Latest Breaking News & Headlines

ကင်ဂျုံအမ် သေဆုံး ခဲ့သော် နန်းတက်မယ့်သူ ( သို့) မြောက်ကိုရီးယား ရဲ့ မျိုးဆက် သန့်စင် တဲ့ ပက်ခရု မျိုးဆက် နန်းလျာ ကို ရှာဖွေခြင်း…

175

မြောက် ကို ရီး ယားခေါင်းဆောင် ကင်ဂျုံအ န်၏ ညီမ ဖြစ်သူ ကင်ယိုဂျုံအား ၁၆-၆-၂၀၂၀ ရက်နေ့တွင် တောင်မြောက်ကိုရီး ယား နှစ်နိုင်ငံဆက်ဆံရေး ရုံးအား ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲကာ ဖျက်ဆီးမှုအပေါ် တောင်ကိုရီးယား အစိုးရ ရှေ့နေများက ပြည် သူပိုင်ပစ္စည်း ကာကွယ်ရေး စောင့်ရှောက်မှု ဥပဒေဖြင့် တရားစွဲ ဆိုကာ အမှုဖွင့် လိုက်ပြီဖြစ်ကြောင်း ဇူလိုင်လ ၁၆ ရက်နေ့ တွင် တရားဝင်ကြေညာလိုက်ပြီဖြစ် သည် ။

ကင်ယိုဂျုံအား ယခုကဲ့ သို့ အမှု ဖွင့်လိုက်ခြင်းကြောင့် ကိုရီးယား ၂ နိုင်ငံ ဆက်ဆံရေးသည် လည်း ပိုမိုဆိုးရွားလာတော့သည်။ ကင်ယိုဂျုံသည် ကိုရီးယား ၂ နိုင်ငံ ဆက်ဆံရေးရုံးအား ဖောက်ခွဲ ဖျက်ဆီးခြင်း တွင် ယင်းရုံး သည် မြောက်ကိုရီးယား နယ်နိမိတ်အတွင်း၌ တည်ရှိသော် လည်း တောင်ကိုရီးယားမှ ယွမ်သိန်းပေါင်း မြောက်များစွာ အ ကုန်အကျခံကာ တည်ဆောက် ပေးထားခြင်း ဖြစ်သည်ကို တွေ့ ရှိရသည်။

ယင်း ကြောင့်ပင် တောင်ကိုရီးယား ၏ ပြည်သူ ပိုင် ပစ္စည်းဖြစ်ကြောင်း ရှေ့နေအဖွဲ့ချုပ်မှ ထောက်ပြကာ တိုင်ကြား လာသောကြောင့် လက်ခံစစ်ဆေးနေရခြင်း ဖြစ်သည်။ တောင် ကိုရီးယား တွင် ဖောက်ခွဲရေး ပစ္စည်း များ အသုံးပြုကာ ပြည်သူ ပိုင်ပစ္စည်း ဖျက်ဆီးမှုဥပဒေပုဒ်မသည် အနည်းဆုံးထောင်ဒဏ် ၇ နှစ်ဖြစ်စေ သေဒဏ်ထိဖြစ်စေ ချမှတ်နိုင်သော ပုဒ်မဖြစ်သည် …

ယင်းဖြစ်ရပ် အတွက် တောင်ကိုရီးယား အစိုးရ သည် မိမိတို့နိုင်ငံ အတွင်းသို့ ပြည်ပြေးများက မိုးပျံပူဖောင်းများဖြင့် ဝါဒဖြန့်စာရွက် များ ပေးပို့နေမှုကို မလိုလားသောကြောင့် ၂ နိုင်ငံ ဆက် ဆံရေး ရုံးအား ဖောက်ခွဲဖျက်ဆီးရခြင်း ဖြစ်ကြောင်း၊ ဖောက်ခွဲဖျက်ဆီး ရန် ကင်ယိုဂျုံက လက်မှတ်ထိုးကာ အမိန့်ပေး ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရ က ကြေညာကာ သတင်း ထုတ်ပြန် ခဲ့သည် ။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ကင်ယိုဂျုံအား အ ပြစ်ပေး အရေးယူရန် တိုင်ကြားခဲ့သည့် ရှေ့နေလီဂျွန်ဂျေးက မြောက်ကိုရီးယား ခေါင်းဆောင်များသည် ဥပဒေ လိုက်နာမှု ကင်းမဲ့လျက်ရှိကြောင်းကို ပြသလျက်ရှိကြောင်း ထို့ကြောင့် အ မှုဖွင့်ရခြင်း ဖြစ်သည်ဟုဆိုသည်။ အဖြစ်မှန်ကို တင်ပြရလျှင် မြောက်ကိုရီးယား သည် အမေရိကန်နှင့် နျူကလီယား အရေး ဆွေးနွေးညှိနှိုင်းမှုများ၌ ရှေ့မတိုးသာသည့် အခြေအနေတွင် ရောက်ရှိနေ သည်။

