Latest Breaking News & Headlines

မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး အမှတ်စဉ်(၁/၂ဝ၂ဝ) ပြုလုပ်…

60

မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးအမှတ်စဉ်(၁/၂ဝ၂ဝ)ကို သြဂုတ်လ ၆ရက် မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ပြုလုပ်ရာ တိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တက်ရာက်ပြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး၊ တိုင်းဒေသကြီး ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ယင်းအစည်းအဝေးတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေစီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၀) ဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီး မှုအခြေအနေများအား ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ရှင်းလင်းတင်ပြသည်။

ထို့နောက် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများကို ပရိုဂျက်တာဖြင့် အသေးစိတ်ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးဦးမြတ်သူက ဖြည့်စွက်ရှင်းလင်း တင်ပြဆွေးနွေးခဲ့ကာ တက်ရောက်လာ ကြသူများက အထွေထွေဆွေးနွေးညှိနှိုင်းကြသည်။ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေးကော်မတီ၏ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာ စကား ပြောကြားသည်။အဆိုပါ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၀)တွင် တင်ပြချက် ၁၈ ခုနှင့်သက်ဆိုင်သည့် လုပ်ငန်းကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။

Leave A Reply

Your email address will not be published.

error: Content is protected !!