Latest Breaking News & Headlines

တစ်ပါတ်စာ အထူး ဟော စာတမ်း ‌ဗေဒင် (5.8.2020) မှ (11.8.2020) အထိ…

202

တစ် ပါတ်စာအထူးဟော စာတမ်းဗေဒင်ဆရာကအညံ့တွေမြင်ရင်ပြောပေးမှာ ပဲမိတ်ဆွေတို့အတွက်ရှောင်ရန်ဆောင်ရန် သိရတာပေါ့ သိပ်ညံ့နေတယ်ဆိုလည်းယတြာလေးတွေပြုလုပ်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်…..

မိတ်ဆွေများ အထူးကံကောင်ကြပါစေ..

ဆရာအောင်ချစ်မင်း။

တနေဂၤျႏ

သင်၏အလုပ်အကိုင်မှာအနည်းငယ်ညံ့နေတတ်ပါသည်။ အလုပ်မှာမိတ်ဆွေအတိုက်ခံပြောဆိုတာတော့ခံရတတ်ပါသည်။ အထူးသတိထားရမှာသူတပါးမကောင်းကြံတတ်သည်။ အလုပ်အကိုင်တိုးတက်မှု့တွေတော့ကြုံတွေ့ရတတ်ပါသည်။ ဝန်ထမ်းများဖြစ်ပါကအောက်လက်ငယ်သားမကောင်းကြံတတ်သည်။သတိထားပါ။ အလုပ်နေရာကောင်းရနေသော်လည်းစိတ်အနှောက်ယှက်များနေတတ်ပါသည်။ ယခုအပတ်အတွင်းလုပ်ငန်းသစ်စတင်လုပ်ကိုင်မည်ဆိုပါက မလုပ်ပါနှင့်ညံ့တတ်ပါသည်။ ငွေကြေးကံမှာကောင်းနေပါသည်။ငွေတော့မချေးပါနှင့်အလိမ်ခံရတတ်ပါသည်။

သင်၏ကျန်းမာရေးမှာဝမ်းဗိုက်ဥပါဒ်ပေးတတ်သည်။စိုးရိမ်းစရာတော့မရှိပါ။ ပညာရေးကံမှာစိအနှာက်အယှက်တွေများနေရတတ်ပါသည်။ သင်၏အချစ်ရေးကံမှာကောင်းနေပါသည်။ချစ်သူ၏စိတ်ကောက်ခြင်းတော့ခံရတတ်ပါသည် သင်၏ ပြည်တွင်းပြည်ပ ခရီးကိစ္စမှာလည်းကောင်းပါသည်။ရေလမ်းခရီးကိုတော့ရှောင်ပါ။ သင်၏ ကံကောင်းသောအရောင်မှာ အဝါရောင်ဖြစ်သည်။

ယခုအပတ်တွက် အကောင်းဆုံး ယတြာကို ကျွန်ုပ် မှ ညွှန်ကြားပေးလိုက်သည်။ အုန်း(၆)ညွန့်၊ ရွက်လှ(၄)ညွန့် လှူပြီးမိမိလိုရာဆုတောင်းပါ။

တနလၤာ

သင်၏ အလုပ်အကိုင်မှာကောင်းနေပါသည်။ အလုပ်တွင်လည်းတိုးတက်မှု့ များစွာကြုံတွေ့ရတတ်ပါသည်။ အလုပ်အကိုင်အကြံအစီတွေလည်းတိုတက်လာပါလိမ့်မည်။ ယခုအချိန်မှာသင်ကံကောင်းနေပါသည်။ ဝန်ထမ်းများဖြစ်ပါကရာထူးတိုးတက်ပါလိမ့်မည်။ အလုပ်မှာလည်းပျော်ရွှင်မှု့တွေရရှိတတ်ပါသည်။ လုပ်ငန်းသစ်စတင်လုပ်ကိုင်မည်ဆိုပါက ကောင်းပါသည်။လုပ်ဖြစ်အောင်လုပ်ပါ။အကျိုးပေးပါလိမ့်မည်။ သင်၏ငွေကြေးကံမှာကောင်းနေပါသည်။ ရစရာရှိတာတွေလည်းပြန်လည်ရရှိပါလိမ့်မည်။ ကျန်းမာရေး လည်းကောင်းနေပါသည်။

