အနုပညာရှင် တွေ ပါတီတချို့က ဝယ်ယူခြင်းခံရတာ ကိုယ့်လုပ်ရပ်ကြောင့် ပဲလို့ ပြောလာသူ ဦးကျော်သူ…
အနုပညာရှင်တွေကို ပါတီတချို့က ဝယ်ယူအသုံးချမှုတွေ ခံရတယ်ဆိုတာ ကိုယ့် ရဲ့ လုပ်ရပ် ပေါ်မှာပဲ မူတည်တာပါလို့ နာရေးကူညီမှုအသင်း ဥက္ကဌဦးကျော်သူ က ပြောပြလာပါတယ်…
ယခင်နှစ်ရွေးကောက်ပွဲတွေမှာ အနုပညာရှင်များ ပါတီ တချို့ရဲ့ ဝယ်ယူခြင်းခံရပြီး ဒီလိုဝယ်ယူ အသုံးချခြင်းခံရတယ်ဆိုတာ မိမိခံယူချက်နဲ့သာ သက်ဆိုင်ကြောင်းပြောပြလာပါတယ်။ “အနုပညာရှင်တွေ အသုံးချခံရတယ်ဆိုတာ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။

ကိုယ့်ခံယူချက်က ခိုင်ခိုင်မာမာရှိဖို့ပဲ လိုတာပါ။ ကျွန်တော် တို့ဆို အရင်အစိုးရ လက်ထက်တွေတည်းက ဘယ်သူမှ မပြောဆိုရဲတဲ့ ကာလတည်းက အများအကျိုးအတွက်ကို သယ်ပိုးပေးခဲ့ပါတယ်။ ရွေးကောက်ပွဲကတော့ ပြည်သူပြည်သားတွေ အဆင်ပြေမယ့် အဖွဲ့အစည်းကို မဲပေးရမှာပဲ။
ကိုယ်သဘောကျတဲ့ ပါတီတိုင်းပြည်ကို အကျိုးပြုမယ့်သူကို မဲပေး ရမှာပဲ။ ဘယ်သူစည်းရုံးပါစေ ကိုယ်မပါသွားဖို့ အရေးကြီးတယ်။ တကယ်တော့ မဲထည့်တဲ့ အချိန်ကာလက အဓိကကျပါတယ်။ မဲမပေးခင်ရော ပေးပြီးရောပြောကြမှာပါပဲ။

အငြင်းပွားမှုတွေ စည်းရုံးခံရမှုတွေ ကျွန်တော်မပါဘူး ။ ကျွန်တော်တော့ ကိုယ့်စိတ် အတိုင်းပဲ သွားမှာပါပဲ။ တကယ်က ကိုယ့်သမိုင်းကိုယ့်အနာဂတ်ကို ရေးရမှာပါပဲ။ လူတွေအားလုံး သေကြမှာပါပဲ။ မသေခင် ကောင်းကောင်းမွန်မွန် ငြိမ်းငြိမ်းချမ်းချမ်းလေးနေရရင် အကောင်းဆုံးပါပဲ။”
လို့ ဦးကျော်သူ က သူ့ရဲ့ အမြင် ကို ပြောပြလာပါတယ်။ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ က လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ကိုယ့်စိတ်သဘော အတိုင်းသာ ဆုံးဖြတ်မဲပေးသွားမှာဖြစ်ပြီး တိုင်းပြည်ကို အကျိုးပြုမယ့် ပါတီကိုသာ မဲပေးဖြစ်မယ်လို့ သိရပါတယ်…