ကုလားတဲလူငယ်စင်တာ သမိုင်းကြောင်း…
(KuLaTel Youth Center) Background History of KYC
ကုလားတဲ လူငယ်စင်တာသည် ဗြိတိသျှကောင်စီ(British Council) မှ ကြီးမှူးကျင်းပသော တက်ကြွလှုပ်ရှား နိုင်ငံသား ( Active Citizens)အစီအစဥ် မှ စတင်ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင် ကုလားတဲ ကျေးရွာနေ လူငယ်တစ်ဦးသည် တက်ကြွလှုပ်ရှား နိုင်ငံသားအစီအစဥ်ကို တက်ရန်ရန် ရွေးချယ်ခံခဲ့ရပါသည်။ ထိုသင်တန်းပြီးသွားတဲ့နောက် ထိုလူငယ်မှ ကျေးရွာနေ လူငယ်များအား စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်သော သင်တန်းများ ၊ ခေါင်းဆောင်မှုသင်တန်းများ ၊ စာဖတ်မြှင့်တင်ရေး အစီအစဥ်များ ၊ ကျန်းမာရေး နှင့် အားကစား လေ့ကျင့်ခန်းများ ၊ လူငယ်များ လွပ်လပ်စွာ လေ့လာသင်ယူနိုင်သော နေရာများ ပါဝင်သော စင်တာ တစ်ခု ဆောက်၍ ကျေးလက်နေလူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရန် ဗြိတိသျှကောင်စီသို့ Project KYC အနေနှင့် ထောက်ပံ့ငွေ ရရှိရန် ကြိုးစားခဲ့ပါသည်။

ဗြိတိသျှကောင်စီမှ ထောက်ပံ့ငွေ သိန်း ၁၀၀ ကျပ် ရရှိခဲ့ပါသည်။ သို့သော် စင်တာ တစ်ခု တည်ဆောက်ရန် မလုံလောက်နိုင်သောကြောင့် ကျေးရွာတွင်ရှိသော ဒေသတွင်း အဖွဲ့အစည်းများ ၊ ဆရာတော်ဘုရားများ ၊ ဒေသခံ မိဘပြည်သူများနှင့် ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။ နောက်ဆုံးတွင် စင်တာဆောက်လုပ်ရန် ပူးပေါင်းပါဝင်ငွေ သိန်း ၃၅၀ ထပ်မံရရှိခဲ့ပါသည်။ အသေးစိတ်မှာ-
(၁)ရောင်ခြည်သစ်စာကြည့်တိုက်သည် မူရင်း အဆောက်အဦး နှင့် မြေနေရာအား ရောင်းချ၍ စုစုပေါင်းရသောငွေ သိန်း ၂၂၀ မှ ကုလားတဲ လူငယ်စင်တာသို့ သိန်း ၂၀၀ ကျပ် ပါဝင်ကူညီခဲ့ပါသည်။
(၂) ပညာပါရမီ အသင်းမှ သိန်း ၁၀၀ ကျပ် ပူးပေါင်းပါဝင်ခဲ့ပါသည်။
(၃) ဘုန်းဘုန်းဦးမဏ္ဌလ မှ သိန်း ၅၀ ကျပ် ပူးပေါင်းပါဝင်ခဲ့ပါသည်။

ဗြိတိသျှကောင်စီမှ ထောက်ပံ့ငွေ အပါအဝင် စုစုပေါင်း သိန်း ၄၅၀ နှင့် ကုလားတဲ လူငယ်စင်တာကို စတင်ခဲ့ပါသည်။ ကုလားတဲ လူငယ်စင်တာသည် ရန်ကုန်မြို့ကြီး နှင့် တခြားနယ်ပယ်များမှ သက်ဆိုင်ရာ ပညာရှင်များ ၊ ဆရာများ ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်၍ ကျေးလက်နေလူငယ်များ၏ ဘဝကို မြှင့်တင်ပေးနိုင်ရန် အစွမ်းကုန် ကြိုးစားနေပါသည်။ တစ်နည်းအားဖြင့်ဆိုသော် ကုလားတဲ လူငယ်စင်တာသည် ပူးပေါင်းလုပ်ဆောင်တတ်ခြင်း၏ ပြယုဒ်ဖြစ်ပါသည်။ ကိုယ်ထူကိုယ်ထ ကြိုးစားပီး နိုင်ငံတော်ကို ကူညီနေခြင်း ဖြစ်ပါသည်။ ကျေးလက်နေပြည်သူတို့၏ အိပ်မက်ကို အကောင်အထည် ဖော်နေခြင်းဖြစ်ပါသည်…။
ကျွန်တော်တို့ KYC (ကုလားတဲလူငယ်စင်တာ)မှအောက်ပါလုပ်ဆောင်ချက်(activity)များ လုပ်ဆောင်သွားပါမည်…
၁။စာကြည့်တိုက်တွင် အရည်အသွေးပြည့်ဝ သောစာအုပ်များ ဖြည့်တင်ပေးမည်။
၂။စာဖတ်သူတွေ စိတ်ဝင်စားမည့်အကြောင်း အရာ၊စာပေအမျိုးအစားများကို စစ်တမ်း ကောက်ယူမည်။