အမေရိကန် က ဆန်ရှင်များ ရုပ်သိမ်းမှုမပြု သေးသဖြင့် စိတ်ရှုတ်ထွေးမှု များပြားလာသော မြောက်ကိုရီး ယား သည် အမေရိကန်အား သွယ်ဝိုက်သည့် နည်းလမ်းဖြင့် ဖိ အားပေးသည့် အနေဖြင့် တောင်ကိုရီးယား ကို ရန်စခြင်းသာ ဖြစ်သည် ဟု လေ့လာသူများ က သုံးသပ် ထားသည်။

မြောက် ကို ရီး ယားခေါင်းဆောင် ကင်ဂျုံအန်သည်ညီမဖြစ် သူ ကင်ယိုဂျုံအား ခေါင်းဆောင်၏ ညီမ၊ ခေါင်းဆောင်ကင် ၏ ကိုယ်ရေး အရာရှိစသည့် ရာထူးများပေးထားသည်မှ နိုင်ငံ့ဦး ဆောင်သူ အဖြစ်သို့ ရာထူးတိုးမြှင့်သွားရန် ရှိ သည်ဟု အ ထောက် အထား သစ်များ ပေါ်ထွက်လာကြောင်းကို Daily NK သတင်းဌာန၏ ဇူလိုင်လ ၁၄ ရက်နေ့ထုတ်သည့် သတင်းမှဘ ရက်ဒလီကေမာဒင်၏ သတင်းဆောင်းပါး၌ ဖော်ပြထားသည် ကို တွေ့ရှိရသည်။

ဆက်လက်ဖော်ပြထားသည်မှာ မြောက်ကိုရီး ယား အာဏာရအလုပ်သမား ပါတီကော်မတီ၏ နိုင်ငံရေးဌာန တွင် ကင်ယိုဂျုံကို အလှည့်ကျအဖွဲ့ဝင်အဖြစ်မှ အမြဲတမ်းအဖွဲ့ ဝင်အဖြစ် ရာထူးတိုးမြှင့်လိုက်သည်ဟု ဖော်ပြထားသည်။ ၂-၇- ၂၀၂၀ ရက်နေ့တွင် ပြုလုပ် သည့် ဗဟိုနိုင်ငံရေး ပါတီအစည်းအ ဝေးတွင် ကင်ယိုဂျုံက အမြဲတမ်းအဖွဲ့ဝင်အဖြစ်တက်ရောက်ခဲ့ ကြောင်း အမည် မဖော်လိုသည့် သတင်းရင်းမြစ်တစ်ခု ကို ကိုး ကား ၍ Daily NK ကဖော်ပြခဲ့သည်။ လက်ရှိအခြေအနေအရ ကင်ယိုဂျုံသည် ဗဟိုနိုင်ငံရေးပါတီ၏ အမြဲတမ်းပါတီအဖွဲ့ဝင် ဟုတ်မဟုတ် တိကျစွာ မသိရှိရသေးသော် လည်း အစည်းအဝေး တက်ရောက်ခဲ့ကြသည့် အရာရှိအများစုက သတိပြုမိကြ ကြောင်း ပါ ရှိသည်။

Daily NK သတ င်းဌာန သည် မြောက်ကိုရီး ယားနိုင်ငံတွင်းရှိ သတင်းရင်းမြစ် များထဲမှ သတင်းကို လက်ကိုင် ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ရယူထားခြင်းပင်ဖြစ်သည်။ ထိုသတင်းသာ မှန်ပါက အကယ် ၍ လက်ရှိခေါင်းဆောင် ကင်ဂျုံအန်သာ ဆုံးခဲ့ လျှင် မြောက်ကိုရီးယားနိုင်ငံ ကို အုပ်ချုပ် သည့် ကင်မိ သားစု တွင်းမှမည်သူက ခေါင်းဆောင်ရာထူး ကို ဆက်ခံ မည် လောဟူသည့် မေးခွန်းကို ၁၅-၇-၂၀၂၀ ရက်နေ့ထုတ် Asia Time သတင်းစာတွင် သုံးသပ်ထားသည် ကို အတည်ပြုနိုင်ပြီ ဟူ၍ မစ္စတာ မာတင်ကကောက်ချက်ချသည်။

