Latest Breaking News & Headlines

တောင်ကိုရီးယားမှာ ရေတွေကြီးနေဆဲ…

60

ဂယောင်ဂီဒို ပြည်နယ်၊ ကာဖြောင်းဘက် တောင်ကြားထဲက မိသားစုပိုင် ဟိုတယ်လေးတစ်ခု (pension)က မိုးကြီး၊ရေကြီးနဲ့ မြေပြိုကျတယ်ဆိုပြီး မနေ့က မနက် ၁၀ နာရီ ၃၇ မိနစ်က ကယ်ဆယ်ရေးအဖွဲ့ ၁၁၉ ကိုအကြောင်းကြားတယ်တဲ့။မီးသတ်ဌာနက ဝန်ထမ်းတွေနဲ့ ရဲ ၃၉ ယောက်က လာကယ်ပေမဲ့ တောင်ပြိုကျလို့ လမ်းတွေပိတ်ပြီး ဝင်လို့မရ။ကယ်ဆယ်ရေးဝန်ထမ်းတွေ ၆ နာရီကျော်ကြာမှ ဟိုတယ်ကိုရောက်တယ်။ ကယ်ဆယ်ရေးဝန်ထမ်းတွေရောက်လာတော့ ဟိုတယ်ပိုင်ရှင်မိသားစု ၃ ယောက်က သေဆုံးနေပြီ…

ဟိုတယ်ပိုင်ရှင် အမျိုးသမီးကြီး ( အသက်၆၅ နှစ်)၊ ဟိုတယ်ပိုင်ရှင်ရဲ့ သမီး ( အသက် ၃၆ နှစ်)၊ ဟိုတယ်ပိုင်ရှင်ရဲ့ မြေး (အသက် ၂နှစ် )။စိတ်ထိခိုက်စရာပိုကောင်းတာက ဟိုတယ်ပိုင်ရှင်ရဲ့သမီးနဲ့ သားလေးက နယူးဇီလန်မှာနေတာတဲ့ ။ အမေ့ဆီလာလည်ရင်း ဒီလိုဖြစ်သွားတာ…

တောင်ကိုရီးယားတောင်ပိုင်းမှာ ရေကြီး၊ မြေပြိုမှုတွေကြောင့် ဒီနေ့အထိ သေဆုံးတဲ့သူတွေ စုစုပေါင်း ၁၃ ယောက်ရှိနေပြီ။ အခုထိ ရှာမရဘဲ ပျောက်နေသူ ၁၃ ယောက်။ရေကြီးလို့ အိမ်ခြေ ၁၀၀၀ ကျော် စွန့်ခွာထွက်ပြေးခဲ့ကြ…

တောင်ကိုရီးယားရဲ့အတွင်းပိုင်းက တောင်တွေအလွန်ထူထပ်တာမို့ ရေကြီးတာနဲ့ ရွှံ့တွေ၊ မြေတွေ လျှောကျတာဖြစ်တယ်။လူတွေ ရွှံ့နွံတွေထဲ နစ်ပြီး အသက်သေသွားကြရတာပေါ့ …

ဒီလို ဒုက္ခရောက်နေရတဲ့အထဲမှာ မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားဘက်ကို ကြိုတင်အသိမပေးဘဲ မနေ့(တနင်္လာနေ့) က နယ်စပ်ရေကာတာ တံခါး တချို့ကို ဖွင့်ချပစ်တယ်တဲ့။မြောက်ကိုရီးယား အနောက်ဘက်နဲ့ တောင်ကိုရီးယားနယ်စပ်မှာရှိတဲ့ ဟွမ်ဂန်ဆည် (Hwanggang Dam) တံခါးဖွင့်ပြီး Imjin River (အင်မ်ဂျင်မြစ်) ထဲကို ရေတွေလွှတ်ခဲ့တာ…

ဇူလိုင်လဆန်းပိုင်းကနေ သြဂုတ်လ ၃ ရက်နေ့အထိ မြောက်ကိုရီးယားက အဲ့ဒီလို အသိမပေးဘဲ ဆည်တံခါးကိုဖွင့်ချတာ ဒါနဲ့ဆို သုံးကြိမ်ရှိနေပြီ…

ကမ္ဘာကြီးက လျှို့ဝှက်ချက်တွေ အပြည့်နဲ့။ တစ်နေရာမှာ မိုးတွေခေါင်၊ တစ်နေရာမှာရေတွေကြီး…

Leave A Reply

Your email address will not be published.

error: Content is protected !!