Latest Breaking News & Headlines

ဝေဖန်မှု မြင့်တက်နေတဲ့ ယုန်လေး ဖန်တီးခဲ့တဲ့ MTV နဲ့ ပတ်သက်လို့ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ညီနန္ဒ ရဲ့ ပြောပြချက် (ရုပ်သံ)…

336

ဒီဗွီယိုဖိုင်ကိုတော့ NLD ပါတီ ကို ထောက်ခံသူအများစုက ကန့်ကွက်ဝေဖန် ခဲ့ကြပါတယ်။ နိုင်ငံခေါင်းဆောင်တစ်ယောက်ကို လုပ်ကြံတာတွေ၊ ပင်နီဝတ်တွေက ကြောက်ဒူးတုန် နေတာတွေ၊ စစ်တပ်က လာရောက် ကယ်တင်တာတွေကို မနှစ်မြို့ကြကြောင်း မှတ်ချက်ပြုကြပါတယ်…

တစ်ဖက်အုပ်စု မှာတော့ MTV တစ်ခုလုံး ကောင်းမွန်ကြောင်း၊ သီချင်းစာသားနဲ့လိုက်ဖက်ကြောင်းနဲ့ စစ်တပ် အစိုးရ အမတ်တွေ အားလုံး အားလုံး စည်းလုံးမှုကိုပြလို့ သဘောကျကြကြောင်း မှတ်ချက်ပြုပါတယ်။

ဒါနဲ့ပတ်သက်ပီး သီချင်း သီဆိုခဲ့သူ ချမ်းချမ်းကလည်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါသေးတယ်။ အဲလိုဝေဖန်မှုတွေ မြင့်တက်ခဲ့တဲ့အတွက် ဒါရိုက်တာ ယုန်လေးကိုယ်တိုင်ကလည်း လူမှု့ကွန်ယက်စာမျက်နှာကနေ တောင်းပန် ထားပါတယ်။

ဗွီယိုကို ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ညီနန္ဒကတော့ သူ့အမြင် သူ့ရပ်တည်ချက်ကို အခုလိုပြောလာပါတယ်ဗျာ…

နိုင်ငံရေး အရှုပ်အရှင်းတွေ လုပ်ဖို့ စိတ်ကူးလုံးဝမရှိဘူး- ညီနန္ဒ

“ကျွန်တော့်ရဲ့သမိုင်းကြောင်းကို ပြန်ကြည့်ရင် နိုင်ငံရေး နဲ့ပတ်သက်ပြီးတော့ ဘာမှ အရှုပ်အရှင်း မရှိခဲ့ဖူးဘူး…အခုလည်းရှုပ်ဖို့စိတ်ကူးမရှိဘူး။နောင်လည်း အဲ့လိုလုပ်မှာမဟုတ်ဘူး…

အနုပညာသမားဆိုတော့ ကျရာနေရာကို အကောင်းဆုံး ဖြစ်အောင် ပုံဖော်လိုက်တာပါ”ဆိုကာ စည်းလုံးသင့်ပြီ မြန်မာပြည်သီချင်းMTV မှာ ပါဝင် သရုပ်ဆောင်ဖြစ်ခဲ့တဲ့အ ကြောင်းပြောခဲ့ပါတယ်။ ရုပ်သံဖိုင်ကို ဆက်လက်ကြည့်ရှု့နိုင်ပါတယ်…

Leave A Reply

Your email address will not be published.

error: Content is protected !!