ပါတီ ၏ မဏ္ဍိုင်

ခေါင်းဆောင် ကင်ဂျုံအန် ၏ သားဖြစ်သူက နိုင်ငံအားဦး ဆောင်နိုင် မည့် အရွယ် မရောက်သေးမီ ကာလအတွင်း ၌ ကင်ယိုဂျုံကို ခေါင်းဆောင်ကင်ဂျုံအန်၏ တွဲဘက်အုပ်ချုပ်သူကဲ့ သို့ သြဇာအာဏာရှိသူ အဖြစ် တာဝန်ယူရန် ကင်ဂျုံအန်အစိုးရ အ ဖွဲ့က ရွေးချယ်ထားပုံရသည်ဟုလည်း မှတ်ချက်ပေးထားသည်။ ကင်မိသားစု၏ အစဉ်အလာအား ပြန်လည်သုံးသပ်ကြည့်လျှင် လက်ရှိ ခေါင်းဆောင် ကင်၏ဖခင်ဖြစ်သူ ကွယ်လွန်သူ ကင်ဂျုံ အီသည် ၁၉၉၇ ခုနှစ်ကတည်းက ကင်ဂျုံအန်ကို ခေါင်းဆောင် ရာထူး လွဲပြောင်းဆက်ခံမည့်သူအဖြစ် လျို့ဝှက်စွာရွေးချယ် ထားခဲ့ပြီးနောက် ပါတီ ၏ မဏ္ဍိုင် ဟု အမည်တပ်၍ သြဇာအာဏာ ကြီးမားသည့် အခန်းကဏ္ဍမှ တာဝန်ယူစေ ခဲ့သည်။

၁၉၈၀ ပြည့် နှစ် မတိုင်မီထိ ကင်ဂျုံအန် ကို ခေါင်းဆောင်ရာထူး ဆက် ခံမည့် သူအဖြစ် တရားဝင်ကြေညာခဲ့ခြင်း မရှိပေ ။ ထူးခြားဆန်းကျယ် သည့် ဘွဲ့ထူးဂုဏ်ထူးဖြစ်သည့် ပါတီ၏ မဏ္ဍိုင်ဘွဲ့ကို ကင်ဂျုံ အန် အစိုးရက ပြန်လည် အသက်သွင်းထားပြီး ယခုအကြိမ် ၌ ထို ဘွဲ့ထူး ပိုင်ဆိုင်သူသည် ကင်ယိုဂျုံဖြစ်ရန် အလားအလာအ ကောင်းဆုံးဖြစ်သည်ဆို သည့် သတင်းများက လည်း တစ်စ ထက်တစ်စ ပေါ်ထွက်လာသည်။

မြင်းဖြူ စီးနေ သည့် ကင်ယိုဂျုံ

အိုဆာဂါမြို့အခြေစိုက် Asia Press/ Rimjmgang သတင်း ဌာန ၏ အယ်ဒီတာချုပ်ဂျီရိုကစ်ရှီမာရုကလည်း ကင်ယိုဂျုံ ၏ လက်ရှိရာထူးနှင့် ရာထူးတိုးမည့် အလားအလာများ ကို စုံစမ်း ကာ ဖော်ပြလျက် ရှိသည်။ ကစ်ရှီမာရု၏ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြချက်အရ အကယ်၍ခေါင်းဆောင် ကင်ဂျုံအန် ရုတ်တ ရက်ကွယ်လွန်လျှင်(သို့)ခေါင်းဆောင် တာဝန် ကို ထမ်းဆောင် နိုင်စွမ်း မရှိတော့လျှင် ပါတီ၏ ထိပ်တန်းအရာရှိများနှင့် စစ်တပ် ခေါင်းဆောင်များက ယာယီတာဝန် ထမ်းဆောင်ကြရမည် ဖြစ် သော်လည်း အခြေခံအားဖြင့် ခေါင်းဆောင်ကင်ဂျုံအန် ၏ အမြင့် ဆုံးသြဇာ အာဏာ ကို အမွေဆက်ခံမည့်သူ သည် ကင်ယိုဂျုံသာ ဖြစ်သည်ဟု ဖော်ပြထားသည်။

၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖခင်ဖြစ် သူ ကင်ဂျုံအီကွယ် လွန်သွားပြီး အစ်ကိုဖြစ်သူ ကင်ဂျုံအန်ခေါင်းဆောင် က အာဏာ ရရှိချိန်မှစ၍ ကင်ယိုဂျုံကို မြောက်ကိုရီယား အစိုးရပိုင် မီဒီယာ များတွင် ထင်ရှားစွာ စတင်တွေ့ ရှိလာရသည်။ ကင်ယိုဂျုံ၏ အဖိုးဖြစ်သူ မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သည့် ကင်အီ ဆွန်းက ဂျပန်ကိုလိုနီများအား ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် နေရာအဖြစ် အထွတ် အမြတ်ထားရာ ပက်ခရုတောင်ပေါ်တွင် အဒေါ်ဖြစ်သူ အင်ကျန်ဟွေးနှင့် ယှဉ်တွဲ၍ မြင်းဖြူစီးနေသော ကင်ယိုဂျုံ၏ ရုပ်ပုံကို မြောက်ကိုရီးယား နိုင်ငံသားတိုင်း သတိထားမိ ခဲ့ကြ သည်။ လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ ကင်ယိုဂျုံသည် ပါတီ ဗဟိုကော်မတီဝင် ဖြစ်လာပြီး ၂၀၁၇ ခုနှစ်၌ ပါတီအတွင်း သီး သန့်ရှိနေသည့် လွန်စွာအရေးပါသော နိုင်ငံရေးဌာန ၏ အလှည့် ကျအဖွဲ့ဝင်သို့ တက်လှမ်းခဲ့သည်။

ပြင်ဆင် လေ့ကျင့်ပေးခြင်း

တောင်ကိုရီးယားနိုင်ငံ တွင် ၂၀၁၈ ခုနှစ် ပြုံချမ်းဆောင်းရာ သီ အိုလံပစ်အားကစား ပွဲအတွက် တောင်ကိုရီးယားသို့ ကင်ယို ဂျုံ သွားရောက်၍ သမ္မတမွန်ဂျေအင်းနှင့် တွေ့ဆုံသည့် အခါ ၌ ကမ္ဘာ့နိုင်ငံများစွာမှ ကင်ယိုဂျုံကို သတိထားမိလာကြသည်။ ကင်ယိုဂျုံ၏ ထိုခရီးစဉ်သည် ကိုရီးယားစစ်ပွဲနောက်ပိုင်းတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မိသားစုဝင် တစ်ဦး မှ တောင်ကိုရီးယားမြေပေါ်သို့ ပထမဦးဆုံးခြေချ သည့် ဖြစ်ရပ်ဟူ ၍ ကမ္ဘာမှ မှတ်တမ်းတင်နို င်ခဲ့သည် မွန်ဂျေအင်း၊ ဒေါ်နယ်ထရမ့်၊ ရှိကျင့်ဖျင် စသည့်ကမ္ဘာ့ခေါင်းဆောင်များနှင့် ကင်ဂျုံအန်တို့ တွေ့ဆုံဆွေးနွေးပွဲတွင်လည်း ကင်ယိုဂျုံ သည် အစ်ကိုဖြစ်သူ ကင်ဂျုံအန်နှင့် အတူတ ကွ ယှဉ်တွဲတွေ့ရှိလာရသည်။

၂၀၁၉ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်တွင် ကင်ဂျုံအန် နှင့် ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံပွဲပျက်ပြားခဲ့ပြီးနောက် ကင်ယိုဂျုံကို ဗဟိုနိုင်ငံရေး ပါတီ၏ အလှည့်ကျ အဖွဲ့ဝင်အဖြစ်မှ ခေတ္တရာထူးဖြုတ် ချထားခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် ဧပြီလ တွင် ထိုရာထူးကို ပြန်လည်ရရှိခဲ့သည်။ အများပြည်သူ မြင်ကွင်း မှ ကင်ဂျုံအန် ပျောက်ကွယ်နေချိန်၌ ကင်ယိုဂျုံက အစိုးရ အဖွဲ့ ၏ လုပ်ရပ်ဆိုးများ အတွက် တာဝန်ယူခဲ့သည်။

တောင်နှင့် မြောက် ကိုရီးယား ပေါင်းစည်းရေး ဆွေးနွေးပွဲများတွင် တောင် ကိုရီးယားက ယုံကြည်ဖွယ်ရာ မကောင်းကြောင်း မြောက်ကိုရီး ယားနှင့် အမေရိကန်အကြား သဘောထား ကွဲလွဲမှုများကို ဖြေ ရှင်းနိုင်ရန် သမ္မတ ထရမ့် ၏ စကားလုံးများနှင့် ခင်မင်ရင်းနှီးမှု များက လုံလောက်မှု မရှိကြောင်း ကင်ယိုဂျုံက ထုတ်ဖော်ပြော ဆိုသည်။ ကစ်ရှိမာရု အမြင်သဘောထားတွင် ကင်ယိုဂျုံသည် ရည်ရွယ်ချက် ကြီးမားသူဖြစ်ကြောင်း သူမ၏ ပြည်တွင်းပြည်ပ ဖန်တီးမှု ပုံရိပ်များအရ ထင်ရှားသိသာလှသည်။ ကင်ယိုဂျုံက နိုင်ငံကို တရားဝင်ဦးဆောင်နေ သူ မဟုတ်သော် လည်း အစိုးရ အဖွဲ့အတွင်း၌ အလွန်သြဇာအာဏာရှိပြီး ခေါင်းဆောင်ရာထူး လက်ခံကာ လွှဲပြောင်းရယူနိုင်ရန် သူမအားပြင်ဆင်လေ့ကျင့် ပေးနေ သည် ဟုလည်း သုံး သပ် ထားသည်။

