Latest Breaking News & Headlines

“ငါတို့အားလုံးရဲ့မြေ” သီချင်းရဲ့ နောက်ဆက်တွဲ ကြောင့် ဒေါ်အောင်ဆန်းစုကြည် နဲ့ တကွ အားလုံး ကို တောင်းပန်ကြောင်း LIVE လွှင့်ပြီးပြောလာတဲ့ “ယုန်လေ:…

386

အဆိုတော် ယုန်လေးကတော့ ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ အနုပညာ အသစ်တွေကို ချပြဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ယုန်လေးက မနေ့က သြဂုတ်လ (၄) ရက်နေ့မှာတော့ သူ့ရဲ့ သီချင်းသစ် “ငါတို့အားလုံးရဲ့မြေ” သီချင်း MV ကို သူ့ရဲ့ပေ့ချ်ကနေတဆင့် မျှဝေခဲ့ပါတယ်။ ဒါပေမယ့် “ငါတို့အားလုံးရဲ့မြေ” သီချင်း MV ကတော့ ပရိသတ်တွေနဲ့ နားလည်မှု လွဲမှားခဲ့ပြီး တော်တော်လေး ဝေဖန်မှုပြင်းထန်မှုခံခဲ့ရတာပဲ ဖြစ်ပါတယ်…

ဒီကနေ့ သြဂုတ်လ (၅) ရက်နေ့ နေ့လည်ပိုင်း မှာတော့ ယုန်လေးက သူ့ရဲ့ ဆန်းသစ်ချင်လွန်းတဲ့စိတ်နဲ့ ပက်သတ်ပြီး အမှားအယွင်းတွေဖြစ်သွားခဲ့ရတဲ့အကြောင်းကို တောင်းပန်ထားပါတယ်။ ယုန်လေးကတော့ ပါဝင်ခဲ့ကြတဲ့ သရုပ်ဆောင်၊ အဆိုတော်တွေအားလုံးကိုလည်း တောင်းပန်စကားပြောထားပြီး သူ့ရဲ့သီချင်းကြောင့် စိတ်အနှောက်အယှက် ဖြစ်ခဲ့ရတဲ့သူတွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဝန်ချတောင်းပန်ကန်တော့ထားတာကို Live လွှင့်ပြီး ပြောထားပါတယ်…

ယုန်လေးကတော့ သူ့ရဲ့ အမှားအယွင်းတစ်ခုကြောင့် ပရိသတ်တွေ ကြားမှာ နားလည်မှုလွဲမှားသွားခဲ့ရတာကို စိတ်မကောင်းကြီးစွာဖြစ်နေရတာပဲ ဖြစ်ပါတယ်။ ယုန်လေးကတော့ “ငါတို့အားလုံးရဲ့မြေ” သီချင်း MV ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးခဲ့ပေမယ့် မမျှော်လင့်ထားတဲ့ အခြေအနေနဲ့ ကြုံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်…

Leave A Reply

Your email address will not be published.

error: Content is protected !!