Latest Breaking News & Headlines

မြန်မာနိုင်ငံ အပေါ်ကို စီးပိုးဖို့ ချမှတ် ထားတဲ့ တရုတ် ရဲ့ PLAN A , B , C (သို့) မဟာဗျူဟာ တချက်ချတာ မှားတာနဲ့ ကျွန်သက် ၁၀၀ ရှည်သွားနိုင်တဲ့ အခြေအနေ…

81

မြန်မာနိုင်ငံအတွင်းမှ တရုတ်ကုန်သွယ်ထွက်ပေါက်များ မြန်မာ့ ပင်လယ်ထွက်ပေါက်မှာ စစ်တွေ ၊ ကျောက်ဖြူ ၊ သံတွဲ ၊ ပုသိမ် ၊ ရန်ကုန် ၊ မော်လမြိုင် ၊ထားဝယ် ၊ မြိတ် ၊ကော့သောင်း ဆိုပြီး ဆိပ်ကမ်းတွေတည်ဆောက်ထား ရှိပါတယ် ။အဲ့ဒီထဲကမှ ကျောက်ဖြူ ၊မော်လမြိုင်၊ ထားဝယ် ဆိပ်ကမ်းတွေကတော့ ဆောက်လက်စ အဖြစ်ပဲ ရှိပါသေးတယ် ။ဆိပ်ကမ်းတွေ အားလုံးထဲကမှ လက်ရှိအနေအထားအရ မဟာဗျူဟာအကျဆုံး ဆိပ်ကမ်းတွေကတော့ကျောက်ဖြူ ၊ သီလဝါ ၊မော်လမြိုင် ၊ ထားဝယ် ရေနက်ဆိပ်ကမ်းတို့ပဲ ဖြစ်ပါတယ် …

တရုတ်နိုင်ငံဖက်ကနေဖော်ဆောင်လျက်ရှိတဲ့ ခေတ်သစ်ပိုးလမ်းမ BRI /OBOR လမ်းကြောင်းဖြစ်သောကျောက်ဖြူ-မန္တလေး-ကူမင် လမ်းကြောင်းကလည်း မန္တလေးက ဖြတ်ပါတယ် ။
ဘင်္ဂလားဒေ့ရှ် ၊တရုတ်၊အိန္ဒိယ၊မြန်မာ့ စီးပွားရေးစြင်္ကန်လမ်းBCIM- EC ကလည်း မန္တလေးက ဖြတ်ပါတယ် ။ဧရာဝတီမြစ်ဝှမ်းစီမံကိန်းဖြစ်တဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျောက်ကနေ ကုန်သွယ်မဲ့လမ်းကြောင်း ရန်ကုန်-မန္တလေး-မြစ်ကြီးနား-ကူမင်ကလည်း မန္တလေးက ဖြတ်ပါတယ် …

ဒါကြောင့် ၎င်းကုန်သွယ်ရေးလမ်းကြောင်းတို့၏ ဆုံချက် ဖြစ်တဲ့ မန္တလေးမြို့အနီးမှာ ” မြို့သာစီမံကိန်း ၊အမရပူရစီမံကိန်း”တို့ဟာ မြန်မာ- တရုတ် စီးပွားရေးစြင်္ကန်လမ်း CMEC -EC အတွက်တည်ဆောက်ဖို့ တရုတ်ဖက်က ရည်စူးတာဖြစ်ပါတယ် ။နောက်တစ်ခုက ရန်ကုန်မြို့သစ်စီမံကိန်းရှိမယ် ၊ မြစ်ကြီးနားစီးပွားရေးဇုံ စီမံကိန်းတွေ ရှိမယ်ပေါ့ ။ သံလွင်မြစ်အရှေ့ခြမ်းစီမံကိန်းတွေကတော့ ထားဝယ်ရေနက်ဆိပ်ကမ်း – ကူမင် ကူသန်းလမ်းကြောင်းနဲ့ ချိတ်ဖို့ ရည်ရွယ်ပါတယ်…

