Latest Breaking News & Headlines

စာသားတွေက ကြမ်းထော်နေတာပဲ မိုက်တယ် ရေးချက်ကို ကြိုက်လို့ ကူးပြီးပြန် တင်လိုက်ပါတယ်…

383

သိန်း၈၀၀၀တန် ကားလက်ဆောင်ပေးတဲ့ ယောကျ်ားကိုလိုချင်ရင် …..ကိုယ် ကိုယ်တိုင်၌က ရုပ်ပိုင်းဆိုင်ရာရော …. စိတ်ပိုင်းဆိုင်ရာပါ အနည်းဆုံး တော့သိန်း ၄၀၀၀လောက်တန်အောင်ကြိုးစားကြပါ..။

ကိုယ်တိုင်က ၁၀တန်း လည်းမအောင် ဝင်ငွေက တလ ၂သိန်းမပြည့် ၊ ရုပ်ရည်ကရွက်ကြမ်း ရည်ကြို …. မိဘကလည်း လက်လုပ် လက်စား ဘဝသမား..၊

အဲ့လိုလူမျိုးတွေက သိန်း ၈၀၀၀ တန် ကားလက်ဆောင်ပေးတဲ့postကို …. သူတို့ရည်းစား ကောင်လေးတွေဝေါမှာ လာလာ Tag ကြတာမြင်တော့ ငါ့တပည့်တွေအစားရင်နာမိတယ်..

Ro ခွင့်ရှိတယ် Overtine ခွင့်မရှိဘူး။လက်ချင်းချိတ်ပြီး 200 တန် YBS တူတူစီးရဲတဲ့ လက်တွဲဖော် အစစ်ကိုသာရှာကြပါ သားတို့..၊

မင်းဆီမှာငွေတသောင်းပဲရှိမှန်းသိရက်နဲ့ ငွေ၈၀၀၀သုံးရက်တဲ့မိန်းမဟာ မင်းသိန်း၁၀၀ရှိရင် သူ သိန်း၈၀ဖြုန်းဖို့ ဝန်လေးမှာမဟုတ်ဘူး..။

မင်းမှာရှိတဲ့ငွေ၁၀၀၀၀ကို မုန့်၂၀၀၀ဖိုးလောက်စားပြီး ကျန်တဲ့ပိုက်ဆံကိုမင်းအဆင်ပြေဖို့ အလိုက်တသိချန်ထားပေးတဲ့မိန်းမမျိုးသာ လက်တွဲဖော်ဖြစ်သင့်တာပေါ့..။

ဘူဖေးအဝစားဘယ်လောက် ဟိုဆိုင်မှာ စားရင် ဘယ်လောက် ဒါတွေ Share ပြီး “လိုက်ကျွေးကိုကို” ဆိုတာမျိုးထက် “ကို့ကို သဲဒါမျိုးလေးချက်ကျွေးမယ်” “ကို ဒါမျိုးလေးကြိုက်လား သဲချက်ပေးမယ်” ဆိုတာပဲ ရေးသင့်တယ် …. တင်သင့်တယ် ….. Ro သင့်တယ်…

မိန်းကလေးဖိနပ်ကို ဒူးထောက်ပြီးစီးပေးတဲ့ postတွေကို ထိုင် Share ပြီး ဒါမျိုးမှ Ro တယ်ထင်နေတာမျိုးထက်..၊

ရွှေတိဂုံဘုရားကို ဖိနပ်လေး ကိုယ်စီကိုင်ပြီး လှေကားထစ် တွေပေါ်တ က်တိုင်း မင်းမျက်နှာလေးကိုတစိမ့်စိမ့်ကြည့် ပြီး ပီတိဖြစ်မယ့်မိန်းကလေးမျိုးကိုသာရှာသင့်တယ်..။

၏ကားသိပ်မက်တဲ့ မိန်းမမျိုးဟာကားရှိတဲ့လူတွေ့ရင်ပါသွားမှာပဲ….. ကားစုတ် ရှိတဲ့သူဆီကနေ နောက်ဆုံးပေါ် ကားကောင်းရှိတဲ့သူဆီပါသွားမှာပဲ..။

မင်းကိုတော့ ကျော်သူ့ ကားပေါ် တင်ရင် တင်ပေးလိမ့်မယ် ……သူကတော့ ဇိမ်ခံကားပေါ်ကနေမင်းကိုတာ့တာပြသွား မှာအသေချာဘဲလေ..၊

စည်းစိမ်ချမ်းသာတာကို မက်တဲ့မိန်းမဟာ …. မင်းထက်ချမ်းသာတဲ့သူနဲ့တွေ့ရင်ပါသွားမှာ … Six pack ကိုမှကြိုက်တဲ့မိန်းမဟာ ….. မင်းဗိုက်ပူလာ တဲ့အချိန်ထားခဲ့မှာပဲ..၊

ရုပ်ချောတာကြိုက် တဲ့မိန်းမဟာ မင်းအိုမင်းလာချိန်….မင်းထက်ပိုမိုချောမောတဲ့သူနဲ့ တွေ့ရင်ပါသွားမှာပဲ …မင်းမှမင်းဘဲဖြစ်နေလို့ မင်းကို ချစ်နေတဲ့မိန်းမမျိုးကသာမင်းကိုတသက်လုံးချစ်နေမှာ သေချာတယ်..။

မင်းဆီမှာရှိတဲ့ မင်းမလုပ်နိုင်တဲ့ အရာတွေကို အပြစ်မြင် ငြူစူစောင်းမြောင်းပီးသောကတွေပေနေမယ့်အစား မင်းမလုပ်နိုင်တာတွေကိုသူဝိုင်းကူပြီးမင်းလုပ်နိုင်စွမ်း ရှိတာတွေကိုအပြုံးတွေနဲ့ချီးကျူးနေမယ့်မိန်းမမျိုးကသာလျှင်မင်းကိုတဘဝလုံးစာလက်တွဲထားနိုင်မှာပါ..။

ချောကလတ်နဲ့ပန်းစည်းမျှော်နေတာ ထက် မင်းစာမေးပွဲ မင်းအလုပ် …. မင်းရဲ့ဘဝနောင်ရေးတွေအတွက် ဘုရား ဆွမ်းတော်ကပ် ပန်းပူဇော်ပြီး မင်းကွယ်ရာ မှာ မင်းတဦး တည်း အတွက် သစ္စာရှိရှိ ဆုတောင်းပေးနေမယ့်မိန်းမမျိုး ကသာ အမိနဲ့တူသောမိန်းမ..၊ညီမနှင့်တူသောမိန်းမ … ကျွန်နဲ့ တူသောမိန်းမ မျိုးပါ။ အဲတော့ ၃သောင်းတန် ပီဇာတစ်ပြားစားရဖို့အငတ်ခံငွေ စုရဦးမယ့်အစား …. ၁၀၀ ကျပ်တန် ဆမူစာလေးစားပြီး အုငွေကိုစုကြပါ…

Leave A Reply

Your email address will not be published.

error: Content is protected !!