ဝန်ထမ်းများ အငြိမ်းစား ဝန်ထမ်းများ နေရေးအဆင်ပြေ စေရန် အတွက် အိမ်ခန်းပေါင်း (၁)သောင်း ဆောက်လုပ်ရန် ပန္နက်ချ…
ကိုဗစ်ကာလ မှာပြည်သူတွေ အလုပ်အကိုင်ရရှိဖို့၊စီးပွားရေးလုပ်ငန်းတွေ အရှိန်အဟုန်တိုးတက်ဖို့ ၊ပြည်သူတွေ နေထိုင်ရေးအဆင်ပြေစေဖို့ အစိုးရက ဆောင်ရွက်ပေးတဲ့ အစီအစဉ် တစ်ခုပါ”ဟု ဆောက်လုပ်ရေးဆိုင်ရာ အသင်း၁သင်းမှ တာဝန် ရှိသူက ပြောပြသည်။ ယင်းအငှား အိမ်ရာသည် ဝင်ငွေနည်း ပြည်သူများ၊အငြိမ်းစား ဝန်ထမ်းများ၊ဝန်ထမ်းများ အတွက်ဖြစ်သည်ဟု သိရသည်…
ပြည်သူများနေထိုင်ရေး မခက်ခဲစေရေး အတွက် နိုင်ငံတော်အစိုးရက အငှားအိမ်ရာစီမံကိန်းစတင်ကို စတင် အကောင်အထည် ဖော်ရန် ယနေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပန္နက်ချပေးလိုက်ပြီဖြစ်သည်။ ရန်ကုန်၊မန္တလေး၊ နေပြည်တော်တို့တွင် အခန်းပေါင်း(၁) သောင်းကျော်ဆောက်မည်ဖြစ်ပြီး ယနေ့ရန်ကုန် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် ပန္နက်ချလိုက် သည့်စီမံကိန်းက

အိမ်ခန်းပေါင်း ၆၀၀၀ကျော် တည်ဆောက် မည့်စီမံကိန်းဖြစ်သည်ဟု သိရသည်။ အဆိုပါစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာ ဝန်ယူဆောင်ရွက်ခြင်းဖြစ် ကာ ဆောက်လုပ်ရေးဆိုင်ရာ အသင်း ၃ခု က ပံ့ပိုးကူညီခြင်းဖြစ်သည်ဟု ဆောက်လုပ်ရေး က ပြောသည်။ နေပြည် တော်မှာ က အခန်းရဝဝကျော်၊မန္တလေးမှာက အခန်း ၃၀၀၀ ကျော်ဆက်လက်တည်ဆောက်မှာဖြစ်ပါတယ်…