မျက်နှာ သစ်ရာ ရွတ်ကြပါ
ဗုဒၶံ သရဏံ ဂစာၦမိ … ဓမၼံ သရဏံ ဂစာၦမိ .. သံဃံ သရဏံ ဂစာၦမိ
ဒုတိယမၼိ ဗုဒၶံ သရဏံ ဂစာၦမိ … ဒုတိယမၼိ ဓမၼံ သရဏံ ဂစာၦမိ … ဒုတိယမၼိ သံဃံ သရဏံ ဂစာၦမိ
တတိယမၼိ ဗုဒၶံ သရဏံ ဂစာၦမိ … တတိယမၼိ ဓမၼံ သရဏံ ဂစာၦမိ … တတိယမၼိ သံဃံ သရဏံ ဂစာၦမိ
ကျွန်ုပ်အား မွေးထုတ်ပေး ခဲ့သော မိဘနှစ်ပါး တို့သည် ဘေးရန်ခပ်သိမ်းကင်းပါစေ…

ဒေါသခပ်သိမ်း ကင်းပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းပါစေ။ မိမိကိုယ်ကို ချမ်းသာစွာ ရွက်ဆောင်နိုင်ပါစေသတည်း။ ကျွန်ုပ်အား ပညာသင်ကြားပေးကြဖူးသော ဆရာသမား အပေါင်းတို့သည် ….. ဘေးရန်ခပ်သိမ်းကင်းပါစေ။ ဒေါသခပ်သိမ်း ကင်းပါစေ၊ဆင်းရဲခပ်သိမ်း ကင်းပါစေ။ မိမိကိုယ်ကို ချမ်းသာစွာ ရွက်ဆောင်နိုင်ပါစေသတည်း။
၁။လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ ၊ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ
၂။ကြောက်တတ် မကြောက်တတ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေသတည်း။
၃။မြင်အပ် မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၄။ဝေးနေ နီးနေ နှစ်ထွေများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၅။ဘဝဇာတ်ဆုံး မဆုံးများစွာ သတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ။ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၆။ရှည်တို အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၇။ကြီး၊ငယ်၊အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၈။ဆူ ကြုံ အလတ် သုံးရပ်ခန္ဓာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
၉။လူ အချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
၁၀။အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၁၁။ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ
ဘေးရန်ကင်းစေသည်၊ ကျန်းမာရေးကောင်းစေသညမကောင်းသော အတတ်ပညာမျိုးတို့ဖြင့် ပြုစားစီရင် မနှောင့်ယှက်စေနိုင်။ အိမ်မက်ဆိုးတို့မှ ကင်းဝေးစေမည်။
မိတ်ဆိုး ဆွေဆိုး ပတ်ဝန်းကျင် ဆိုးမှ လွတ်မြောက်စေနိုင်မည်။
နေ့စဉ် ရွတ်ဖတ်ပါက….အကျိုးသွားမှာ များစွာကြီးမြတ်လှသည် ဖြစ်ကြောင်းကို အထူးပြောစရာလိုမည် မထင်ချေ…
(မဟာဝိဇယစေတီတော်)