စိတ်ဓာတ်ကျနေတဲ့ အချိန် အားမပေးဘဲ ဖိအားပေးနေတဲ့ လူတွေ ကို LIVE လွှင့်ပြီး ဒဲ့ပြောလာတဲ့ ယုန်လေး…
လတ်တလောမှာတော့ ယုန်းလေးက သူရဲ့”စည်းလုံးသင့်ပြီမြန်မာပြည်”ဆိုတဲ့သီချင်း ဗွီဒီယိုနှင့် ပက်သက်ပြီး ဝေဖန် တိုက်ခိုက်မှုတွေကိုခံနေရတာဖြစ်ပါတယ်။ ဒီသီချင်းနဲ့ပတ်သက်ပြီးတော့လည်း ရုပ်ရှင်အစည်းအရုံးနာယကများညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်အရအဆိုတော်ယုန်လေးအား ရိုက်ကူးခွင့်ထောက်ခံချက် တစ်နှစ်ဆိုင်းငံ့လိုက်ကြောင်းသိရပါတယ်…

ယုန်လေးရဲ့”စည်းလုံးသင့်ပြီမြန်မာပြည်” ဆိုတဲ့ သီချင်းဗွီဒီယိုနှင့်ပက်သက်ပြီး အားပေးနားလည်ကြသူတွေရှိသလိုတစ်ချို့ကလည်းနိုင်ငံရေး ခံယူချက်တွေနဲ့ ပြောဆိုနေကြသူတွေလည်း ရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီးဒီနေ့မှာတော့ ယုန်လေးကသူ့ ရဲ့ အမှားတစ်ခုအတွက်တောင်းပန်ထားပေမယ့် အမျိုးမျိုးဖိအားပေးနေကြပြီး အမျိုးမျိုးပြစ်တင်နေသူတွေကို သူ့ရဲ့ဖေ့စ်ဘုတ်ကနေ Liveလွှင့်ပြီးဒဲ့ပြောလာတာကိုတွေ့ရပါတယ်…


ဒီဗီဒီယိုလေးကိုတော့ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။ ပရိသတ်ကြီးရေချစ်ရတဲ့ယုန်လေးတစ်ယောက် အစစအရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးခဲ့ပါဦးနော်…