Latest Breaking News & Headlines

အဆိုတော် ယုန်လးရဲ့ ငါတို့အားလုံး ရဲ့မြေ … (စည်းလုံးသင့်ပြီ မြန်မာပြည်) သီချင်း နဲ့ ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်ကြတဲ့ သူတွေကို ပြန်လည်ဖြေရှင်းလိုက်တဲ့ ယုန်လေး…

337

ယနေ့ သြဂုတ်လ(၄)ရက်နေ့၌ Original Ganster Page မှာ ငါတို့အားလုံး ရဲ့မြေ(စည်းလုံးသင့်ပြီ မြန်မာပြည်)ဆို တဲ့ MTV ကိုတင်ခဲ့ပါတယ်။ အဆိုပါ MTV အပေါ်မှာ လက်ခံသူ၊ လက်မခံသူများနဲ့ အတော်ကို ပွဲဆူခဲ့တာပါ။ MTV ဟာဆိုရင် အချိန်တို အတွင်းကြည့်ရှုသူ တစ်သန်းကျော် သွားပြီလည်းဖြစ်ပါတယ်။ အဆိုပါ MTV နဲ့ ပတ်သက်ပြီး လက်မခံသူများရဲ့ ထင်မြင်ချက်များမှတစ်ခုကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်…

ကိုယုန်လေး တို့ကတော့ လုပ်ချလိုက်ပြီ ။ ဒီနေ့ဈေးလည်း ပိတ်တာ နဲ့ ကိုယုန်လေး ရဲ့ စည်းလုံးသင့်ပြီ မြန်မာပြည် ဆိုတဲ့ သီချင်းကို သူများတွေ ပြောနေကြတာနဲ့ အချိန်ပေးပြီးကြည့်လိုက်မိတယ်။ စကြည့်ကတည်းက ကျက်သရေ ကို အဖြာဖြာတုန်းတယ်။ ဘယ်ကမလောက်လေး မလောက်စားတွေက လူကို လာဟောက်နေသလဲ လို့ခံစားရတယ်။ စပြပြချင်း ခရိုနီတွေ လုပ်ငန်းရှင်တွေကို NLDပါတီကဆိုတဲ့ပုံစံနဲ့ ပင်နီနဲ့ လူကကန့်ကွက် ပိတ်ပင်လိုက်လို့ အလုပ်တွေ ရပ်တန့်သွားတယ်။အောက်ခြေလူတန်းစားတွေ အခက်တွေ့သွားတဲ့ပုံစံပြထားတယ်…

သီချင်းကလည်း တစ်ယောက်က ကောင်းတာလုပ်ရင် တစ်ယောက်က ဖျက်လိုဖျက်စီးနဲ့ လုပ်နေကြတော့ ဒီတိုင်းပြည်ကြီး ဘယ်အချိန်မှ တိုးတက်မှာလည်း အဓိက နစ်နာတာ ပြည်သူတွေပဲဆိုပြီး NLD ပါတီက ဖျက်လိုဖျက်စီးလုပ်လို့ ပြည်သူတွေ ဒု က္ခရောက်နေတဲ့ပုံရိုက်ပြထားတယ်။ ဒေါ်အောင်ဆန်းစုကြည်နေရာကို သရုပ်ဆောင် သွားတဲ့ အန်တီမို့ ကတော့ အတော်လေး နောက်တယ် ပြောရမယ်။ ကိုယ်တို့သိပ်ချစ်ပြီး ဘယ်အချိန်မြင်လိုက်မြင်လိုက် ကျက်သရေရှိနေတဲ့ အမေစု ကို သူလုပ်မှ ရီစရာ ရုပ်ဖြစ်တော့တယ်…

အသက် ၇၅ နှစ် အရွယ်နဲ့မလိုက်အောင် ကျက်သရေရှိလွန်းလှတဲ့ အမေစု သူနဲ့တွေ့မှ အိုဇာတာ ကျသွားတော့တယ်။ နောက်ဆုံးခန်းမှာတော့ အမေစုတို့ ဆွေးနွေးတဲ့နေရာကို လုပ်ကြံသူတွေ ရောက်လာတာကို ရဲတွေက မကယ်နိုင်ဘူး စစ်တပ်ကလာကယ် ရ တဲ့ ပုံစံရိုက်ထားတယ်။ အဲ့အကွက်က အမေစုကလည်း ဗိုလ်ချုပ်အောင်ဆန်းလို လုပ်ကြံ ခံရနိုင်တယ်လို့ ခြိမ်းခြောက်ထားသလို ဘာလိုလို ခံစားရတယ်။ အဆိုးဆုံးကတော့ အမေစုရယ် ကာချုပ်ရယ် ဦးသန်းဌေးရယ်ကို အတူတူ ယှဉ်ထားပြီး ပါတီက လူတွေက ဦးညွှတ်ပြတာပဲ…

ဒါနဲ့ ဦးသန်းဌေးက ဘာလဲ ဘာကြီးမို့ အမေစုနဲ့ ယှဉ်ထားရတာလဲ ဘာကိစ္စဦးညွှတ်ရမှာလဲ ကိုယ်ပဲဉာဏ်နည်း လွန်းလို့လား မသိဘူး။ ဘယ်လိုမှကို နားလည်မပေးနိုင်ဘူး။ တစ်ခုတော့ကျေးဇူးတင်တယ် သူတို့ ကိုယ်သူတို့ အနုပညာရှင်လို့ ထင်နေကြတဲ့ ဖက်ခွက်စား တစ်အုပ်စုလုံးကို ခွဲဆဲစရာမလိုပဲ တစ်စုတစ်စည်းထဲ ဆဲခွင့်ရလို့ ဆဲနေကြသူတွေကိုယ်စား ကျေးဇူးတင်တယ် မမောတော့ဘူး…

Leave A Reply

Your email address will not be published.

error: Content is protected !!