ပညာရေး မှာတော့ ကောင်းနေပါသည်။အောင်မြင်မှု့တွေလည်းရရှိပါလိမ့်မည်။ သင်၏ အချစ်ရေးမှာလည်း ကောင်းနေပါသည်။ပျော်ရွှင်သောအချစ်ရေးဖြစ်ပါလိမ့်မည်။ သင်၏ ပြည်တွင်းပြည်ပ ခရီးကိစ္စမှာ လည်း ကောင်းပါသည်။အလွန်အကျိုးပေးသောခရီးစဉ်ဖြစ်ပါသည်။ သင်၏ ကံကောင်းသောအရောင်မှာ အပြာရောင်ဖြစ်သည်။ ယခုအပတ်တွက် အကောင်းဆုံး ယတြာကို ကျွန်ုပ် မှ ညွှန်ကြားပေးလိုက်သည်။ မေမြို့ပန်း(၅)ပွင့်၊သပြေ(၆)ညွန့်အိမ်ဘုရား လှူပြီးမိမိလိုရာဆုတောင်းပါ။

အဂၤါ

သင်၏ အလုပ်အကိုင် မှာ ကောင်းနေပါသည်။ လုပ်သမျှ အလုပ်တွေလည်းအဆင်ပြေလာပါလိမ့်မည်။ မိတ်ဆွေတွေကလည်းသင့်ကိုကူညီမှု့တွေပေးပါလိမ့်မည်။ စီးပွါးရေးလည်းကောင်းလာပါမည်။ ဝန်ထမ်းများဖြစ်ပါကရာထူးတိုးတက်မည်။ အလုပ်တွင်လည်းအားလုံးအဆင်ပြေလာပါလိမ့်မည်။ ယခုအပတ်တွင်းလုပ်ငန်းသစ် စတင်လုပ်ကိုင်ပါကကောင်းပါသည်။ အကျိုးပေးသော လုပ်ငန်းဖြစ်ပါသည်။ သင် ၏ ငွေကြေးကံမှာ ကောင်းနေပါသည်။ လာဘ်လည်းအလွန်ရွှင်ပါလိမ့်မည်။ သင်၏ကျန်းမာရေးမှာလည်းကောင်းနေပါသည်။ ပညာရေး မှာ လည်းကောင်းနေပါသည်။ အချစ်ရေးမှာ လည်းကောင်းနေပါသည်။သာယာသောအချစ်ရေးဖြစ်ပါသည်။ သင်၏ပြည်တွင်းပြည်ပ ခရီးကိစ္စမှာလည်းကောင်းနေပါသည်။

ဘယ်ကိုသွားသွားသင့်အတွက်ကောင်းသောခရီးစဉ်ဖြစ်ပါသည်။ သင်၏ ကံကောင်းသော အရောင်မှာနီညိူရောင်ဖြစ်သည်။ ယခုအပတ်အတွက် အကောင်းဆုံး ယတြာကို ကျွန်ုပ် မှ ညွှန်ကြားပေးလိုက်သည်။ သာသနာ့အလံ(၂)ချောင်း၊ ဒန်းညွန့်(၇)ညွန့်အိမ်ဘုရားလှူပြီးမိမိလိုရာဆုတောင်းပါ။

ဗုဒၶဟူး

သင်၏ အလုပ်အကိုင်မှာညံ့နေပါသည်။ အလုပ်မှာလည်းရန် ပေါ်တတ်ပါသည်။ မိတ်ဆွေအရင်းကြီးတွေနဲ့လည်းသင်စကားများရကိန်းရှိပါသည်။ စီးပွါးရေးကတော့ကောင်းနေပါသည်။ ဝန်ထမ်းများဖြစ်ပါက အလုပ်တွငမတရားအပြောခံရတတ်ပါသည်။သတိထားပါ။ ကိုယ့်ဖက်ကဒီအချိန်မှာမှန်ကန်အောင်နေပါ။အချိန်ကစကားပြောသွားပါလိမ့်မယ်။ လုပ်ငန်းသစ်စတင်လုပ်ကိုင်မည်ဆိုပါကမကောင်းပါ။လုံးဝမလုပ်သေးပါနှင့်။

