အွန်လိုင်းေ ပါ် မှာ ဟော့နေ တဲ့ MTV ကိစ္စ လင်းလင်း ဒဲ့ ပြောပြီ …
လူဖြစ်ဖို့တစ်ဆင့်လို(တစ်ရည်လို)နေတဲ့ အနုပညာ ဖန်တီးမှုတွေဟာ ပရိတ်သတ်(ပြည်သူ) အတွက် အဆိပ်သင့်စေတာကလွဲရင် အခြားအကျိုးတရား(ခံစားမှု) ဘာမှမရှိနတ္တိပါဘဲ။ ဓမ္မနဲ့အဓမ္မကို ဇွတ်(မရမက) တန်းဆွဲညှိပြီး ဦးညွှတ်ခိုင်းတာဟာ ယခုရွေးကောက်ပွဲ ၂၀၂၀ တင်မက နောင်လာလတ္တံ့သော နိုင်ငံ့အနာဂတ် အဆက်ဆက်အတွက် ကြောက်စရာအကောင်းဆုံး(အကြီးမားဆုံး) ဘုံရန်သူဘဲ…


“တရားမျှတ လွတ်လပ်ခြင်း နဲ့မသွေ” ဆိုတဲ့ စာသားဟာ ဆိုကောင်းအောင် ရေးထားတာမဟုတ်ပါဘူး။ ချီးနဲ့ရေခဲမုန့်ကို လမ်းဘေးပလက် ဖောင်းတစ်ခုအပေါ် performance art အနေနဲ့ အနုပညာ ဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ (mood) အပြည့်နဲ့ ရောစားပြလို့ရချင်ရပါလိမ့်မယ်…


နိုင်ငံ့အရေးမှာတော့ ရောစားပြလို့ မရပါဘူး။ ချီး တန်ဖိုး နဲ့ ချီးဂုဏ်သိက္ခာ ဟာ သက်သက်။ ရေခဲမုန့် တန်ဖိုး နဲ့ ဂုဏ်သိက္ခာ ဟာ သက်သက်ပါ။ ဒီလိုနှိုင်းရတာဟာလဲ ဘယ်သူ့ကိုမှ စော်ကားလိုတဲ့စိတ်မဟုတ်ပါဘူး။ စည်းလုံးစေချင်လို့ပါ။ ပြည်သူတွေအများစု လာမယ့်ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲပေးရမယ်ဆိုတာသိတယ်။ အဆိပ်သီးတွေ တစ်လုံးပြီးတစ်လုံး လာကျလိမ့်ဦးမယ်။ ဘာမှ ဝေဝါးစရာမရှိပါဘူး…