Latest Breaking News & Headlines

ယန်လိမန်း LI-MENG YAN (သို့မဟုတ်) ကမ္ဘာကို ကိုင်လှုပ်သော ထိုဆက်ရက်(COVID ကိစ္စမှာ တရုတ်ဘက် ကနေ အမေရိကန်ဘက်ပြေးလာသူ)…

88

ယန်လိမန်း (Li-Meng Yan) ဆိုတာ တရုတ် ပိုးမွှားဗေဒပညာရှင်အမျိုးသမီးတစ်ယောက်ပါ။သူမဟာ ဧပြီလ ၂၈ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုဘက်ကို ထွက်ပြေးခဲ့ပါတယ်။Fox News နဲ့တွေ့ဆုံရာမှာ သူမအနေနဲ့ Covid-19 ရောဂါပိုးဟာ တရုတ်စစ်ဘက်ဆိုင်ရာဓာတ်ခွဲခန်းတစ်ခုမှာစတင်ခဲ့ပြီး တရုတ်အာဏာပိုင်တွေက #အဲ့ဒီအချက်ကိုဖုံးကွယ်ထားတယ်လို့သူမယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။ဒီနေရာမှာ ကျနော်တို့သိထားရမှာက ဒါဟာ တရုတ်ရောဂါပိုးမွှားပညာရှင်တစ်ယောက်ရဲ့ ယုံကြည်ချက်သာဖြစ်ပါတယ်။တကယ်ဟုတ်မဟုတ်ပြောလို့မရသေးပါ။သို့သော် Covid-19 နဲ့ပက်သက်လို့ #သူမဘယ်လောက်ထဲထဲဝင်ဝင်သိထားသလဲက တကမ္ဘာလုံးအတွက်အရေးကြီးပါတယ်။အခုအချိန်အထိ သူမအကြောင်းကို Reuters လို သတင်းဌာနမျိုးက သေသေချာချာမရေးသေးတဲ့အတွက်ရထားတဲ့သတင်းအတိုအစတွေကို စုပြီးတင်ပြလိုက်ပါတယ်။သူ့အကြောင်းကို ဇူလိုင်လ ၁၂ ရက်နေ့ msn သတင်းမှာ ဖတ်ခဲ့ဖူးပါတယ်။သူမဟာ ထိုင်ဝမ်သတင်းဌာနနဲ့လည်း အင်တာဗျူးထားသလို စပိန်နေ့စဉ်သတင်းစာ El Mundo နဲ့လည်းဇူလိုင်လထဲမှာ အင်တာဗျူးထားတာတွေ့ရပါတယ်…

သူမဟာ  တရုတ်ပြည် Central South University of China ကနေ ဆေးပညာ MD ဘွဲ့ရရှိခဲ့ပါတယ်။Southern Medical University of China ကနေ PhD ဘွဲ့ရထားတာပါ။Covid-19 ဖြစ်ချိန်မှာ  ဟောင်ကောင်တက္ကသိုလ်ရှိ ပြည်သူ့ကျန်းမာရေးဆေးပညာကျောင်းမှာရောဂါ ပိုးမွှားဗေဒနဲ့ ရောဂါခံနိုင်အားဗေဒ ကျွမ်းကျင်ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။သူမရဲ့ယုံကြည်ထားချက်များ…တရုတ်အစိုးရရော WHO အဖွဲ့ကြီးကရော Covid-19 ဟာ #လူအချင်းချင်းကူးစက်နိုင်တယ်ဆိုတာသတင်းတွေမထွက်လာခင် အစောကြီးကတည်းက သိထားတာကို သတင်းထိမ်ချန်ထားတယ်။အကယ်၍ ဒီအချက်ကို စောစောစီးစီး ကမ္ဘာကိုအသိပေးခဲ့ရင် အခုလို လူပေါင်းများစွာ အသက်ဆုံးရှုံးမှာမဟုတ်ဘူး။တရုတ်စစ်ဘက်ဓာတ်ခွဲခန်းရှိ ကျိုးရှန်းလင်းနို့ဗိုင်းရပ်စ် (Zhoushan bat virus) နဲ့ Covid-19 ကို ဖြစ်စေတဲ့Sars-CoV-2 ဗိုင်းရပ်စ်တို့က E ပရိုတိန်း ၁၀၀ ရာနှုန်းတူညီတယ်လို့ သူမက ယုံကြည်ထားပါတယ်…

သူမရဲ့ပြောကြားချက်များ….ဝူဟန့်မြို့မှာ Covid-19 စဖြစ်တော့ ကမ္ဘာမှာ ပထမဦးဆုံးလေ့လာခွင့်ရတဲ့ ပညာရှင်တွေထဲမှာ သူမလည်းပါပါတယ်တဲ့။ဟောင်ကောင်တက္ကသိုလ်ရှိ WHO ရဲ့ ညွှန်းဆိုဓာတ်ခွဲခန်း (reference lab) မှသူမရဲ့ အထက်အရာရှိ Dr. Leo Poon ကနေ သူမကို ၂၀၁၉ ဒီဇင်ဘာလထဲမှာ ဝူဟန့်မြို့မှာSARS နဲ့ဆင်တူတဲ့ ရောဂါမျိုး ကျရောက်နေလို့ သွားလေ့လာခိုင်းပါတယ်တဲ့။အဲ့ဒီမှာ သူမဟာ တရုတ်ပြည်မကြီးက ကျွမ်းကျင်ပညာရှင်တွေနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်ခဲ့ရပါတယ်တဲ့။အဲ… အဲ့ဒီမှာ ပညာရှင်တစ်ယောက်က သူမကို အဲ့ဒီရောဂါဟာလူအချင်းချင်းကူးစက်စေနိုင်တဲ့ရောဂါလို့ ဒီဇင်ဘာ ၃၁ ရက်နေ့ကတည်းက ပြောပြပါသတဲ့။

