရီနာဒေါ့ဆန် ငါ့ကိုလက်ထပ်မလား’ လိုပဲ ပြောခွင့် ရလိုက်တယ်လို့ ရယ်စရာ လုပ်နေခဲ့ပါတယ်။ရီခီတို့ စုံတွဲက အွန်လိုင်းကနေတစ်ဆင့် တွေဆုံခဲ့ပြီး မတ်လမှာ ပထမဆုံးအကြိမ် အပြင်မှာ ချိန်းတွေ့ ခဲ့ကြပါတယ်။NHS သူနာပြုတစ်ဦး ဖြစ်တဲ့ ကတ်ထရီနာက အက်ရှ်ဖော့ဒ်ရှိ ဝီလျံဟာဗေးဆေးရုံက ကိုရိုနာဗိုင်းရပ်စ် ယူနစ်မှာ အလုပ်လုပ်တဲ့ သူနာပြု တစ်ဉီးပဲဖြစ်ပါတယ်။

သူက “ကျွန်မရဲ့ အလုပ်ကို နှစ်သက်ပါတယ်။ ကျွန်မက လူတွေကို အကူညီပေးရတာကို သဘောကျတယ်၊ ဒါပေမယ့် ဒီလိုလူကို တစ်ခါမှ မတွေ့ဖူးဘူး’လိုဆိုပါတယ်။ရီခီက အခုလို အံ့သြဖွယ်ကောင်းတဲ့ လက်ထပ်ခွင့်တောင်းပုံမျိုး ဖန်တီးလိုက်ရတာက ကူးစက်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း မမောနိုင် မပန်းနိုင်ဘဲ အလုပ်လုပ်ခဲ့တဲ့ သူ့ဇနီးလောင်းကို ဆုချခဲ့တာလို့ ဆိုပါ တယ်။

ရီခီက ကက်ထရီနာဟာ ကျိုးနွံစွာ အလုပ်ကြိုးစားတဲ့ အမျိုးသမီးပါ။ အရမ်းကံကောင်းလို့သာ သူနဲ့ ဆုံဆည်းရတာ။ သူဟာ ကျွန်တော့်ဘဝကို အပြုသဘောဆောင်တဲ့ နည်းလမ်းများစွာနဲ့ ပြောင်းလဲခဲ့ သူပါတယ် လို့ ဆိုပါတယ်။ရီခီက စတန့်လောကမှာ အချိန်တိုအတွင်း အောင်မြင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ‘စွယ်စုံသမား’သမား အဖြစ်နဲ့ ဂင်းနစ်ကမ္ဘာ့စံချိန် တင်ထားသူလည်း ဖြစ်ပါတယ်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!