၃။စာပေစကားဝိုင်း အပတ်စဥ်ကျင်းပသွားမည်။
၄။ပညာပါရမီအသင်းနှင့်ပူးပေါင်း၍ စာပေဗဟု သုတနှင့်သက်ဆိုင်သော ဆုများချီးမြှင့်သွား မည်။
၅။ကွန်ပျူတာ၊internet access(အင်တာနက် အသုံးခြင်း)နှင့် မြန်မာ-အဂ်လိပ်အဘိဓာန် (Myanmar-English Dictionary) ထားပေးပြီး အင်တာနက်ကို အကျိုးရှိစွာ အသုံးပြုမည့်(Google)လုပ်ဆောင်နည်းများ ကို သင်ပြပေးမည်။
၆။လုပ်ငန်း(Workshop)တွေ၊လူထုတွေ့ဆုံပွဲ (Campain)တွေပြုလုပ်ပေးမည်။
၇။ခေါင်းဆောင်မှုသင်တန်းတွေ ပေးမည်။ အသင်းအဖွဲ့နှင့်လုပ်ဆောင်ရသော လုပ်ငန်း များ၊ကျောင်းနှင့်ပူးပေါင်းပြီး လုပ်ရသော လုပ်ငန်းများ (Self-organized Project)များ ပေးမည်။
၈။အလုပ်အကိုင်အခွင့်အလမ်းများ၊ပညာတော် သင်အခွင့်အလမ်းမျာ မျှဝေပေးမည်…

အဆင့်မြှင့်စာကြည့်တိုက်ဝန်ဆောင်မှုများ ၊ သင်တန်းများ ၊ လူငယ်တိုးတက်ရေး အစီအစဥ်များနှင့် ရေရှည်တည်တံ့ ခိုင်မြဲရေးတို့အတွက် ရန်ပုံငွေ တောင့်တင်းရန်လိုပါသည်။ စိတ်ပါဝင်စားသော မိဘပြည်သူ ညီအကို မောင်နှမများ အနေနဲ့လည်း တတ်နိုင်သလောက် ပါဝင်လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်…

ကုလားတဲ လူငယ့်စင်တာတွင် တပ်ဆင်ရန်လိုအပ်နေသော ပစ္စည်းကိရိယာများနှင့် အကြမ်းခန့်မှန်းကုန်ကျစရိတ်…
၁။ စာဖတ်စားပွဲ (စာကြည့်တိုက်သုံး တစ်ယောက်ဖတ် စာကြည့်စားပွဲ)- ၈ စုံ × ၆ သောင်း
၂။ စာအုပ်စင် – 2 စင် × ၁သိန်းခွဲ
၃။ Printer/Copier – လေးသိန်း
၄။ KYC ဆိုင်းဘုတ် နှင့် အလှဆင် – ၃သိန်း
၅။ စာအုပ် – တစ်လလျှင် တစ်သိန်းဖိုး အနည်းဆုံး ဖြည့်ရန်
၆။ Computer – ၃စုံ ×၆သိန်း
၇။ခေါင်းဆောင်မှုသင်တန်းနှင့် အခြားလူငယ်ရေးရာ သင်တန်း – ၄ခု × ၁၀သိန်း
၈။ စာကြည့်တိုက်အတွင်း နားနေစာဖတ်ရန် ခုံနှင့် ပစ္စည်းကိရိယာ – လေးသိန်း
၉။ CCTV နှစ်စုံ – သုံးသိန်း၁၁။ Table Tennis စားပွဲ – ၂စုံ × ၃သိန်း
KYC Community Center Page တွင် ဆက်သွယ်၍ လှူဒါန်းနိုင်ပါသည်…
KuLaTel Youth Center (KYC) အကြောင်း ပိုမို သိရှိလိုပါက KYC Community Center Pageတွင် လေ့လာနိုင်ပါတယ်…
KuLaTel Youth Center (KYC) အကြောင်း ပိုမို သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်နိုင်ပါသည်။
09400500455 /
09898663959
ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြင့် ကျေးလက်နေလူငယ်များကို မြှင့်တင်ကြပါစို့။
ရှေ့ဆက်လုပ်ဆောင်မည့် အစီစဥ်များ ၊အဆင့်မြှင့်စာကြည့်တိုက်ဝန်ဆောင်မှုများ ၊ သင်တန်းများ ၊ လူငယ်တိုးတက်ရေး အစီအစဥ်များနှင့် ရေရှည်တည်တံ့ ခိုင်မြဲရေးတို့အတွက် ရန်ပုံငွေ တောင့်တင်းရန်လိုပါသည်။ စိတ်ပါဝင်စားသော မိဘပြည်သူ ညီအကို မောင်နှမများ အနေနဲ့လည်း တတ်နိုင်သလောက် #ပါဝင်လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်…