Latest Breaking News & Headlines

(၆) နှစ်ကျော် ကြာ သူမရဲ့ အိမ်ထောင်ရေး ပြတ်စဲ ခဲ့ရတဲ့ အကြောင်းအရင်း ကို ဖွင့်ဟလာတဲ့ ရေဗက္ကာဝင်း…

159

ရေဗက္ကာဝင်း နဲ့ ခင်ပွန်းဖြစ်သူ ကိုကောင်းကျော်ဆွေ တို့ ဇနီးမောင်နှံ ဟာ ၂၀၁၃ ခုနှစ် မေလ ၁ ရက်နေ့က Judson Church ဘုရားကျောင်း မှာ မင်္ဂလာပွဲ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်း ဟာ ၆ နှစ်တာကာလ ကို ကျော်လွန်လာခဲ့တဲ့နောက်မှာတော့ နှစ်ဦးသဘောတူ ကွာရှင်းခဲ့ကြတာပါ…

ဒီရက်ပိုင်းမီဒီယာတွေ့ဆုံပွဲ တစ်ခုမှာတော့ ရေဗက္ကာဝင်းက သူမရဲ့ ၆ နှစ်ကျော်ကြာအိမ်ထောင်ရေး ပျက်စီးသွားခဲ့ရတဲ့ အဓိက အကြောင်းအရင်းကိုဖွင့်ဟလာခဲ့တာပါ

ရေဗက္ကာဝင်းက ” အိမ်ထောင်ရေးဆိုတာတော့ ကံစမ်းမဲပါပဲ အဆင်ပြေတဲ့လူရှိမယ် မပြေတဲ့လူရှိမယ်ပေါ့ ဗက္ကာကတော့ အဆင်မပြေဘူး ဖြစ်သွားတာပေါ့ နည်းလမ်းပေါင်းစုံ နဲ့ ညှိနှိုင်းခဲ့ပါသေးတယ် ဒါပေမယ့် ဘယ်လိုမှ အဆင်ပြေတဲ့ လားရာ ဖြစ်မလာဘူးပေါ့နော် ဒါကြောင့်အရင်ဆုံး Separated အရင်နေကြည့်တယ် နောက် ကျတော့ Divorce လုပ်လိုက်တာပါ” လို့ ပြောပြလာခဲ့တာဖြစ်ပါတယ်…

ဒါ့အပြင် ရေဗက္ကာဝင်းက ” “ကိုယ့်သဘော နဲ့ ကိုယ်ပြုခဲ့တဲ့ အိမ်ထောင်ရေးကြောင့် မိဘ ၊ မောင်နှမတွေ အရှက် မကွဲရအောင် နည်းလမ်းမျိုးစုံ နဲ့ ထိန်းသိမ်း တည်ဆောက်ဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ဆုံး ဘယ်လိုမှ လုပ်လို့ မရတော့လို့ တိုင်းသိပြည်သိ နဲ့ ကွာရှင်း / Divorce လုပ်ခဲ့တာပါ။ ညှိနှိုင်းဖို့ အကြိမ်ကြိမ် ကြိုးစား ခဲ့ပါသေးတယ်” လို့ ထပ်ဆောင်း ပြောပြလာခဲ့တာပါ…

ရေဗက္ကာဝင်းကိုတော့ အချစ်သီချင်း ချိုချိုလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိ လာခဲ့တာဖြစ်ပါတယ်…

Leave A Reply

Your email address will not be published.

error: Content is protected !!