ဥပုသ်နေ့ ရုရှားတောင်ကို လာရောက်လည်ပတ်သူတွေနဲ့ စည်ကား၊ ယာဥ်ကြော ပိတ်ဆို့မှုဖြစ်…
ဇူလိုင်လလယ်ကနေ စတင်ပြီးတော့ လူသိများလာတဲ့ ရုရှားတောင်ခေါ် ဘော်တွင်းတောင်ဆီကို ဒီနေ့ ဥပုသ်နေ့မှာ လာရောက်လည်ပတ်သူတွေနဲ့ စည်ကားနေပါတယ်။ဒီနေ့မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒေသခံတွေ အများစု လာရောက် လည်ပတ်ကြပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ရှမ်းပြည်နယ်တောင်ပိုင်းထဲက ဒေသခံတစ်ချို့လည်း လာရောက် လည်ပတ်ခဲ့ပါတယ်။


ရုရှားတောင်ဟာ နမ္မတူမြို့နယ်ထဲက ဘော်တွင်းတောင်လို့ သိကြပြီး နမ္မတူကနေ ကား၊ ဆိုင်ကယ်နဲ့ ၁ နာရီခန့် သွားရပါတယ်။လာရောက်လည်ပတ်သူတွေ များပြားတာကြောင့် ယာဥ်ပိတ်ဆို့မှုတွေဖြစ်ပြီး ရဲတစ်ချို့က ယာဥ်ကြောတွေ လာရောက်ရှင်းပေးနေရပါတယ်။ဒါ့အပြင် လာရောက်လည်ပတ်သူတွေ အများစုဟာ ရုရှားတောင်ပေါ်မှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ထားတာကိုလည်း တွေ့ခဲ့ရပါတယ်။