Latest Breaking News & Headlines

မိုးသည်းထန်စွာ ရွာသွန်းပြီး ရထားလမ်း ရေကျော်နေသဖြင့် ရန်ကုန်-မန္တလေး ရထား ခရီးစဉ် ယာယီပိတ်ထားရ …

120

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် တော်ဝိဘူတာ နှင့် ပိန်းဇလုပ်ဘူတာကြား မိုင်တိုင်အမှတ် ၉၈/၅-၁၅ ကြားရှိ တံတားအမှတ် (၁၃၆) တွင် ယမန်နေ့ရက်များကမိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ရထား လမ်းရေကျော်တိုက်စားမှု ဖြစ်ခဲ့သည့်အတွက် ရန်ကုန် – မန္တလေး ရထားခရီးစဉ်ကို ယာယီပိတ်ထားရ ကြောင်း မြန်မာ့မီးရထား တိုင်း ၇ က သိရသည်…

ဩဂုတ်လ ၄ ရက် နံနက် ၈ နာရီ ၂၁ မိနစ်မှ စ၍ ရထားလမ်း ပိတ်ထားခဲ့ရပြီး ရေကျော်နေသည့် နေရာသို့ မြန်မာ့မီးရထား ရုံးချုပ် တာဝန်ရှိသူများနှင့် အမှတ်(၆)တိုင်းမှ တာဝန် ရှိသူများ ရောက်ရှိ ခဲ့ပြီး စစ်ဆေးရာ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ယနေ့ ရန်ကုန်-မန္တလေးခရီးစဉ် ပြေးဆွဲမည့် အမှတ်(၅) အဆန် အမြန်ရထားနှင့် အမှတ် (၃)အဆန်အမြန်ရထားခရီးစဉ်တို့ကို ယာယီ ဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်…

ခရီးစဉ်ဖျက်သိမ်းခဲ့ရသည့် အတွက် လက်မှတ်ခငွေများကို ပြန်အမ်းပေးသွားမည် ဖြစ်ကြောင်းနှင့် ရထား လမ်းပိုင်း အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြန်မာ့မီးရထား တာဝန် ရှိသူများမှ ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း သိရသည်…

Leave A Reply

Your email address will not be published.

error: Content is protected !!