ကိုယ့်မှာရှိတဲ့ အလှတရားကို အကောင်းဆုံး တန်ဖိုးထားကြောင်း ပြသလိုက်တဲ့ သင်ဇာဝင့်ကျော် ရဲ့ ဗီဒီယို…
အမြဲလိုလို သူမရဲ့ခန္ဓာကိုယ်အလှကို ဂုဏ်ယူစွာနဲ့ တင်လေ့ရှိတဲ့ သင်ဇာတစ်ယောက် ဒီနေ့မှာ လည်း သူမရဲ့ တင်ပါးအလှကို ထင်ထင်ရှားရှား ပြသခဲ့ပါ တယ်။ တင်ပါးမှာရှိတဲ့ အကြောပြတ်ရာ လေးတွေကိုလည်း သူမရဲ့သဘောကျကြောင်းနဲ့ ဒီအကြောပြတ်ရာလေးတွေဟာ သူမရဲ့ အသားအရည်ကို ပိုပြီးလှစေတယ်လို့ထင်ကြောင်း ပြောခဲ့ ပါသေးတယ်…


လူတိုင်းမှာ ကိုယ်ပိုင်အလှတရားတစ်ခုစီကတော့ ရှိ တတ်စမြဲပါ။ ကိုယ်ပိုင်ဆိုင် ထားတဲ့ အရာအပေါ်မှာ စိတ်ပျက်အားငယ်မနေဘဲ ကိုယ့်အလှစစ်ကို ကိုယ်တိုင်ရှာဖွေနိုင်ဖို့လိုပါတယ်။ သူများနဲ့မတူဘဲ ရလာတဲ့ ဒီအရာလေးအပေါ်မှာ စိတ်အနှောက်အယှက်ဖြစ်မနေဘဲ ဒါကို အလှတစ်ခုလို သဘောထား လိုက်ရင် ဒီအပေါ်မှာဖြစ်ပေါ်နေတဲ့ မကောင်းတဲ့ခံစားချက်တွေ အကုန်ပျောက်သွားမှာပါ။ သင်ဇာကတော့ သူမရဲ့အကြောပြတ်ရာလေးတွေကို တန်ဖိုးထားကြောင်း ဗီဒီယိုလေးနဲ့ သက်သေပြခဲ့ပါတယ်…


သူမရဲ့ ဗီဒီယိုလေး ကို ” I love my stretch mark, it makes my skin unique ” ဆိုပြီး ဝေမျှခဲ့ပါ တယ်။ အကြောပြတ်တယ်ဆိုတာ အဝလွန် နေရာကနေ ပိန်သွားရင်လည်းပေါ်တတ်သလို လမ်းလျှောက်ရတာများလို့ပဲဖြစ်ဖြစ် တခြားအကြောင်းအရာ အမျိုးမျိုး ကြောင့်ပဲဖြစ်ဖြစ် ပေါ်လာ တတ်ပါတယ်။ သံလွင်ဆီလေးပုံမှန် လူးပေးရင်တော့ အနှေးနဲ့ အမြန်ပျောက်ကင်းနိုင်ပါ တယ် ပရိသတ်ကြီးရေ…