Latest Breaking News & Headlines

ကိုဗစ်ကာလ အထက်တန်း ကျောင်း (၃,၀၀၀) နီးပါး ပြန် မဖွင့်နိုင်သေး…

60

ကိုဗစ်ကာလမှာ တလလောက်နောက်ကျပြီး ကျောင်းတွေ ကို ပြန်ဖွင့်ပေးလိုက်ပေမဲ့ မဖွင့်နိုင်သေးဘဲ ကျန်နေတဲ့ ကျောင်းတွေ ရာနဲ့ချီ ရှိနေကြောင်း သိရှိရသည်။ အခြေခံပညာအထက်တန်း ကျောင်းတွေကို ပုံမှန်ကျောင်းဖွင့်ချိန်ဖြစ်တဲ့ ဇွန်လမှာ ပြန်မဖွင့်နိုင်ခဲ့ဘဲ ဇူလိုင်လ တတိယပတ်မှာမှ ပြန်ဖွင့်ခဲ့ပေမဲ့ ကျန်းမာရေး သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတာကြောင့် မဖွင့်နိုင်သေးဘဲ ဖြစ်နေတဲ့ ကျောင်းတွေလည်း အများအပြား ကျန်နေပါတယ်…

မြန်မာတစ်နိုင်ငံလုံးမှာ အခြေခံပညာ အထက်တန်းကျောင်း စုစုပေါင်း ၇,၀၀၀ ကျော်ရှိတဲ့ထဲက ကိုဗစ်ကာလ ကျန်းမာရေးသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ကျောင်းပေါင်း ၄,၀၀၀ ကျော်ကိုသာ ပြန်ဖွင့်ခဲ့ပြီး ကျန်တဲ့ကျောင်းတွေကတော့ တစ်လလောက်ကြာတဲ့အထိ မဖွင့်နိုင်သေးပဲ ဖြစ်နေရတယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းက ပြောပါတယ်…

“ကျောင်းတွေက ဒီသင် ရိုးညွှန်းတန်းကို သင်ကြားသင်ယူရတဲ့ ကိစ္စတွေကို လုပ်ရတဲ့ အတွက်ကြောင့်မို့လို့ တပြေးညီ ဖွင့်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ ခုပဲ မဖွင့်နိုင်တဲ့ အတွက်ကြောင့်မို့ ကျောင်းပေါင်း ၂,၀၀၀ ကျော်က မဖွင့် နိုင်သေးတော့ ၃,၀၀၀ နီးပါးပေါ့လေ မဖွင့်နိုင်သေးတဲ့အခါကျတော့ အဲ့ဒီကျောင်းတွေအတွက် အ ရမ်းနစ်နာနေပြီ လို့ ဆရာ တို့က ယူဆတာပေါ့လေ။ အဲ့ဒါကြောင့်မို့ ဆရာတို့တင်ပြခြင်တာက ဆရာတို့ကလည်းလုပ်ပေးတယ်။ အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်တယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီလုပ်ငန်းတွေအပေါ်မှာ သူတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆရာဝန်တွေပဲ ခေါင်းဆောင်ပြီး စစ်တဲ့ဟာကို သေသေချာချာ လေး ဒါကို ယုံကြည်မှုရှိဖို့ကတော့ လိုအပ်ပါတယ်။ အဲ့လို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မြို့နယ် ဆရာဝန်တွေက ခေါင်းဆောင်ပြီးစစ်တဲ့ဟာကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မယုံကြည်ဘူးဆို ဘယ်သူ့သွား ယုံကြည်မှာလဲ”…

