Latest Breaking News & Headlines

မိတ္ထီလာတွင်မိုးအဆက်ပြတ်ရွာသွန်းမှုကြောင့် ကျေးရွာချောင်းကူးတံတား ကျိုးပြတ်ပြီး ကျေးရွာနှစ်ရွာတွင် ချောင်းရေ နှစ်ပေခန့်ဝင်ရောက်လျက်ရှိ…

81

မိတ္ထီလာမြို့နယ် ဂဠုန်ကုန်းကျေးရွာအုပ်စု သဲတောလေးကျေးရွာတွင် မိုးအဆက်ပြတ်ရွာသွန်းမှုကြောင့် ချောင်းရေ တိုက်စားပြီး ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျေးရွာချောင်းကူးတံတား ကျိုးပြတ် ပြီး သဲတောလေး ကျေးရွာနှင့် မြင်သာကျေးရွာတို့တွင် ချောင်းရေ ၂ ပေခန့်ဝင်ရောက်လျက်ရှိကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထံက သိရသည်။”မနေ့က မိုးလည်းအဆက်မပြတ်ရွာတယ်။

ဒီနေ့လည်း မိုးက အဆက်မပြတ် ရွာနေတာဆိုတော့ ရွာအနီးက ခါးကော့ ချောင်းနဲ့ နတ်စင်ချောင်းက ချောင်းရေတွေလျှံတက်ဝင်ရောက်ပြီး သဲတောလေးကျေးရွာချောင်းကူးတံတား ခါးအလယ် က ကျိုးပြတ် သွားတယ်။ တံတား အရှည်က ၄ဝ ပေ ၊ အကျယ်က ၁၂ ပေ ဖြစ်ပြီး အောက်က ရေပြွန်လုံး ခြောက်လုံး ခန့်ကို ဘိလပ်မြေနဲ့ ကျောက် ကွန်ကရစ် လောင်းထားတဲ့တံတားဖြစ်ပါတယ်။ လတ်တလော သဲတော လေးကျေးရွာနဲ့ မြင်သာကျေးရွာအတွင်းမှာလည်း ချောင်းရေ ၂ ပေ ခန့် ဝင်ရောက်နေပါတယ်” ဟု ဂဠုန်ကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးမိုး က ပြောသည်။

ချောင်းရေဝင်ရောက်မှုကြောင့် နေထိုင်၍ ခက်ခဲသည့် လူနေအိမ်တစ်ချို့ နှင့် ကျွဲနွားတစ်ချို့ကို ရေလွှတ်ရာ နေရာများသို့ ယာယီပြောင်းရွှေ့ နေထိုင်ရေးအတွက် ဆောင်ရွက်ထားရှိပေးထားကြောင်းလည်း ၄င်း ကပြောပြသည်။ သဲတောလေး ကျေးရွာ တွင် အိမ်ခြေ ၉ဝ ကျော် နှင့် မြင်သာကျေးရွာတွင် အိမ်ခြေ ၂ဝ ခန့်ရှိကြောင်းသိရသည်။ချမ်းသာ ( ပြန်/ဆက် )

Leave A Reply

Your email address will not be published.

error: Content is protected !!