သုတ်သင် ရှင်း လင်းခြင်း

မြောက် ကိုရီးယားနိုင်ငံ၏ ဥပဒေများ ချမှတ်ရာတွင် လမ်း ညွှန်ချက်အဖြစ် အသုံးပြုသည့် မဟာစည်းမျဉ်း ၁၀ ချက်ကို ကင်ဂျုံအန် အုပ်ချုပ်သည့် ကာလနှင့် ကိုက်ညီရန် ၂၀၁၃ ခုနှစ် ဇွန်လ တွင် ပြင်ဆင် ခဲ့ သည် ။ ပြင်ဆင်ချက်များအနက် ဝါကျတစ် ခုတွင် ပါတီ၏ ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်း၍ ပက်ခရု မျိုးဆက်တစ်လျှောက် ထာဝရတော်လှန်ရေး ဆ င်နွဲ သွား မည် ဟု ပါရှိပြီးနောက် ထပ်မံ၍ဝါကျတစ်ကြောင်း၌ ပက်ခရုမျိုးဆက်၏ သန့်စင်မှုကို သေချာကျနစွာ စောင့်ထိန်းရိုသေပါမည်ဟု ဖော်ပြ ထား သည် ။

ကစ်ရှီမာရုက ကိုးကား ဖော်ပြထား သည့် ထိုစည်း မျဉ်းအရ ကင်မိသားစုပြင်ပမှ မည်သူကမျှ ခေါင်းဆောင်ဖြစ်ရ မည် မဟုတ်ဟု ကစ်ရှိမာရုက ယူဆသည်။ ထို့ကြောင့်လည်း ကင်ဂျုံအန်ရာထူး စတင်လက် ခံ စ ဉ် အချိန်တွင် မိမိ၏ရာထူးကို ခြိမ်းခြောက်ကာ အန္တရာယ်ပြုနိုင်သည်ဟု ယူဆရသည့် နိုင်ငံ ရေးနှင့် စစ်ဘက်ခေါင်းဆောင်အချို့ကို သုတ်သင်ရှင်းလင်းခဲ့ ခြင်းပင်ဖြ စ်သည်…

အလား အလာ ကောင်းမွန်နေခြင်း


ခေါင်းဆောင်ရာထူး ဆက်ခံသူစာရင်း၏ ထိပ်ဆုံးရှိ ကင်ဂျုံအန် ၏ သား အကြီး ဆုံး သည် ယခု ၁၀ နှစ်သာ ရှိနေသဖြင့် ခေါင်း ဆောင်ရာထူး လက်ခံနိုင်ရန် အနည်းဆုံး အနှစ် ၃၀ ခန့် စောင့် ရမည် ဖြစ်သည်။ ထို့ကြောင့် သန့်စင်သည့် ပက်ခရု မျိုးဆက် အ ဖြစ် ကင်ဂျုံအန်ရာထူးကို ဆက်ခံရန် ညီမဖြစ်သူ ကင်ယိုဂျုံက တန်းစီဇယားအရ ဒုတိယဖြစ်နေသည့်တိုင် နောက်ထပ် ၁၀ နှစ် အတွင်း ကင်ဂျုံအန်သေ ဆုံးခြင်း (သို့) တာဝန်ကို ထမ်းဆောင် ခြင်းမ ပြုနိုင်ပါက ကင်ယိုဂျုံက ခေါင်းဆောင် အဖြစ် အုပ်ချုပ်ခွင့် ရရန် အလားအလာ ကောင်းမွန်နေ သည် ကို တွေ့ရှိနေ ရသည် ။ တရားစွဲဆိုခံနေရသူ ကင်ယိုဂျုံ သည် မြောက် ကို ရီးယား ၏ ခေါင်းဆောင် ဖြစ်လာမည်လောဟူသည့် အချက်ကို ကမ္ဘာမှ စောင့်မျှော်လျက် ရှိနေကြ သည်…

Leave A Reply

Your email address will not be published.

error: Content is protected !!