ကျန်းမာရေး အဆင့်သတ်မှတ်ချက်နဲ့ ကိုက်ညီပေမဲ့ ပြန်မဖွင့်နိုင်သေးတဲ့ ကျောင်းတွေ လည်းရှိနေပြီး အများစုကတော့ ကယားပြည်နယ်နဲ့ ဧရာဝတီတိုင်းမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာတော့ ပဋိပက္ခတွေကြောင့် လုံခြုံ ရေးစိတ်မချရတဲ့ ‌ဒေသတွေက ကျောင်း ၁၁ ကျောင်းလောက်ကို ကျန်းမာရေးသတ်မှတ်ချက် စစ်ဆေးဖို့ ကျန်နေ‌သေးတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ပြောပါတယ်။ “ကျောင်းကတော့ ခုတက်နေတဲ့ ကျောင်းတွေကတော့ ပုံမှန်ပဲ၊ တချို့ကျောင်းတွေကတော့ စစ်ဆေးဖို့ မသွားနိုင်တဲ့ နေရာတွေရှိတယ်။ ဒေသအခြေအနေအရ သွားမစစ်နိုင်ဘူးပေါ့။ အဖွဲ့ပေါင်းစုံစစ်ရမှာဆိုတော့ တစ်ချို့အဖွဲ့တွေက မသွားနိုင်သေးဘူးပေါ့။ မစစ်ရသေးတဲ့ကျောင်းတွေလည်း တချို့ရှိတယ်။ စစ်ပြီးမှ အဆင့်မမှီတဲ့ ကျောင်းတွေလည်း ကျန်နေသေးတယ်…

ကပ်ရောဂါကာလ ပိတ်ထားခဲ့ပြီးနောက် ပြန်ဖွင့်ခွင့်ပေးလိုက်တဲ့အထဲမှာတော့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း တွေလည်း ပါပါတယ်။ ကိုယ်ပိုင်ကျောင်း ၁,၀၀၀ ကျော်မှာ တဝက်လာက်ပြန်ဖွင့်ခွင့် ပေးထားတယ်လို့လည်း ဒေါက်တာတင်မောင်ဝင်းက ခုလိုပြောပါတယ်။ “ကိုယ်ပိုင်ကျောင်းတွေကလည်း ၅၀၀၊ ၆၀၀ လောက်တော့ ဖွင့်နိုင်ပြီလို့ ဆရာတို့ စာရင်းအရတော့ တွေ့ရတယ် ပေါ့နှော်။ စုစုပေါင်းက ၁,၀၀၁ ကျောင်း ရှိတယ်။ စာရင်းအရတော့ တစ်ဝက်လောက်ပြန်ဖွင့်နိုင် ပြီပေါ့။ တကယ်တမ်းကျ အပြင်မှာက အကုန်ပြန်ဖွင့်နေတာ တွေ့ရတယ်…

အထက်တန်းကျောင်းတွေ အားလုံး ပြန်ဖွင့်ပြီး ၁ လအကြာမှာမှ အလယ်တန်းကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့ စဉ်း စားမယ် လို့ COVID-19 ကာကွယ်ထိန်းချူပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ပြောထားပေမဲ့ ရာနဲ့ချီတဲ့ကျောင်းတွေ မဖွင့်နိုင်သေးပဲ ဖြစ်နေရတာပါ။ သေဆုံးသူ ၆ ဦး အပါအဝင် ရောဂါပိုးကူးစက်သူ ၃၆၀ ကို အတည်ပြုထားတဲ့ မြန်မာနိုင်ငံမှာ ကျောင်းတွေပြန်ဖွင့်ခဲ့တဲ့အပေါ် စိုးရိမ်မှုတွေလည်း ထွက်ပေါ်ခဲ့ ပါတယ်။ ဒါပေမဲ့လည်း ပညာရေးဌာန တာဝန်ရှိသူတွေကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေ အတိုင်းအတိအကျ ပြင်ဆင်ထားတာကြောင့် မိဘတွေအနေနဲ့ စိုးရိမ်မနေဘဲ ကူးစက်ရောဂါက ကာကွယ်နိုင်ဖို့ကို ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားကြောင်း သိရှိရသည်…

Leave A Reply

Your email address will not be published.

error: Content is protected !!