Latest Breaking News & Headlines

ယုန်လေး အတွက် သူငယ်ချင်း ကောင်းပီသခဲ့သ လို မိသားစုအတွက် လည်း တာဝန်ကျေ တဲ့ ဖခင်ကောင်းတစ်ယောက် ဖြစ်ခဲ့တဲ့ မြင့်မြတ် ရဲ့ တစ်နေ့တာ …

87

ပရိသတ်တွေချစ်ကြ တဲ့ မင်းသားချော မြင့်မြတ်က အနေအေးပြီး တည်ငြိမ်လွန်းသူ တစ်ယောက်အဖြစ် အနုပညာအသိုင်းအဝိုင်းမှာ ထင်ရှားကျော်ကြားသူ တစ်ယောက် ဖြစ်ပါတယ်…

မြင့်မြတ်က အနုပညာအသိုင်းက လူချစ်လူခင်ပေါများသလို ပရိသတ်တွေရဲ့ အားပေးမှုတွေကို များစွာရရှိပိုင်ဆိုင်ထားတဲ့ ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့နေထိုင်မှုပုံစံကတော့ အရမ်းကို ရိုးရှင်းလွန်းလှပါတယ်။ မြင့်မြတ်က အိမ်ထောင်ကျပြီး ကလေးအဖေတစ်ယောက်ဖြစ်နေပြီဆိုပေမယ့် အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်နေလျက်ရှိပါတယိ…

ဒီကနေ့မှာတော့ မြင့်မြတ်က ယုန်လေး အတွက် သူငယ်ချင်းကောင်းပီသသလို မိသားစုအတွက်လည်း တာဝန်ကျေတဲ့ဖခင်ကောင်းတစ်ယောက်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ မြင့်မြတ်က ဒီကနေ့မနက်ပိုင်းမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ခေါ်ယူစစ်ဆေးခြင်းခံရတဲ့ သူငယ်ချင်းယုန်လေးအတွက် အစည်းအရုံးဝင်လူကြီးတွေနဲ့ လိုက်ပါ တွေ့ဆုံခဲ့သလို ဇနီးနဲ့ သားအတွက်လည်း သွားချင်တာမှန်သမျှကို လိုက်ပို့ပေးပြီး သူ့ရဲ့ တစ်နေ့တာလေးကို ဖြတ်သန်းခဲ့ပါ…

မြင့်မြတ်ကတော့ ပရိသတ်တွေ အားပေးရ ကျိုးနပ်တဲ့ နာမည်ပျက်မရှိတဲ့ အနုပညာရှင်ကောင်းတစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း မြင့်မြတ်ရဲ့လုပ်ရပ်ကိုကြည့်ပြီး ပိုလို့တောင် အချစ်တိုးသွားမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်…

Leave A Reply

Your email address will not be published.

error: Content is protected !!