ငွေကြေးကံမှာကောင်းနေပါသည်။ရစရာရှိတာတွေလည်းပြန်ရပါလိမ့်မည်။ သင့်ကျန်းမာရေး မှာခေါင်းကိုက်၊ခေါင်းမူးဝေဒနာတော့ ဖြစ်တတ်ပါသည်။ ပညာရေး ကံမှာလည်းစာမေးပွဲရှိလျှင်သတိထားပါစာမေးပွဲကျတတ်သည်။ သင်၏အချစ်ရေးကံမှာကောင်းပါသည်။သင့်ဖက်သင့်ချစ်သူအဆင်သင့်ရှိနေပါလိမ့်မည်။ သင်၏ ပြည်တွင်းပြည်ပ ခရီးကိစ္စမှာ ကောင်းနေပါသည်။ မြောက်အရပါကိုတော့ရှောင်ပါ။ သင်၏ ကံကောင်းသောအရောင်မှာ မိုးပြာရောင်ဖြစ်သည်။

ယခုအပတ်အတွက် အကောင်းဆုံး ယတြာကို ကျွန်ုပ် မှ ညွှန်ကြားပေးလိုက်သည်။ ရွှေပန်း(၈)ကုံးအိမ်ဘုရားလှူပြီးမိမိလိုရာဆုတောင်းပါ။

ကြာသပေတး

သင်၏ အလုပ်အကိုင် မှာ ကောင်းနေပါသည်။ အလုပ်တွင်ပျော်ရွှင်မှု့တွေလည်းကြုံတွေ့ ရတတ်ပါသည်။ လုပ်ငန်းမှာလည်းအဆက်အသွယ်ကောင်းတွေရရှိတတ်ပါသည်။ အရင်ကညံ့ခဲ့တာတွေအခုအားလုံးကောင်းလာပါလိမ့်မည်။ ဝန်ထမ်းများဖြစ်ပါက အလုပ်တွင်နံမည်ကောင်းတွေရရှိမည်။ ရာထူးကိစ္စလည်းတိုးတက်လာပါလိမ့်မည်။ ယခုအပတ်တွင်းလုပ်ငန်းသစ်စတင်လုပ်ကိုင်ပါက ကောင်းပါသည်။ စက်ပစ္စည်းနှင့်ပတ်သက်သောအလုပ်ပို၍အကျိုးပေးပါလိမ့်မည်။ သင်၏ ငွေကြေးကံမှာ လည်းကောင်းနေပါသည်။ ရစရာရှိသောကိစ္စများမှာပြန်ရရှိမည်။

သင်၏ကျန်းမာရေးစိုးရိမ်စရာမရှိပဲကောင်းနေပါသည်။ ပညာရေး ကံမှာလည်းကောင်းနေပါသည်။ အချစ်ရေးမှာ လည်းကောင်းပါသည်။ပျော်ရွှင်ချမ်းမြေ့သောအချစ်ရေးဖြစ်ပါသည်။ သင်၏ ပြည်တွင်းပြည်ပခရီးကိစ္စမှာလည်း ကောင်းပါသည်။ဘုရားဖူးခရီးပိုအဆင်ပြေပါလိမ့်မည်။ သင်၏ ကံကောင်းသောအရောင်မှာအဖြူရောင်ဖြစ်သည်။ ယခုအပတ်အတွက် အကောင်းဆုံး ယတြာကို ကျွန်ုပ် မှ ညွှန်ကြားပေးလိုက်သည်။ ကိတ်မုန့်(၉)ခုအိမ်ဘုရားလှူပြီးမိမိလိုရာဆုတောင်းပါ။

သောကြာ

သင်၏ အလုပ်အကိုင်မှာကောင်းနေပါသည်။ ဒီအချိန်မှာဆုံးရှုံးထားတာတွေတောင်ပြန် ရရှိတတ်ပါသည်။ မလုပ်ဖြစ်တော့တဲ့အလုပ်တွေပြန်လုပ်ဖြစ်တတ်ပါသည်။ ကဲ့ရဲတဲ့သူတွေကလည်းသင့်ကိုချီးမွန်းပါလိမ့်မည်။ ဝန်ထမ်းများဖြစ်ပါက ရာထူးတိုးပြီးသြဇာအာဏာတွေလည်းတိုးတက်လာပါလိမ့်မည်။ စီပွါးရေးလည်းကောင်းလာပါလိမ့်မည်။ လုပ်ငန်းသစ် စတင်လုပ်ကိုင်မည်ဆိုပါကအလွန်ကောင်းပါသည်။ကုန်သည်လုပ်ငန်းပိုအကျိုးပေးပါလိမ့်မည်။ သင်၏ငွေကြေးကံမှာလာဘ်အလွန်ရွှင်နေပါလိမ့်မည်။

