Latest Breaking News & Headlines

မြောက်ကိုရီးယား ရဲ့ ပြည်တွင်းဖြစ် ဒုံးပျံတွေဟာ အမေရိကန်မြို့ကြီး ကို ရောက်နိုင်နေပြီလို့ ပညာရှင်တွေက ပြောလိုက်ပါပြီ…

113

မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့ စမ်းသပ် အောင်မြင်ထားတဲ့ တိုက်ချင်းပစ် ဒုံးကျည်မှာ နျူကလီးယားထိပ်ဖူးကို တင်ဆောင်နိုင်စွမ်းပါ ရှိထားနိုင်တယ်လို့ ရိုက်တာက ရရှိတဲ့ ကုလသမဂ္ဂ အစီရင်ခံစာအရ သိရပါတယ်…

ဒီ သတင်းကြောင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန် ကို နျူကလီးယား စွန့်လွှတ်ရေး သမ္မတ ဒေါ်နယ်ထရမ့် အစိုးရရဲ့ ကြိုးစားအားထုတ်မှုတွေ ရှိနေပေမယ့် လည်း အမေရိကန် မြို့ကြီးတွေဟာ မြောက်ကိုရီးယား ရဲ့ နျူကလီးယား စက်ကွင်းထဲမှာ ရှိနေနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ပိုပြီး နက်ရှိုင်း လာစေပါတယ်…

မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့ ပဲ့ထိန်းဒုံး ထိပ်ဖူးတွေ ထဲမှာ အသေးစား နျူကလီးယားလက်နက်တွေကို တပ်ဆင်ပစ်လွှတ်နိုင်တဲ့ နည်းပညာ အောင်မြင်ထားဖွယ် ရှိတယ်လို့ နာမည်မဖော်တဲ့ နိုင်ငံအချို့ကလည်း သဘောတူကြောင်း ယုံကြည် ရတဲ့ အခု ကုလသမဂ္ဂ အစီရင်ခံစာက ဖော်ပြထားပါတယ်…


ဒီ ကြားဖြတ်အစီရင်ခံစာကို အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မြောက်ကိုရီးယားဒဏ်ခတ်ပိတ်ဆို့မှု ကော်မတီဆီ တင်သွင်းခဲ့တာ ဖြစ်တယ် လို့ ရိုက်တာက ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ နိုင်ငံတကာ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ချိုးဖောက်နေဆဲပဲ ဖြစ်ပြီး လိုအပ်တဲ့ ရန်ပုံငွေ အမြောက်အမြားအတွက် ရှာဖွေပေးတဲ့ ဆိုင်ဘာ တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတယ်လို့လည်း အဲဒီ အစီရင်ခံစာမှာ မှတ်ချက်ပြုထားပါတယ်…

“မြောက်ကိုရီးယားနိုင်ငံဟာ သူ့ရဲ့ နျူကလီးယား စီမံကိန်း ကို ဆက်လက် ဖော်ဆောင်နေတယ်။ ပေါကြွယ်ဝတဲ့ ယူရေနီယံတွေကို ဆက်လက် ထုတ်လုပ်နေသလို စမ်းသပ်ဆဲ ဓာတ်ပေါင်းဖိုကိုလည်း တည်ဆောက်နေဆဲပဲ ဖြစ်တယ်။ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်တွေကို ဆက်လက်ထုတ်လုပ်နေတယ်။”လို့ အစီရင်ခံစာက ဆိုထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံ ဟာ ၂၀၁၇ ကစပြီး နျူကလီးယားလက်နက် ဒါမှမဟုတ် တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်တာတွေကို မလုပ်ဆောင်တော့တာပါ။ ဒီနောက်ပိုင်းမှာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျော့ပေးရေး မျှော်လင့်ချက် သန်းစေတဲ့ ဝါရှင်တန်နဲ့ ဆိုးလ်တို့နဲ့ ပြုံယမ်းရဲ့ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားဟာ နျူကလီးယားနဲ့ တိုက်ချင်းပစ်ဒုံးကျည် သုတေသနတွေကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တယ်ဆိုတဲ့ ယူဆချက်တွေနဲ့အတူ ဆွေးနွေးပွဲတွေ ပျက်ပြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Leave A Reply

Your email address will not be published.

error: Content is protected !!