Latest Breaking News & Headlines

အခြေခံပညာ အလယ်တန်း နှင့် မူလတန်း အဆင့် ကျောင်းပြန် ဖွင့်မည့်ရက် ကို ပညာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်…

349

အခြေခံပညာ အလယ်တန်း နှင့် မူလတန်း အဆင့် ကျောင်းပြန်ဖွင့်မည့်ရက်ကို ပညာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်မရဘဲ ၊ကိုဗစ်ဗဟိုကော်မတီ၏ ညွှန်ကြားချက် ရမှာသာ ထုတ်ပြန်ပေးသွားမည်ဟု သိရ.. ယခုအချိန်သည် ကိုဗစ်ကပ် ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်မရဘဲ ၊ကိုဗစ်ဗဟိုကော်မတီ၏ ညွှန်ကြားချက် အတိုင်း လုပ်ဆောင်ရကြောင်း၊ ညွှန်ကြားချက်ရပါကကျောင်း ဖွင့်မည့်ရက်ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာ တနိုင်ငံလုံးတွင် အထက်တန်း ကျောင်း ၆၀၀၀ကျော်ရှိသည့်အနက် ကိုဗစ်ကာလ သတ်မှတ်ချက် ဖြစ်သည့် အချက် ၈၀ လုံးကို ပြင်ဆင်ထားနိုင်သော အေ အဆင့်ရှိ ကျောင်းပေါင်း ၃၇၀၀ ကျော်ကို စတင်ဖွင့်လှစ်ပေးထားကြောင်း၊ ကျန်ကျောင်းများကိုလည်း ဆက်လက်ဖွင့်လှစ်နိုင်ရေး စစ်ဆေးမှုများ လုပ်ဆောင်နေ‌ကြောင်း သိရသည်။

“ခုအထက်တန်းတွေ ဖွင့်တယ် ပြီးမှ အလယ်တန်းတွေဖွင့်ဖို့စီစဉ်မယ်၊ပြီးမှ မူလတန်းတွေ ဆက်ဖွင့်ဖို့ တဆင့်ချင်းစီ သွားရမှာဖြစ်တယ်၊အတိကျ မပြောနိုင်သေးဘူး၊ ကိုဗစ် ဗဟိုကော်မတီက ညွှန်ကြားချက် ကိုလိုက်နာရတာပါ ” ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း က ပြောသည်။ အထက်တန်းကျောင်း ၇၀၀၀ ကျော်လုံး ပြန်လည် ဖွင့်လှစ်နိုင်ပြီးမှသာ အခြေခံပညာအဆင့် မူလတန်းနှင့် အလယ်တန်းကျောင်းမျကို ပြန်ဖွင့်ရန် စီစဉ်သွားမည်ဖြစ်ဟု အခြေ ခံပညာ ဦးစီးဌာနမှ သိရသည်။

“အခြေ ခံပညာ မူလတန်းတွေ၊ အလယ်တန်းတွေပြန်ဖွင့်ရက်ကတော့အတိအကျမသိရသေးဘူး၊ သေချာတာကတော့ခုအထက်တန်းကျောင်းရ၀၀၀ကျော်ကို ဆရာတို့ စစ်နေတယ်၊နောက်ဆုံး အထက်တန်းကျောင်းတွေ အကုန်လုံးဖွင့်သွားပြီဆိုတော့မှ အခြေအနေ တစ်လ စောင့်ကြည့်မယ်၊ ပြီးတော့မှ အလယ်တန်းတွေကို စစ်ဆေးဖို့စီစဉ်ပါဆိုပြီး ရှိပါတယ်” ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပင် ပြောသည်။

အထက်တန်း ကျောင်းအားလုံးပြန်လည် ဖွင့်လှစ်နိုင်ပြီးအခြေအနေ အဆင်ပြေမှုရှိမရှိကို တစ် လအနည်းဆုံးစောင့်ကြည့်မည်ဖြစ်ကြောင်း၊ အခြေနေကောင်းမွန်မှသာ အလယ်တန်းကို ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မည်ဖြစ်သည်။

Leave A Reply

Your email address will not be published.

error: Content is protected !!