ဝင်ရန်ရှိသောငွေကြေးများကလည်းချောချောမောမောဝင်လာပါလိမ့်မည်။ သင့်ကျန်းမာရေး စိုးရိမ်စရာမရှိပါ။ကောင်းပါသည်။ ပညာရေး မှာကောင်းနေပါသည်။ သင်၏အချစ်ရေးမှာလည်းကောင်းပါသည်။စိတ်ချမ်းသာမှု့တွေရရှိသောအချစ်ရေးဖြစ်ပါလိမ့်မည်။ သင်၏ ပြည်တွင်းပြည်ပ ခရီးကိစ္စမှာကောင်းပါသည်။အလွန်ကောင်းသော ခရီးစဉ်ဖြစ်တတ်ပါသည်။ သင်၏ ကံကောင်းသောအရောင်မှာ ခရမ်းရောင်ဖြစ် သည်။ ယခုအပတ်အတွက် အကောင်းဆုံး ယတြာကို ကျွန်ုပ် မှ ညွှန်ကြားပေးလိုက်သည်။ ကံကော်ညွန့်(၂၀)ညွန့်အိမ်ဘုရားလှူပြီးမိမိလိုရာဆုတောင်းပါ။

စေန

အလုပ်အကိုင်မှာကောင်းပါသည်။ အလုပ်တွင်လည်းအလုပ်လုပ်ရတာအဆင်ပြေမှု့တွေများနေပါသည်။ သင့်အတွက်စိတ်ချမ်းသာစရာတွေစောင့်ကြိုနေတယ်လို့ကျွန်ုပ်ကပြောချင်ပါတယ်။ သင့်အတွက်မိတ်ဆွေကောင်းတွေလည်းကြုံတွေရတတ်ပါသည်။ ဝန်ထမ်းများ ဖြစ်ပါက ရာထူးတိုးမည်အလုပ်တွေလည်းအဆင်ပြေလာပါလိမ့်မည်။ သင့်အတွက် စီးပွါးရေးလည်းတိုးတက်လာပါလိမ့်မည်။ လုပ်ငန်းသစ် များ စတင်လုပ်ကိုင်မည်ဆိုပါကကောင်းပါသည်။ အလွန်အဆင်ပြေသောအလုပ် ဖြစ်ပါသည်။

သင်၏ ငွေကြေးကံမှာကောင်းနေပါသည်။ငွေလည်းများများဝင်မည်။ သင်၏ ကျန်းမာရေးလည်းဘားမှစိုးရိမ်စရာမရှိပါ။အားလုံးကောင်းပါသည်။ ယခုအပတ်အတွင်းသင်သည်ပညာရေးကောင်းနေပါသည်။သင့်ကြိုးစားသမျှအောင်မြင်မည့်အချိန်ဖြစ်ပါသည်။ သင်၏အချစ်ရေးကံမှာကောင်းနေပါသည်။လက်ဆောင်ပစ္စည်းတွေလည်းရရှိတတ်ပါသည်။ ယခုအပတ်အတွင်း ပြည်တွင်းပြည်ပ ခရီးပေါ်လျှင်ကောင်းပါသည်။ နိုင်ငံခြားခရီးဆိုလျှင်သင့်အတွက်အဆင်ပြေသောခရီးစဉ်ဖြစ်တတ်ပါသည်။ သင်၏ကံကောင်းသောအရောင်မှာလိမ္မော်ရောင် ဖြစ်ပါသည် ယခုအပတ်အတွက် အကောင်းဆုံး ယတြာကို ကျွန်ုပ် မှ ညွှန်ကြားပေးလိုက်သည်။ ခရေညွန့်(၆)ညွန့်အိမ်ဘုရားလှူပြီးမိမိလိုရာဆုတောင်းပါ…

Leave A Reply

Your email address will not be published.

error: Content is protected !!