Latest Breaking News & Headlines

နောက်ရာသီအတွက် ပရိတ်သတ်တွေကို စကားလက်ဆောင်ပြောလိုက်တဲ့ ဖရဒ်…

85

ယူနိုက်တက်ရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ ဖရက်ဒ်ကတော့ နောက်ရာသီ အသင်းနဲ့အတူ ဖြစ်နိုင်ချေရှိတဲ့ ဆုဖလားတွေကို ယူသွားဖို့ရှိကြောင်း ကြွေးကြော်ခဲ့ပါတယ်။ ဒါ့အပြင် ဖရဒ်က ဒီရာသီအပြီးမှာတော့ ယူနိုက်တက်အသင်းက စိတ်ဓါတ်ပိုင်း ပိုမိုသန်မာလိမ့်မယ်လို့ ဆိုပါတယ်။ယူနိုက်တက်ဟာ ဇန်နဝါရီမှာ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ရောက်ခဲ့ပြီးနောက်ပိုင်း သိသိသာသာ တိုးတက်ခဲ့သလို ၊ ချန်ပီယံလိဂ် ၀င်ခွင့်ကိုလည်း ရရှိခဲ့ပါတယ်…

ဖရက်ဒ်က ” ဒီအသင်းက ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်နေပါပြီ။ ကျနော်တို့တွေ မတည်ငြိမ်မှုတွေ၊ အနိမ့်အမြင့် ၊ အတက်အကျတွေရှိခဲ့ပါတယ်။ ရှည်လျားလှတဲ့ ရာသီတလျောက်လုံးမှာ ဒါတွေက ဖြစ်ရိုးဖြစ်စဉ်တွေပါပဲ။ ဒါပေမယ့် ကျနော်တို့တွေ ဒါက အကောင်းဆုံး ပုံစံရအောင် ပြန်လည် တည့်မတ်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ၀င်ခွင့်ကို ရရှိခဲ့တာဟာ အသင်းအတွက် တကယ့်အရေးပါတဲ့အရာဖြစ်ခဲ့ပါတယ်…

“ဒီရာသီပြီးတဲ့အခါမှာ ကျနော်တို့အသင်းက စိတ်ဓါတ်ပိုင်းဆိုရင် ပိုသန်မာလာမယ်ဆိုတာ အသေအချာပါပဲ။ ဒီရာသီကတော့ ပုံမှန်မဟုတ်ပေမယ့် နောက်ရာသီမှာ ပြိုင်ပွဲတိုင်းကို အနိုင်ရဖို့ ရှေ့ရှုသွားမှာ ဖြစ်သလို စိတ်ဓါတ်တွေလည်း ပိုသန်မာလာပါလိမ့်မယ်။တတ်နိုင်သမျ အရာတွေကို အရယူသွားမှာပါ။ ဒီအတွက် ကောင်းမွန်တဲ့ လူစရင်းလည်း ရှိနေပါတယ်။ ဒါ ကြောင့်မို့ ကျွန်တော်တို့ဟာ ယူနိုက်တက်အတွက် ယှဉ်ပြိုင်ကစား ရမယ့် ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် နဲ့ ဖလားပြိုင်ပွဲတွေမှာတတ် နိုင်သလောက်ဆုဖလားတွေကိုရရှိဖို့ အစွမ်းကုန်ကြိုးစားသွားမှာ ပါ…

အိုးထရက်ဖို့ဒ်မှာ ပထမဆုံးရာသီတုန်းက ရုန်းကန်ခဲ့ရပေမယ့် ဒုတိယမြောက်ရာသီမှာတော့ ရှက်တာဒိုးနက်စ်က ခြေစွမ်းမျိုးပြန်လည်ရယူနိုင်ခဲ့တာကြောင့် ပျော်ရွှင်ကြောင်း ဖရက်ဒ်က ဖွင့်ဟခဲ့ပါသေးတယ်။ ” ကျနော့်ရဲ့စွမ်းဆောင်ရည်ကြောင့် တကယ်ပျော်ရွှင်ခဲ့ရပါတယ်။ ခက်ခဲတဲ့ ရာသီကနေပြီးတော့ ကောင်းမွန်တဲ့ ရာသီတခုအဖြစ် ကျော်လွှားနိုင်ခဲ့တာလေ။ ကျနော့်ရဲ့စွမ်းဆောင်ရည်ကို ထိန်းသိမ်းနိုင်ခဲ့တာကြောင့် အရမ်းကို ပျော်ရွှင်ပါတယ်။ ပြီးတော့ ချီးကျူးမှုတွေ အများကြီးရခဲ့တာကလည်း အရမ်းကြီးတဲ့အရာပါပဲ။ ဆက်လက်ပြီး ကြိုးစားသွားဖို့လိုသလို ၊ ပြိုင်ပွဲတိုင်းမှာ သက်သေပြနိုင်ဖို့လိုပါတယ်။ကျွန်တော့်ရဲ့တန်ဖိုးကိုပြသပြီး အသင်း အတွက် အတတ်နိုင်ဆုံးကူညီပေးသွားမှာပါ။ ဒီနေရာမှာဆုဖလား များစွာကို ကျွန်တော်ကိုင်မြောက်ချင်ပါတယ်။” ဟု ပြောသွားခဲ့လိုက်ပါတယ်…

Leave A Reply

Your email address will not be published.

error: Content is protected !!