Latest Breaking News & Headlines

မြန်မာရယ်လို့ ရဲရဲဝံ့ဝံ့ ရပ်တည်နိုင်အောင် စည်းလုံးဖို့ အချိန်တန်ပြီဆိုတဲ့အကြောင်းကို အဆိုတော်၊ သရုပ်ဆောင် တွေများစွာနဲ့ ဖန်တီးလိုက်တဲ့ ယုန်လေး ရဲ့”ငါတို့အားလုံးရဲ့မြေ” သီချင်း…

165

ယုန်လေးကတော့ အဆိုတော်တစ်ယောက် အနေနဲ့ အနုပညာလောကထဲ စတင်ဝင်ရောက်လာသူဖြစ်ပေမယ့် နောက်ပိုင်းမှာ သရုပ်ဆောင်၊ ဒါရိုက်တာအနေနဲ့ ပါဇာတ်ကားပေါင်းများစွာကို ပုံဖော်ရိုက်ကူးလာခဲ့သူပါ။ ကိုဗစ်ကာလ ရိုက်ကူးရေးတွေရပ်နားထားစဉ်မှာတော့ သီချင်းတွေဘက်ပြန်လှည့်ကာ သီချင်းကောင်းတွေ ပြန်လည်ဖန်တီးရင်း ပရိသတ်ကို ဆက်တိုက် ချပြနေသူပါ…

ဒီနေ့မှာတော့ သူနောက်ဆုံး ဖန်တီးထားတဲ့ ငါတို့အားလုံးရဲ့မြေ (စည်းလုံးသင့်ပြီ မြန်မာပြည်) ဆိုတဲ့သီချင်းလေးကို ချပြခဲ့ပါတယ်။ ဒီသီချင်းလေးကိုတော့ ယုန်လေးနဲ့အတူ အဆိုတော်၊ သရုပ်ဆောင် အယောက်(၇၀) က သီဆိုပုံဖော်ထားပါတယ်။

မြန်မာပြည်သားတွေအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်မနေကြဘဲ ကမ္ဘာ့ အလယ်မှာ မြန်မာရယ်လို့ ရဲရဲဝံ့ဝံ့ရပ်တည်နိုင်အောင် စည်းလုံးဖို့အချိန်တန်ပြီဆိုတဲ့အကြောင်း သီချင်းလေးဖန်တီးထားရုံသာမက သီချင်းဗွီဒီယိုလေးကိုလည်း ယုန်လေးကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး အမိုက်စားပုံဖော်ထားပါတယ်…

အဆိုတော်ပေါင်းများစွာ သီဆိုထားတဲ့ ဒီသီချင်းလေးကတော့ နားထောင်လိုက်ရုံနဲ့ ကြက်သီးထစေမှာ အမှန်ပါ။ အားလုံးရဲ့ ဦးခေါင်းထပ်အလံက ဝါ၊စိမ်း၊နီ အလယ်မှာကြယ် ဆိုတဲ့အတိုင်းပဲ မြန်မာနိုင်ငံသားတစ်ယောက်မှာ တကယ်ရှိသင့်တဲ့စိတ်ကို သီချင်းလေးနဲ့ ဖန်တီးပုံဖော်ထားတဲ့ ယုန်လေးရဲ့သီချင်း သစ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…

Leave A Reply

Your email address will not be published.

error: Content is protected !!