အဲ့လိုအန္တရာယ်ကြီးမှန်းသိတာမို့ သူမရဲ့အထက်အရာရှိတွေကို အကြိမ်ကြိမ် သတင်းပို့ပါသတဲ့။နောက်ဆုံး ဇန်နဝါရီလ ၁၆ ရက်နေ့မှာ သတင်းပို့ရာမှာ သူမရဲ့အထက်အရာရှိက“#သတိထားတိတ်တိတ်နေ” လို့ သတိပေးခဲ့ပါသတဲ့။အဲ့ဒါနဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ WHO ရဲ့ ညွှန်းဆိုဓာတ်ခွဲခန်း ဖြစ်နေပေမယ့်တွေ့ရှိချက်တွေကို ကမ္ဘာကိုချမပြပဲ နှောင့်နှေးနေတယ် လို့ ယူဆပြီး အမေရိကန်ပြည်ထောင်စုကို ထွက်ပြေးလာခဲ့တာပါတဲ့။သူမရဲ့အဓိကရည်ရွယ်ချက်ကတော့ Covid ရဲ့ အမှန်တရားသတင်း (the message of the truth of Covid)ကို လူတွေသိအောင်ချပြဖို့ပါပဲတဲ့…

သုမရဲ့တရုတ်ပြည်ထဲမှာတွေ့ရှိချက်များကို ထုတ်ဖော်ပြောလိုတာဖြစ်ပါတယ်တဲ့ ။တရုတ်ပြည်ထဲမှာ ဒါမျိုးထုတ်ဖော်ပြောလိုက်လို့ကတော့ “#အစအနရှာမရဖြစ်သွားမှာပေါ့” တဲ့။ဟုတ်ပြီ… ဒါတွေက သူမရဲ့ပြောကြားချက်တွေဖြစ်ပြီး ဘယ်လောက်မှန်ကန်သလဲဆိုတာ စောင့်ကြည့်ရပါမယ်။ကြောင်ကြာကြာရေမငုပ်ပါ။ ဟောင်ကောင်တက္ကသိုလ် ဘက်ကတော့ ယန်လိမန်း (Li-Meng Yan) ရဲ့ပြောဆိုချက်တွေကို ငြင်းဆိုထားပါတယ်။သူမဟာ Covid လူလူချင်းကူးစက်မှုအကြောင်း သုသေသနကို ၂၀၁၉ ဒီဇင်ဘာနဲ့ ၂၀၂၀ ဇန်နဝါရီလထဲမှာ လုပ်ထားတာမရှိပါတဲ့။သူမဟာ သူမရဲ့ကိုယ်တိုင် သိပ္ပံနည်းကျသုသေသနလုပ်ထားချက်တွေကို ပြောနေတာမဟုတ်ပဲ သူမတဆင့်စကားအကြားကိုသာ မူတည်ပြီး ပြောဆိုနေတာဖြစ်တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ မေလတုန်းက သူမပါဝင်ရေးသားခဲ့တဲ့ သုသေသနစာတမ်းတစ်စောင် ထွက်ဖူးပါတယ်။ဟောင်ကောင်တက္ကသိုလ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူရေးသားခဲ့တဲ့ စာတမ်းပါ။Covid ရောဂါပိုး ကြွက်ကလေးတွေအကြား ကူးစက်မှု အကြောင်းပါ…

သူမအကြောင်းကိုလေ့လာကြည့်ရာမှာ မတူညီတဲ့ တိရိစ္ဆာန်တွေမှာ ကူးစက်ရောဂါ ဖြစ်ပွားပုံကို သုသေသနပြုနေသူဖြစ်ပါတယ်။လတ်တလောအနေနဲ့ တုပ်ကွေးလို ကူးစက်ရောဂါကာကွယ်ဆေးနဲ့ ဆဲလ်တွေရဲ့ခုခံနိုင်စွမ်းအား၊ပဋိပစ္စည်း universal influenza vaccine, cross-reactive antibodies, cellular immunology)စသည်တို့ကို အားစိုက်လေ့လာနေတာ တွေ့ရပါတယ်။သူမအနေနဲ့ သူမယုံကြည်ရာကို ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်လို့ မြင်ပါတယ်။တရုတ်အာဏာပိုင်တွေအနေနဲ့တော့ ကမ္ဘာကအခုလို ဝိုင်းလက်ညိုးအထိုးခံရချိန်မှာမှန်တာမှားတာအသာထား အခက်တွေ့မှာ ဖြစ်တဲ့အတွက် သူမကို အမှုန့်ကြိတ်ပစ်ချင်မှာပါ။သူမနဲ့ပတ်သက်ခဲ့ရတဲ့ တရုတ်နဲ့ ဟောင်ကောင်က လုပ်ဖော်ကိုင်ဖက်တွေလည်း အကုန်ပျားတုပ်ခံမှာဖြစ်ပါတယ်။ထရမ့်ကြီးကတော့ သူမကို ပြုံးပြုံးကြီး ကြိုဆိုနေနိုင်ပါတယ်…

Leave A Reply

Your email address will not be published.

error: Content is protected !!