Latest Breaking News & Headlines

ဒေါ်လာ (၁) ဒသမ (၅) ဘီလီယံတန် ကြေးရှိ ဗိုင်းရပ်စ် ကာကွယ်ဆေး ဝယ်ယူမည့်အစီအစဉ် သမ္မတ ဒေါ်နယ် ထရမ့် ကြေညာ…

137

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ဝယ်ယူမည့် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန်ကြေး ရှိ သဘောတူညီချက်တစ်ရပ်ကို အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ မိုဒန်နာနှင့် လက်မှတ်ရေးထိုးခဲ့ပြီး မေလ နောက်ပိုင်း ဆဌမမြောက် သဘောတူညီမှုရရှိခဲ့ခြင်းဟု သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ်လ ၁၁ ရက်တွင် ကြေ ညာ ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ထုတ်လုပ်ပြီး လွှဲအပ်ဖို့ မိုဒန်နာကုမ္ပဏီနဲ့ သဘော တူညီချက်တစ်ရပ်ရရှိကြောင်း ကျွန်တော် ကြေညာပါတယ်။ ဖက်ဒရယ်အစိုးရက ဒီဗိုင်းရပ်စ်ကာကွယ်ဆေး တွေကို ပိုင်ဆိုင်မှာဖြစ်ပါတယ်” ဟု အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ဒေါ်နယ်ထရမ့်က ပြောကြားသည်။

ဗိုင်းရပ်စ်ကာကွယ်ဆေး အတည်ပြုပြီးပြီးချင်း အလုံးရေ သန်း ၁၀၀ ထုတ် လုပ်ပြီး နောက်ပိုင်း အလုံးရေ သန်း ၅၀၀ ထုတ်လုပ်မည်ဖြစ်ရာ စုစုပေါင်း အလုံးရေ သန်း ၆၀၀ အထိ ရှိလာမည်ဖြစ်ကြောင်း ထရမ့်က ဆိုသည်။ မိုဒန်နာကုမ္ပဏီက အမေရိကန် အမျိုးသားကျန်းမာရေးအဖွဲ့ (NIH) နှင့် ပူးပေါင်းဆောင်ရွက်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုး အဆင့် ၃ လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်နေပြီး ကာကွယ်ဆေးထုတ်လုပ်မှုကို စမ်းသပ်မှုများ ပြုလုပ်နေစဉ် ဆောင်ရွက်မည်ဖြစ်သည်။

mRNA-1273 ခေါ် ဗိုင်းရပ်စ်ကာကွယ်ဆေးကို မိုဒန်နာနှင့် NIH လက်အောက်ရှိ ဒေါက်တာ အန်ထော်နီ ဖော်စီ ဦးဆောင်သော ကူးစက်ရောဂါများအင်စတီကျု့ (NIAID) က ပူးတွဲထုတ်လုပ်လျက်ရှိသည်။ ယခုနှစ်မကုန်မီ ကာကွယ်ဆေး၏ထိရောက်မှုကို သုတေသီများ သိရှိနိုင်ဖွယ်မရှိကြောင်း ဒေါက်တာ ဖော် စီက ပြောကြားခဲ့သော်လည်း နိုဝင်ဘာလ ၃ ရက် သမ္မတရွေးကောက်ပွဲမတိုင်မီ ကာကွယ်ဆေးတစ်မျိုးရရှိရန် မျှော်လင့်ပါကြောင်း ထရမ့်က ဆိုသည်။

ယခု သဘောတူညီချက်ကြောင့် အမေရိကန်အစိုးရ၏ မိုဒန်နာကုမ္ပဏီထံမှ ဗိုင်းရပ်စ်ကာကွယ်ဆေး ဝယ် ယူမှုတန်ဖိုးမှာ ဒေါ်လာ ၂ ဒသမ ၄၈ ဘီလီယံအထိ ရှိလာပြီဖြစ်သည်။ လွန်ခဲ့သော ၁၀ နှစ်ခန့်က တည်ထောင်ခဲ့သည့် မိုဒန်နာကုမ္ပဏီသည် ယခင်က မည်သည့် ကာကွယ်ဆေး မျှ မထုတ်လုပ်ခဲ့ဖူးသော်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေး၏ ကနဦးရလဒ်များက အလားအလာကောင်းများ ရှိခဲ့ သည်ဟုဆိုသည်။

အမေရိကန်အစိုးရက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တီထွင်၊ ထုတ်လုပ်ရန် စုစုပေါင်း ဒေါ်လာ ၁၀ ဒသ မ ၉ ဘီလီယံထက်မနည်း ခွဲဝေသတ်မှတ်ခဲ့သည်။ အမေရိကန်အစိုးရက Johnson & Johnson, Novavax, Pfizer နှင့် Sanofu ကုမ္ပဏီများမှ ဗိုင်းရပ်စ်ကာ ကွယ်ဆေး အလုံးရေ သန်း ၁၀၀ နှင့် AstraZeneca ကုမ္ပဏီမှ အလုံးရေ သန်း ၃၀၀ မှာယူခဲ့ပြီးဖြစ်သည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!