Latest Breaking News & Headlines

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက်ရှိ …

110

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်၊ မန္တလေးတိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးဆန်းအောင်နှင့် တာဝန်ရှိသူများသည် ဩဂုတ် ၄ ရက် နံနက် ၉ နာရီက မိုးကောင်းကျေးရွာအုပ်စု စံပြကျေးရွာ ကွင်းအမှတ်(၅၂) စနစ်ကျ လယ်မြေ ဧက ၂၅ ကွင်းရှိ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ ကောက်စိုက် စက်ဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်…

ကြည့်ရှုစစ်ဆေးရာတွင် စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်က Covid-19 Economic Relief Plan(CERP) အရ တောင်သူများ မိုးစပါးအချိန်မီ ထွန်းယက်စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှ စက်ကိရိယာများဖြင့် ထွန်းယက်ပေးခြင်း၊ မိုးစပါးများ ထောက်ပံ့ပေးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးခြင်းလုပ်ငန်းများကို တောင်သူများနှင့် တွေ့ဆုံပြောကြားခဲ့သည်။ တိုင်းဒေသကြီးဦးစီးမှူး ဦးဆန်းအောင်၊ စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်သူတို့က ကူညီပံ့ပိုး ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်…

ဒေသခံတောင်သူ ဦးမြင့်လွင်က စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ယခုလို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကာလတွင် မိုးစပါးစိုက်ပျိုးခြင်းကို ပျိုးထောင်သည်မှ ရိတ်သိမ်းသည်အထိ ကူညီဆောင်ရွက်ပေးမည်ကို သိရှိရသည့်အပြင် ဒေသခံတောင်သူများ အလုပ်အကိုင်ရှားပါးချိန်၌ ဒေသတွင်းရှိ တောင်သူ ၃၂ ဦးကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုအပေါ် တောင်သူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်…

Leave A Reply

Your email address will not be published.

error: Content is protected !!