အချက်အခြာကျတဲ့ ကျောက်ဖြူ ၊ ရန်ကုန် နှင့် မန္တလေး ကို ချုပ်ကိုင်ထားနိုင်ရင်မြန်မာ့စီးပွားရေးတက်ခြင်းကျခြင်းတွေကိုပါ ထိန်းချုပ်လို့ ရနေနိုင်ပါပြီ။မြန်မာ့နိုင်ငံရဲ့ ပထဝီနိုင်ငံရေး အချက်အခြာကျတဲ့နေရာတွေကို ဆုပ်ကိုင်ထားပြီးမြန်မာ့စီးပွားရေးကိုပါ ချုပ်ကိုင်ထားလို့ရတဲ့ အနေအထားအခင်းအကျင်းဆိုတာ မြင်ယုံနဲ့ သိသာပါတယ် ။တနည်း မြန်မာ့ပထဝီနိုင်ငံရေး အချက်အခြာကျတဲ့နေရာကို ခြေကုပ်ယူထားပြီး စီးပွားရေးကို ချုပ်ကိုင်ထားနိုင်ရင် ကျည်တချက်ဖောက်စရာမလိုဘဲ မြန်မာပြည်ကို သိမ်းပိုက်နိုင်ခြင်းပါပဲ ။မြန်မာနိုင်ငံအပေါ်ကို စီးပိုးဖို့ ချမှတ်ထားတဲ့ တရုတ်ရဲ့ Plan A , B , C ဆိုရင်လည်း မမှားပါဘူး။လမ်းကြောင်းတစ်ခုမရရင် နောက်လမ်းကြောင်း တစ်ခုနဲ့သွားမဲ့ အကြံအစည်မျိုးပါ …

အဆုံးစွန်ဆုံး တရုတ်ဟာ ကျောက်ဖြူကို လက်လွှတ်ရသည့်တိုင်အောင် ၊ဧရာဝတီမြစ်ဝှမ်းစီမံကိန်း အကောင်အထည်ဖော်ခွင့်မရသည့်တိုင်အောင် ၊၎င်းတို့နှင့်ဆက်စပ်သော မြို့ပြစီမံကိန်းတွေ အကောင်အထည်ဖော်ခွင့်မရသည့်တိုင်အောင်ထားဝယ်ရေနက်ဆိပ်ကမ်း မှ ကူမင်ကို ကုန်သွယ်လို့ ရပါတယ် ။ဒါဆို ဘာလို့ တရုတ်ဟာ ကျောက်ဖြူတို့ ၊ ဧရာဝတီမြစ်ဝှမ်းစီမံကိန်းတို့ ၊၎င်းတို့နှင့်ဆက်စပ်သော မြို့ပြစီမံကိန်းတွေအပေါ်မှာ အသည်းအသန်ဖြစ်နေရသလဲဆိုတာ တချက်တွေးကြည့်ရအောင်…

မလက္ကာ ရေလက်ကြားဟာလည်း စစ်ရေးအနေတင်းမာလာပြီဖြစ်တဲ့အတွက် လက်ရှိသွယ်တန်းထားတဲ့ ကျောက်ဖြူ- ကူမင် လောင်စာပိုက်လိုင်းဟာလည်း အနေအထားတစ်ခု တင်းမာရင် ပိတ်ဆို့သွားနိုင်တာပါပဲ။ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးအချက်အခြာကျတဲ့နေရာတွေကို ခြေကုပ်ယူထားနိုင်ပြီးမြန်မာ့စီးပွားရေးအပေါ်မှာ ရာခိုင်နှုန်း အတော်များများလွှမ်းမိုးချုပ်ကိုင်ထားနိုင်ပါမှအိန္ဒိယသမုဒ္ဒရာရေပိုင်နက် စိုးမိုးရေးကို ထိန်းချုပ်ထားနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်…

ဒီအရေးတွေကို ပြည်သူ့ အစိုးရမှ ကောင်းမွန်စွာ ကိုင်တွယ်နိုင်လိမ့်မည်ဟု မျှော်မှန်းရပါတယ်။သတိကြီးကြီးထားပြီး ဆောင်ရွက်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ် ။သို့မဟုတ်ရင် မဟာဗျူဟာ တချက်ချတာ မှားတာနဲ့ ကျွန်သက် ၁၀၀ ဆိုလည်း မမှားပါဘူး ။မြန်မာကို ကမ္ဘာကစောင့်ကြည့်နေတဲ့အချက် ဤမျှသာ…

Leave A Reply

Your email address will not be published.

error: Content is protected !!